Ed Theory

Ed Theory

Share

We aim to provide quality education for youths who can't afford financially. Moreover we'll be sharing some useful informations & knowledges.

07/03/2025

စွန့်ဦးတီထွင်ခြင်းဆိုတာက ဆန်းသစ်တီထွင်မှုတွေကို ဖန်တီးခြင်းဖြစ်ပြီး လူမှုပတ်ဝန်းကျင်ကို အလုပ်အကိုင် အခွင့်အလမ်းတွေ ကြွယ်ဝချမ်းသာမှုတွေ ဖန်တီးပေးနိုင်စွမ်းရှိတဲ့အတွက် တိုင်းပြည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ်မှာ ပါဝင်ပါတယ်။ နိုင်ငံအသီးသီးမှာ စွန့်ဦးတီထွင်မှုဆိုင်ရာမူဝါဒများကို မြှင့်တင်ထိန်းသိမ်းလာကြသည်သာမက အမျိုးသမီး စွန့်ဦးတီထွင်မှု နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို အရှိန်အဟုန် မြှင့်တင်ပေးလာကြပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)က အမျိုးသမီး စွန့်ဦးတီထွင်မှုဖွံ့ဖြိုးရေး (WED) ကို ၂၀၀၃ ခုနှစ်မှာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အမျိုးသားအဆင့် လေ့လာစမ်းစစ်မှုများကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၃၀)တွင် အကောင်အထည်ဖော်‌ဆောင်ရွက်ခဲ့ပါတယ်။

အိမ်ထောင်စုနဲ့ မိသားစု တာဝန်ဝတ္တရားများကြောင့် အချိန်အားလပ်မှုမရှိခြင်းများ၊ မိသားစု၏ ပိတ်ပင်ဟန့်တားမှုများ၊ ကန့်သတ်ချက်များ၊ ယေဘူယျအားဖြင့် အမျိုးသမီးများကို စွန့်ဦး တီထွင်သူများနှင့် စီးပွားရေးခေါင်းဆောင်များအနေဖြင့် လေးစားတန်ဖိုးထားမှု ကင်းမဲ့ခြင်းများ၊ အမျိုးသားများ လွှမ်းမိုးကြီးစိုး ထားသည့်ကဏ္ဍများတွင် အမျိုးသမီး စွန့်ဦးတီထွင်သူများအတွက် ရင်းနှီးနွေးထွေးသောပတ်ဝန်းကျင် ကင်းမဲ့နေခြင်းများ စတဲ့အချက်တွေဟာ အမျိုးသမီးများအဖို့ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်လာနိုင်ရန် ရင်ဆိုင်ကျော်လွှားရမဲ့ ကြီးမားခက်ခဲတဲ့ စိန်ခေါ်မှုတွေပဲ ဖြစ်ပါတယ်။

များပြားလှတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြတ်ကျော်ရင်း မြန်မာနိုင်ငံမှာလည်း စွန့်ဦးတီထွင်သူ၊ ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်လုပ်ကိုင်သူ အမျိုးသမီးတွေဟာ များစွာထွက်ပေါ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းရာခိုင်နှုန်းကိုဖော်ပြတဲ့ တရားဝင်သတင်း အချက်အလက်အရင်းအမြစ်ဟာ ယခုအချိန်ထိ မရှိသေးပေမဲ့လည်း အလုပ်လုပ်နေကြတဲ့ အမျိုးသမီး များရဲ့ (၃၇.၇%) ဟာ ကိုယ်ပိုင်အလုပ်ကို ဦးစီးလုပ်ကိုင်ဆောင်ရွက်နေတာဖြစ်တယ်လို့ တွေ့ရှိရ ပါတယ်။

မတ်လ၊ (၈)ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women’s Day)ပဲ ဖြစ်ပါတယ်။ ထိုနေ့လေးကို အလေးအနက်ပြုသောအနေဖြင့် စွန့်ဦးတီထွင်သူ မြန်မာအမျိုးသမီး များစွာအတွက်
ရိုးရှင်း စမတ်ကျ ခေတ်မီဆန်းသစ်ပြီး မြန်မာမိန်းမပျိုလေးတွေရဲ့ နှလုံးသားကို ဆွဲဆောင် ထားနိုင်စွမ်းတဲ့ မြန်မာအမျိုးသမီးဝတ် ဝတ်စုံတွေကို ဖန်တီးပုံဖော်နေတဲ့ Papillon Local Clothing Brand ရဲ့ပဲ့ကိုင်ရှင် လူငယ်စွန့်ဦးတီထွင်သူ Nang Honey Myint နဲ့

သဘာဝဆိုးဆေးကိုအသုံးပြုထားရှိတဲ့ မြန်မာ့ရိုးရာ လက်ယက်ကန်းထည်တွေကို စံချိန်စံနှုန်း ပြည့်မီစွာ တီထွင်ပုံဖော်လျက်ရှိတဲ့ Sunflower Natural Dye Textiles & Weaving Studio ရဲ့
Founder ၊ Myanmar Clothes Co.,Ltd in Japan နှင့် သူမလက်ရာ တို့မှာ Co-founder တစ်ဦး အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူ အမျိုးသမီး စွန့်ဦးတီထွင်ပညာရှင် Daw Phyu Ei Thein
တို့ကို ဖိတ်ခေါ်ပြီး Knowledge Sharing Panel Discussion ကို (8-3-2025) ရက်နေ့ (7:30 PM-9:30 PM) အတွင်း ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

