ShweZin
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ShweZin, Business consultant, Yangon.
19/08/2020
‼️ဂန္တဝင် Trader/ Trend Follower ကြီး Ed Seykota မှာခဲ့သော Trading အတွက် Rules များ ‼️
Ed Seykota ဟာ Trader တစ်ယောက်အတွက် အရေးအကြီးဆုံး လိုက်နာရမယ့် Rules (၆) ချက်ကို " The Essentials " ဆိုပြီးမှာကြားထားပေးခဲ့ပါတယ်။
သူဟာ ဒီ " The Essentials " (၆) ချက်ကို ဘယ်လောက်အလေးထားသလဲ ဆိုရင် သူရေးစပ်သီဆိုခဲ့တဲ့ " The Whipsaw Song " သီချင်းမှာကို ဒီ (၆) ချက်ကို ထည့်သွင်းသီဆိုခဲ့ပါသေးတယ်။
Ed Seykota မှာကြားခဲ့တဲ့ Trader တိုင်းလိုက်နာရမယ့် အချက် (၆) ချက်ကတော့ ...
✅1️⃣ Ride your winners !
ဘယ်လောက်တော်တဲ့ trader ပဲ ဖြစ်ဖြစ် အမြဲတမ်းဘယ်သူမှ မနိုင်ပါဘူး။ အနိုင်အရှုံး ဒွန်တွဲဖြတ်သန်းနေရတာပါပဲ။
အဓိက အရေးကြီးတာက ဘယ်နေရာမှာ Final TP ယူမလဲဆိုတဲ့ Exit Strategy ဟာ အလွန်ကို အရေးကြီးပါတယ်။
Final TP ကို technical အရ ကျွမ်းကျင်စွာ သတ်မှတ်ချက်တစ်ခုနဲ့ ထားထားနိုင်မှ နောက်ကနေ trailing stop နဲ့ trend follow လုပ်နိုင်မှာ ဖြစ်ပါတယ်။
မဟုတ်ရင် အခုဝင်လိုက်/ အခုထွက်လိုက်နဲ့ ကိုယ် trade လိုက်တဲ့ direction မှန်နေချိန်မှာ ရသင့်သလောက် မရရင် ရေရှည်မှာ နစ်နာပါတယ်။
✅2️⃣ Cut your losses !
ကိုယ် trade လုပ်ထားတာက ကိုယ့် direction အတိုင်းမလာဘဲ stoploss ဘက်ကိုသွားပြီဆိုရင် ရဲရဲဝံ့ဝံ့ အဲဒီ stoploss ကို အထိခံပါ။
Stoploss အထိခံတယ်ဆိုတာ ကြီးမားတဲ့ ဆိုးရွားတဲ့အရှုံးဖြစ်မလာအောင် သေးငယ်တဲ့အချိန်မှာ အပြတ်ဖြတ်ထုတ်ထားတာပဲ ဖြစ်ပါတယ်။
✅3️⃣ Manage your risk !
Risk & Reward Management ဟာ Forex Trading မှာ အရေးအကြီးဆုံးပါပဲ။ Risk & Reward ကို ပိုင်နိုင်ရင် Forex Trading မှာ အောင်မြင်ဖို့ အလားအလာ အများကြီးကောင်းပါလိမ့်မယ်။
ဒါကို မလိုဘူးလို့ သတ်မှတ်လိုက်သူဟာ ကြီးမားတဲ့ဆုံးရှုံးမှုဆီသို့ ခြေတစ်လှမ်း စလှမ်းလိုက်တာပါပဲ။
✅4️⃣ Use Stops !
Trade Management ပညာရပ်ဟာလည်း အရေးကြီးပါတယ်။
Initial Stoploss, Breakeven, Trailing စတဲ့ stoploss အရွှေ့အပြောင်းတွေကို ကျွမ်းကျင်စွာ လုပ်တတ်ရပါမယ်။
✅5️⃣Stick to the System !
Trader တိုင်းရဲ့ ပြဿနာဟာ သူတို့ အများကြီးလုပ်လို့ ရတယ်လို့ ယုံကြည်နေတာပဲ ဖြစ်ပါတယ်။
တကယ်က ကိုယ်နဲ့တကယ်ကိုက်ညီတဲ့ Trading System တစ်ခု ချမှတ်ပြီးရင် အဲဒါကို အကြိမ်ကြိမ်စမ်းသပ်ပြီး အမြဲတမ်း တစိုက်မတ်မတ်သုံးရပါလိမ့်မယ်။
အသစ် အသစ် တွေကို ထပ်စမ်းတယ်ဆိုတာ အဲဒီ trader ဟာ ဘယ်မှာမှ မရှိတဲ့ Holy Grail လို့ခေါ်တဲ့ မရှုံးဆေး ကို ရှာနေတာပဲ ဖြစ်ပါတယ်။
✅6️⃣ File the news !
သတင်းတွေ data တွေဟာ တကယ်တော့ Market မှာ လိုအပ်တဲ့ supply တွေ၊ demand တွေ ဝင်လာအောင် speculate လုပ်ဖို့သက်သက်ပါပဲ။
ဘယ်နေ့မှာ Big Event ဘာရှိလဲဆိုတာလောက် သိရင်ရပါပြီ။ news တွေကို ခေါင်းထဲကလုံးဝ ထုတ်ထားလိုက်ပါ။
ကိုယ့် trading system အတိုင်း market analysis ကိုသာ အာရုံစူးစိုက်ပြီးလုပ်ပါ။
Crd;မျိုးအိမ်ဇန်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11111