Registration ဖြည့်သွင်းရန်
https://docs.google.com/forms/d/1dMeKcSLQnFn8dZ9UKRjnMqe2OM8STPt5fEJNsaeFUbU/edit

ယခု Panel Discussion မှာဆိုရင်
Papillon Local Clothing Brand ရဲ့ပဲ့ကိုင်ရှင် Nang Honey Myint နဲ့ Sunflower Natural Dye Textiles & Weaving Studio ရဲ့ Founder Daw Phyu Ei Thein တို့မှ သူမတို့ တီထွင်ပုံဖော်ဖန်တီးထားတဲ့ Product ရဲ့ အကြောင်းအရာတွေ၊ သူမဖြတ်သန်းခဲ့ရတဲ့ Business Journey အကြောင်းတွေ၊ စွန့်ဦးတီထွင်သူ အမျိုးသမီးတစ်ဦးရဲ့ Vision, Mission တွေကို Knowledge Sharing ပြုလုပ်ဆွေးနွေးပေးသွားမှာဖြစ်တဲ့အတွက် BFYers လေးတို့အနေနဲ့ ဗဟုသုတ များစွာရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်ဖို့ စိတ်ပါဝင်စားသူတွေ၊ Local Brand တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လိုသူတွေ၊ လူငယ်အမျိုးသမီးလုပ်ငန်းရှင်တွေ၊ အားလုံး အားလုံး သော BFYers လေးတို့အနေနဲ့ Business ဆိုင်ရာ ဗဟုသုတများစွာရရှိနိုင်ဖို့အတွက် webinar လေးကို join ခဲ့ကြဖို့ Better for Youths အဖွဲ့သားများက ရင်းနှီးနွေးထွေးစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ်။

Webinar’s Date & Time
🗓️8-3-2025
⏰7:30 PM-9:30 PM (Rangoon time )
📌Zoom Platform

’sDay


Honey Myint
Local Clothing Brand
Phyu Ei Thein
Natural Dye Textiles & Weaving Studio

20/02/2025

Ed Theory မှ “54နာရီ (၃ရက်)ကြာ” ပါဝင်ယှဉ်ပြိုင်ရမယ့် စွန့်ဦးတီထွင်မှုအသားပေး ပွဲတစ်ခုဖြစ်သည့် Startup Weekend Mandalay 2025 အတွက် Community Partner အဖြစ် ဂုဏ်ယူစွာ ပူးပေါင်းပါဝင်ထားကြောင်း ကြေညာအပ်ပါသည်။

Startup Weekend ဆိုတာကတော့ Global Startup Accelerator & Venture Capital Firm တစ်ခုဖြစ်တဲ့ Techstars Organization ကနေ ဆင်းသက်လာတဲ့ စွန့်ဦးတီထွင်မှုအသားပေး ပွဲတစ်ခုပဲဖြစ်ပါတယ်။

▫️Startup တစ်ခုစတင်ဖို့ Idea ရှိပြီး ဘယ်လို Reality ကိုယူဆောင်လာရမလဲ မသိဖြစ်နေတဲ့လူငယ်တွေအတွက်

Industry အသီးသီးမှာ အတွေ့အကြုံရှိပြီးသား mentors တွေဆီကနေ ကိုယ့်ရဲ့ business model တစ်ခုကို ဘယ်လိုပိုကောင်းအောင်၊ ဘယ်လိုနောက်တစ်ဆင့်ကိုရောက်အောင် မြှင့်တင်ဖန်တီးရမလဲ ဆိုတဲ့နည်းလမ်းတွေ၊ အကြံဥာဏ်တွေကို ရယူနိုင်မယ့်နေရာတစ်ခုဆိုလည်း မမှားပါဘူး။

▫️Startup Weekend ပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင်တွေဟာ သတ်မှတ်ထားတဲ့ Theme ကိုလိုက်ပြီး ကိုယ့် Idea နဲ့တကွ အသီးအသီးပါဝင်ယှဥ်ပြိုင်ကြရပါတယ်။
[ SWMDY 2025 ရဲ့ Theme ကတော့ Social Innovation and Scalability ဖြစ်ပါတယ်။ ]

စွန့်ဦးတီထွင်မှုကို စိတ်အားထက်သန်ကြတဲ့ လူငယ် တွေအတွက် မကြာခင် Feb 21,22, 23 ရက် နေ့ တွေမှာ ကျင်းပ တော့မယ့် Startup Weekend Mandalay 2025 ရဲ့လျှောက်လွှာတွေကိုလည်း စတင်ဖွင့်လှစ်ထားပါပြီ။

Registration Form Link for Participants and Observer🔔
https://forms.gle/dy21d6qCKW9YSJyK9

အားလုံးနဲ့အတူတူ ပါဝင် လေ့လာရင်း Startup ရည်မှန်းချက်တွေကိုစတင်အကောင်အထည်ဖော်နိုင်ဖိုအတွက် ဖိတ်ခေါ်လိုက်ပါတယ်။‼️🚀

SWMDY information တွေနဲ့ပတ်သက်ပြီး မရှင်းလင်းတာမျိုးတစ်စုံတစ်ရာရှိခဲ့ရင် Startup Weekend MDY page ကိုလာ ရောက် မေးမြန်းနိုင်သလို telegram channel ကို join ပြီး update တွေကို အချိန်မရွေးကြည့်ရှူနိုင်ပါတယ်။
https://t.me/StartupWeekendMandalay

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon