MMPK Automobile

MMPK Automobile

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MMPK Automobile, Car dealership, Yangon.

Photos from MMPK Automobile 's post 09/04/2023

အကြောင်း တစေ့တစောင်း

မြန်မာပြည်မှာတော့ လူကြိုက်များတဲ့ ကားလေးပါပဲ။MPV အမျိုးအစား ကိုယ်လုံးကိုယ်ထည် မကြီးပေမဲ့ အတွင်းလူဝင်ဆံ့ပုံက အံ့မခန်းပါပဲ။

၂၀၀၃ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ဂျပန်မှာ အရောင်းရဆုံး နံပါတ် ၁ ကနေ ၅ အတွင်းမှာ အချိန်အကြာဆုံး ရှိခဲ့ပါတယ်။ယခုဆိုရင် second generation တောင်ရောက်ရှိလာပါပြီ။First generation ကတော့ 2003 to 2008 ဖြစ်ပြီး Second generation ကတော့ 2009 to present ဖြစ်ပါတယ်။ Wish အကြောင်းကတော့ လူတော်တော်များများလည်း သိပြီးသားဆိုတော့ ဒီမှာ grade နဲ့ အင်ဂျင်အကြောင်းကို ပိုအသားပေးပြီး ပြောပေးပါ့မယ်။

First Generation

သူက မြန်မာပြည်မှာ တော်တော်များများတွေ့နေရပါပြီ။ အင်ဂျင်မှာတော့ ၁.၈လီတာကို 1ZZ-FE နဲ့ထုတ်လုပ်ပြီး ၂.ဝလီတာကိုတော့ 1AZ. FSE နဲ့ထုတ်လုပ်ကာ ဂီယာလေးချက် အော်တိုဂီယာစနစ် ဂီယာခုနစ်ချက် Super CVT-i စနစ်များနဲ့ ထုတ်လုပ်ပါတယ်။ ဘီးနှစ်ဖက်အကျယ် 2750mm (108.3 inch) အရှည် 4560mm(179.5 inch) အ ကျယ်1695mm(66.7inch) အမြင့် 1590mm (62.6 inch) အသီးသီးရှိပါတယ်။ ဦးဆောင်ထုတ်လုပ်ခဲ့တဲ့အင်ဂျင်နီယာကတော့ Mr.Takesh Yoshidea ဖြစ်ပြီွးှWish ရဲ့ပထမ Generation ကို Tokyo Motor Show မှာ 2002 October မှာစတင်မိတ်ဆက်ခဲ့ပြီး ဂျပန်ဈေးကွက်မှာတော့ ၂ဝဝ၃ ခုနှစ် January မှာစတင်ရောင်းချပေးခဲ့ပါတယ်။ ရှေ့ဘီးယက် 2wheels drive ကိုတော့ Codename ZNE 10G နဲ့ ထုတ်လုပ်ပြီး 4 wheels drive ကို ZNE 14G နဲ့ ထုတ်လုပ်ထားပါတယ်။

Grade တွေကတော့…

၁.၈ လီတာ အင်ဂျင်တပ်ထား ရင် ၄ မျိုးလောက် တွေ့ရပါတယ်။ X / XE package / XS package / X areo sport ဆို ပြီးတော့ပါ။ဘောင်နံပါတ်ကတော့ ZNE10 နဲ့ စပါလိမ့်မယ်။နောက်တစ်ခုက 2WD နဲ့ 4WD ပါ။ ရှေ့ယက်စနစ်မှာ ဘာမှ မပြောပေမဲ့ လေးဘီးလုံးမောင်းရင်တော့ 4WD ဆိုတာလေး ပါပါတယ်။ ဘောင်နံပါတ်က ZNE14 ဖြစ်ပါလိမ့်မယ်။ မြန်မာတွေအကြိုက်ကတော့ 2WD ပါ။ ဆီစားနှုန်းသက်သာလို့ပါ။၂.၀ လီတာ မှာတော့ နှစ်မျိုး အဓိက တွေ့ရပါတယ်။ G grade နဲ့ Z grade ပါ။ Z က ပိုမြင့်ပါတယ်။ ဘောင်နံပါတ်ကတော့ ANE10 / ANE11 စသဖြင့် ရှိပါတယ်။ NEO edition ဆိုတဲ့ တစ်မျိုးလည်း တွေ့ဖူးပါတယ်။ G နဲ့ X မော်ဒယ်တွေမှာပါ။

2003 model အင်ဂျင် 1.8L/ZZFE အင်ဂျင်မှာ မြင်းကောင်ရေ 170mm (125lb/ft) four-wheel speed automatic ဖြစ်ပြီး 2.0L မှာတော့ ခြောက်ယောက်စီးအတွက် Codename ANE 11W နဲ့ ခုနစ်ယောက်စီးအတွက် ANE 10G version မျိုးကွဲနှစ်မျိုးကွဲပါသေးတယ်။ 2.0L မှာတော့ IAZ FSE Direct injection ဖြစ်ပြီး မြင်းကောင်ရေ ၁၅၅ကောင် (114 kw)ရုန်းအား 192Nm(142lb/ft) ရှိပါတယ်။ မျိုးကွဲအနေနဲ့ 2.0 D4 အင်ဂျင်များကို CVT ဂီယာဘောက်များနဲ့ တွဲဖက်ထုတ်လုပ်ပါသေးတယ်။ Wish ဟာဈေးကွက်အတွင်း အချိန်တိုကာလမှာပဲ Top 5 စာရင်းဝင်တဲ့အထိ အောင်မြင်ခဲ့ပြီး ပြိုင်ဘက်များကတော့ Honda Stream, Mazda Premacy နဲ့ Mazada 5 တို့ဖြင့်ပြီး Thailand market မှာတော့ ၂ဝဝ၃နှစ်ကုန်ပိုင်းမှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ထိုင်းဈေးကွက်ထုတ် Wish မှာတော့ အင်ဂျင် 1AZ FE, wheel 17inch size, No privacy glass, Leather upholstery standard, 2 WD wheel drive, စတာတွေနဲ့ကန့်သတ်ထုတ်လုပ်ပြီး ၂ဝဝ၄ ခုနှစ် နိုဝင်ဘာမှာထုတ်လုပ်ခဲ့ တဲ့Taiwan Market မှာတော့ D4 Technology အင်ဂျင်အဆင့်မြှင့်ထားတဲ့LED နောက်မီး၊ Body color, packing censor စနစ် dual moonroof, leather seat တွေနဲ့ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်

၂ဝဝ၅ခုနှစ်မှာတော့ Wish ရဲ့အောင်မြင်မှုအရှိန်ဟာ ဈေးကွက်မှာပိုမိုမြင့်မားလာတာကြောင့် အနည်းငယ်အ ဆင့်မြှင့်တင်ထားတဲ့ Wish ကိုထုတ်လုပ်ခဲ့ပါတယ်။ Headlight Bumpass LED taillight နဲ့ Dashboard တွေကို အဆင့်မြှင့်တင်ခဲ့တာကြောင့် ဆီသုံးစွဲမှုကိုထိထိရောက်ရောက်လျှော့ချနိုင်ခဲ့ပါတယ်။ 2005 model မှာ Wish ရဲ့ ‘W’ သင်္ကေတအစုံကို အနည်းငယ်ပြောင်းလဲခဲ့ပြီး Electronic throttle control စနစ်ကိုလည်း ပြောင်း လဲတပ်ဆင်ပေးခဲ့ပါတယ်။2007 mode မှာ တော့ G-Book ခေါ်တဲ့Telematics service ကိုဂျပန်မှာတပ်ဆင် ရောင်းချတဲ့ကားတွေမှာ ထည့်သွင်းပေးခဲ့ပါတယ်။2008 Wish model မှာတော့ စင်ကာပူဈေးကွက်မှာ အများအပြားတင်သွင်းခဲ့ပြီးကားရဲ့ Bodykit ငါးမျိုး နောက် LED break မီး၊ နောက်ကင်မရာ၊ ဘက်မှန်အချက်ပြမီး Flluminated Scuff plate, window muffler cutter စတဲ့ အဆင့်မြှင့်တင်မှုတွေပြုလုပ်ခဲ့ပါတယ်။

2015 Wish model

Wish ဒုတိယမျိုးဆက်(၂ဝဝ၉)ရဲ့ 2015 model မှာတော့ အတွင်းအပြင်ပိုင်းတွေမှာ ပိုမိုကောင်းမွန်တဲ့အဆင့် မြှင့်တင်မှုတွေပြုလုပ်ခဲ့ပြီး ခရီးသည်ရှစ်ဦးအထိ တင်ဆောင်လာနိုင်တော့မှာဖြစ်ပါတယ်။ ပိုမိုသက်သောင့်သက်သာ ဖြစ်စေမယ့်ထိုင်ခုံတွေ၊ ဝန်စည်စလယ်တွေတင်နိုင်မယ့်ကျယ်ဝန်းတဲ့ Luggage space ၊ အဆင့်မြင့်လေအေးပေးစနစ် နဲ့သတင်းအချက်အလက်ပေးစနစ်များ၊ ဖျော်ဖြေရေးစနစ်နဲ့ DVD sound စနစ်တွေအဆင့်မြှင့်တင်ပေးခဲ့ပါတယ်။

Dynamic stability control, Airbag ရှစ်လုံးဆီစားနှုန်းဓာတ်ဆီတစ်လီတာ ၁၆ကီလိုမီတာဖြစ်ပြီး 1800 CC ကို (Chassis ZGE 20G ၊ 2000 CCကို ZGE 22W 4WD) တွေကိုတော့ ZGE25 W နဲ့ထုတ်လုပ်ထားပါတယ်။ မြန်မာပြည်မှာလူကြိုက်များတဲ့ Grade တွေကတော့ ZGE 20 CX, S ဂရိတ် ZGE 22, Z Grade) များပဲဖြစ်ပါ တယ်။ ZGE 20 မှာတော့ ဂရိတ်ခွဲ X, A, S ဆိုပြီးခွဲပါသေးတယ်။ X ဂရိတ်ကတော့ ရှေ့ Shell မှာနီကယ်မဖြစ် Bumper Spoiler မပါတာ Fog Light မီးမပါတာ Push start မဖြစ်တာတွေရှိပါတယ်။ S Grade မှာတော့ရှေ့ Shell နီကယ်၊ Bumper Spoilers, Fog Light မီးပါပြီး Xenon headlight, Gear Daddle Shift 16” အလွိုင်း Push Start ဖြစ်ပါပြီ။ အမြင့်ဆုံးဂရိတ် Z မှာတော့ အင်ဂျင်ပါဝါ 2.0 L ZGE 22 နဲ့ထုတ်လုပ်ပြီး Overfender, 17” Original allay, Fog Light, Xenon Headlight, Push start, Cruise Control, Steptronic ဂီယာခုနစ် ချက်အပြင် Sport/Eco mode ခရီးသည်ခြောက်ဦးစီလျှောက်လမ်းပါပါတယ်။



သူကတော့ ၁.၈ လီတာ အင်ဂျင်တပ်ရင် grade 2 မျိုးလာပါတယ်။ S and X Grade တွေပါ။ ၂.၀ လီတာဆိုရင် နှစ်မျိုးလာပါတယ။ G and Z Grade ပါ။ ဘောင်နံပါတ်တွေက S and X – ZGE20 / ZGE25 (4WD)၊ G – ZGE21 ၊ Z – ZGE22 တို့ဖြစ်ကြပါတယ်။ များသောအားဖြင့် ၁.၈ လီတာတွေမှာ ဂီယာ ၄ ချက် အော်တို Transmission ဖြစ်ပြီးတော့ ၂.၀ လီတာ အင်ဂျင်တွေမှာ CVT ဆိုတာကို သုံးပါတယ်။First generation မှာတပ်ဆင်တဲ့ အင်ဂျင်တွေကတော့ 1.8 L 1ZZ-FE , I4 , DOHC 16 Valve , 2.0 L 1AZ-FSE , I4 , VVT-i 16 valve တို့ဖြစ်ကြပါတယ်။

Second generation မှာတပ်ဆင်တဲ့ အင်ဂျင်တွေကတော့ 1.8 L 2ZR-FAE , I4 Dual VVT-i , 2.0 L 3ZR-FAE , I4 Valve Matic တို့တပ်ဆင်ထားပါတယ်။ Engine ရဲ့ စွမ်းအားတွေ ကွာသွားပါတယ်။ ဆီစားနှုန်းတွေလဲ ကွာသွားပါတယ်။ နောက်ပြီး ဂျပန်တွေ ကိုယ်တိုင် 4WD ကို မကြိုက်တာတွေ့ရပါတယ်။ ၂၀၀၅ လောက်ကစပြီး 4WD မော်ဒယ် အတွေ့ရနည်းသွားပါတယ်။

#မူရင်းရေးသားသူဆရာအားလေးစားလျက်

02/04/2023

Toyota Probox /Succeed အကြောင်း

ခိုင်းမှာဆို Probox သာဝယ်
ယနေ့ တော်တော်များများ ပြောကြသော
ကားလောက အသံများ။
ပရိုဘောက်က ဘာကြောင့် စွတ်ခိုင်းလို့
ကောင်းနေရတာတုန်း, အများစု Probox ကို ရွေးဝယ်နေကြတာလဲ စသဖြင့် လေ့လာမိပါတော့တယ်။
အများစု အသိထပ်နေကြတာက Probox နဲ့ succeed အတူတူ ပဲ လို့ ထင်မြင်နေကြတာပါ။
ရုပ်ချင်း ဆင်တယ်ဆိုရင် ပိုမှန်မလား , အတွင်းပစ္စည်းကျတော့ရော တူနေပြန်ရော ,
ဒါပေမဲ့ နောက်မီးခွက် ကျတော့ ကွဲပြန်ရော ,
အဲ ရှေ့ မီးခွက်ကျ တူပြန်ရော။
ဘာတွေ မှန်းမသိ တော့ဘူး မောင်းကောင်းရင် ပြီးရော ကွာဆိုပြီး အလွယ်သာရွေးလိုက်ရပါလေရော။

Probox

First generation လို့ ခေါ်တဲ့ ပရိုဘောက်ကို ၂၀၀၂ မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။
Commercial compact car အမျိုးအစား
တံခါး ၅ ပေါက် နဲ့ ရှေ့ယက် သို့ 4WD နှစ်မျိုး
ထုတ်ပါတယ်။အင်ဂျင်ကတော့ ၂ မျိုးထုတ်ပါတယ် 1.3 L နဲ့ 1.5 L တွေပါ။

1.3 L 2NZ-FE I4
1.5 L 1NZ-FE I4 တွေတပ်ဆင် ထုတ်လုပ်ပါတယ်။
1.3 L အင်ဂျင်တပ် ပရိုဘောက်မှာ
chassis အနေနဲ့ UA-NCP50 လို့ ထွက်ပြီး
1.5 L အင်ဂျင်တပ်ရင်တော့ UA-NCP58G / NCP55 / NCP51လို့ ထွက်ပါတယ်
( 4WD ဆိုရင် NCP59G )။

ဘာဂရိတ်မှ မဖေါ်ပြတဲ့ ကတုံး ဆိုရင်တော့
NCP50 နဲ့ ထွက်လေ့ရှိပြီး မှန်လက်လှည့်/ မှန်ချိုး မပါ/ ဘက်မှန်အသေး နဲ့ လာလေ့ရှိပါတယ်
( DX လို့လည်းတပ်တတ်ပါတယ်)။

DX grade အမှန်အကန် ဆိုရင်တော့
ဒရိုင်ဘာ မှန်တစ်ပေါက် ပါဝါ ဖြစ်သွားမယ်,
မှန်ချိန် ပါလာမယ်,
ဘက်မှန်အကြီး ဖြစ်လာမယ်,
radio FM ပါပါတယ်။

GL grade ကတော့
ရှေ့တံခါး ၂ ပေါက် ပါဝါ ဖြစ်သွားမယ်,
မှန်ချိုး မှန်ခေါက် ခလုပ်လေး ပါလာမယ်,
နောက်wiper ပါလာမယ်,
ကျန်တာကတော့ DX နဲ့ အားလုံးတူပါတယ်။

F grade မှာတော့ 1.3 အနေနဲ့ မလာတော့ပဲ
၁.၅ သာလာတာတွေ့ရပါတယ်။
မန်နူရယ် ဂီယာ ၅ ချက်နဲ့လည်း ထုတ်သလို
ကတုံးလည်း ထွက်ပါတယ်။
မှန်းရအခက်ဆုံး ဂရိတ် လို့တောင် ပြောချင်ပါတယ်။

F extra package မှာတော့
GL နဲ့ ဆင်တူ ပါတယ် ထူးခြားတာကတော့
နောက်ထိုင်ခုံ ခေါင်းမှီ ပါလာတာပါ။
F extra မှာ တံခါး ၄ ပေါက် ပါဝါနဲ့လည်း လာပါတယ်။

Succeed

Succeed မှာတော့ Probox ကို အဆင့်မြှင့်ထားတဲ့ လူစီး wagon အမျိုးအစား ဖြစ်သွားပါပြီ။ နောက်ဖုံးတံခါး , ရှေ့မီးခွက် , နောက်မီးခွက် နဲ့ အတွင်း ထိုင်ခုံတွေ မတူပါဘူး။

UL, ULX , TX, TXG ဆိုပြီး ဂရိတ် ၄ မျိုး လောက်တွေ့ရလေ့ရှိပြီး
chassis ကတော့ Probox နဲ့ သွားတူနေပါတယ်။ Succeed မှာကတော့
အင်ဂျင်ပါဝါ 1.5L 1NZ-FE I4 ဟာ
standard ပါပဲ( တခြား အင်ဂျင်မတပ်ပါ)။

UL ဂရိတ်မှာ က
အကွဲ ၂ မျိုးလောက်တွေ့ရပါတယ်။
ရှေ့ပါဝါ ၂ ပေါက် , မှန်ချိန် နဲ့ လာသလို ,
လက်လှည့်နဲ့လည်း လာပါတယ်။

ULX ကတော့
ရှေ့ပါဝါ ၂ ပေါက် သို့ ၄ ပေါက် ပါပြီး
ကျန်တာကတော့ အားလုံး နီးပါးပါဝင်ပါတယ်။

TX grade ကတော့
ပါဝါ ၂ ပေါက် နဲ့ ထူးခြားချက် အဖြစ် မှန်ချိုး
မပါဝင်ပါဘူး။

TXG ကတော့
အစုံဆုံး ဂရိတ်လို့သာ သတ်မှတ်ရမှာပါ။
ပါဝါ ၂ ပေါက် / ၄ ပေါက် , မှန်ချိုး, မှန်ချိန်, Alloy , back mirror heater စသဖြင့် တော်တော်စုံပါတယ်။

Succeed တိုင်း ရဲ့ ထူးခြားချက်
အနေနဲ့ကတော့
နောက်တုတ် ဂရိတ်တိုင်းမှာပါသလို /
ပါဝါ တစ်ပေါက် မရှိပါဘူး
( လက်လှည့် သို့ ၂ ပေါက် သို့ ၄ ပေါက်)။

Succeed မှာ ဒီဇယ် အင်ဂျင်တပ်
အမျိုးအစားလည်းထုတ်ပါတယ်

1.4L 1ND-TV I4 D4-D ဒီဇယ်အင်ဂျင်ကို
မန်နူရယ် ဂီယာ ၅ ချက်နဲ့ တွဲလာပါတယ်။
Probox ရဲ့ ဆီစားနှုန်း ကလည်း သက်သာလှပါတယ်။ ယနေ့ ရန်ကုန်မြို့လို့ ယာဉ်ကြောကျပ်တည်းတဲ့ နေရာမှာ Probox ရဲ့ ဆီစားနှုန်းဟာ တခြားသော ကားအမျိုးအစားတွေထက် သာလွန် သက်သာနေပါတယ်။

အောက်မှာ ပျှမ်းမျှ ဆီစားနှုန်းလေးတွေ
ယှဉ်ပြထားပါတယ်,

Probox 41.8 mpg
ADvan 39.9 mpg
Passo 44.8 mpg
Note 48.8 mpg
Fielder 42.8 mpg
Fit GD1 51.4 mpg
Fit GE6 52.3 mpg
Fit GP1 64.0 mpg ( hybrid)
Insight 64.2 mpg ( hybrid)

• 2014 July မှာတော့
ပုံပြောင်း Probox နဲ့ Succeed ကို စတင်ရောင်းချ ခဲ့ပါတယ်။ လက်ရှိ ဂျပန်မှာ ရောင်းချနေတဲ့ မော်ဒယ် ဖြစ်ပါတယ်။
F, GL, DX comfort , DX ဆိုပြီး ရောင်းချလျှက်ရှိပါတယ်,
chassis အနေနဲ့ကတော
့ NCP50 / 51/55/58/59 စသဖြင့် သုံးစွဲနေပါသေးတယ်။

F grade မှာ ကတော့
ပါဝါ ၄ ပေါက် , နောက်ထိုင်ခုံ ခေါင်းမှီ, စီယာရင် logo နီကယ်, ဘီးဖုံး , တံခါးလက်ကိုင် ကားအရောင်တူ, ဘက်မှန် ကားအရောင်တူ,
မှန်မည်း, remote key နဲ့ audio-less cover
တွေ ပါဝင်မှာပါ။

GL မှာတော့
ဘီးဖုံး မပါတော့ပါဘူး, ပါဝါ ရှေ့တံခါး ၂ ပေါက်ပဲ ပါမယ်, FM radio ပါလာမယ်, နောက်ခေါင်းမှီ
မပါတော့ဘူး, စီယာရင် logo ကတော့ နီကယ်
မပါတော့ပါဘူး။ ကျန်တာ အားလုံးကတော့
F grade အတိုင်းပါပဲ။

DX comfort မှာတော့
သံဂွေဘီးဖုံးမပါ, လက်ကိုင် နဲ့ နောက်တံခါး လက်ကိုင်, စီယာရင် လိုဂို အားလုံး အမည်းရောင် , ဘက်မှန် အမည်းရောင် ( အသေး) ဖြစ်သွားပြီး GL နဲ့ ကျန်တာ အားလုံးတူပါတယ်။
DX ကတော့ အနိမ့်ဆုံး ဂရိတ် ပါဝါ တစ်ပေါက် , ရိုးရိုးကီး , နဲ့ မှန်ချိုး မပါတော့ပါဘူး။

Dashboard မှာ
slide table, ABS , driver cup holder
စတာတွေကတော့ ကားအားလုံးမှာပါဝင်ပါတယ်။
1.3L နဲ့ 1.5L အင်ဂျင် ၂ မျိုး ကို
super CVT-i transmission
တပ်ဆင်ထုတ်လုပ်ပါတယ်။ 1.5L အင်ဂျင်မှာသာ 4WD model ကိုရနိုင်ပါတယ်။

ဆီစားနှုန်းကတော့
F & GL ( 1.5L, 2WD) - 18.2 km/L
F & GL ( 1.5L,4WD) - 15.8 km/L
DX ( 1.3L, 2WD) - 17.6 km/L
အသီးသီးရှိတယ်လို့ တိုယိုတာ ဂျပန် မှာ
ပြောထားပါတယ်။

Succeed အနေနဲ့ ထူးခြားသွားတာကတော့
ပုံပြောင်းချိန်မှာ လုံးဝ ပုံစံတူသွားတာပါပဲ။
ဂရိတ်လည်း ၄ မျိုး အတူတူ ထွက်ပါတယ်
TX, UL-X, UL နဲ့ U ပါ။
U = DX , UL= DX comfort, UL-X=GL, TX= F လို့ သတ်မှတ်လို့ ရပါတယ်။
တစ်ခုပါပဲ Succeed မှာ
1.5 L အင်ဂျင်နဲ့သာ ထုတ်ပါတယ်။
အရောင်အနေနဲ့ ၆ ရောင်ထိ ရရှိနိုင်ပြီး
အဖြူ 058, အနက် 209, အစိမ်းနု 6U6 , ငွေမှင် 1E7, ဇီး 3R9 နဲ့ နက်ပြာ 8P4 တို့ ဖြစ်ပါတယ်

မူရင်းရေးသားသူဆရာအား လေးစားလျက်

07/03/2023

HONDA FIT အကြောင်းသိကောင်းစရာ

Honda Fit ဟာ 2001 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ယခုဆိုရင် သက်တမ်းအားဖြင့် နှစ်(၂၀)တိုင်ခဲ့ပြီဖြစ်သလို Generation (၃) ဆက်အထိ ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်.။ ကမ္ဘာအနှံကို တင်ပို့ရောင်းချခဲ့တဲ့ Honda Fit ကားတွေဟာ Honda Jazz အနေနဲ့လဲ ဈေးကွက်တင်ခဲ့ပြီး နိုင်ငံ (၈) နိုင်ငံမှာ ရှိတဲ့ စက်ရုံ (၁ဝ) ရုံမှ ထုတ်လုပ်တာဖြစ်ပါတယ်.။ တံခါး (၅) ပေါက် Hatchback ကားအမျိုးအစားဖြစ်ပြီး ရှေ့အင်ဂျင်၊ ရှေ့ယက်အမျိုးအစား ကားတစ်စီးဖြစ်ပါတယ်.။

Honda ဟာ Fit Hybrid အမျိုးအစားကိုလဲ ထုတ်လုပ်ခဲ့ပြီး ဂျပန်နိုင်ငံမှာ 2010 နဲ့ ဥရောပမှာ 2011 ခုနှစ်မှာ ဈေးကွက်တင်ခဲ့ပါတယ်.။ Honda Fit EV လို့ခေါ်တဲ့ လျှပ်စစ်ကားတစ်မျိုးကိုလဲ အရေအတွက်အကန့်အသတ်နဲ့ ထုတ်လုပ်ခဲ့ဖူးပြီး အမေရိကန်နဲ့ ဂျပန်တို့မှာ 2012 ခုနှစ်မှာ ဈေးကွက်တင်ခဲ့ပါတယ်.။ အမည်နှစ်မျိုးအနက် "Jazz" ဆိုတဲ့အမည်ကို ဥရောပ၊ သမုဒ္ဒရာပိုင်းဒေသ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ သြစတေးလျနဲ့ အာရှအချို့ဒေသတွေမှာ အသုံးပြုခဲ့ပြီး "Fit" အမည်ကိုတော့ ဂျပန်၊ အမေရိကန်နဲ့ တရုတ်တို့မှာ အသုံးပြုခဲ့တာဖြစ်ပါတယ်.။ ကျွန်တော်တို့နိုင်ငံမှာတော့ ဂျပန်မှကားများကို အများဆုံးတင်သွင်းတဲ့အတွက် "Fit" အမည်နဲ့ ကားတွေပဲ တွေ့ရတာဖြစ်ပါတယ်.။

Honda Fit ရဲ့ Generation (၃) ဆက်အနက် 1stGeneration ကို 2001 မှ 2008 အထိ ထုတ်လုပ်ခဲ့ပါတယ်.။ ဂျပန်နိုင်ငံအတွက် ထုတ်လုပ်တဲ့ 1st Gen Honda Fit တွေဟာ 1.3 i-DSI နဲ့ 1.5 VTEC အင်ဂျင် အမျိုးအစား (၂) မျိုးနဲ့ ရရှိနိုင်ပါတယ်.။ ဒီကားတွေကို ဈေးကွက်မှာ chassis code GD1 ကို အစွဲပြုပြီး GD1 လို့ခေါ်ကြပါတယ်.။ GD1 တွေမှာ 4WD တွေ၊ ဂီယာ (၅) ချက် Manual တွေ အစရှိသဖြင့် အခွဲငယ်များ မျိုးစုံရှိပါတယ်.။ Original TV နဲ့ Navigation တွေကတော့ ထပ်တိုးပြီး ဝယ်လို့ရတဲ့ Optional တွေ ဖြစ်ပါတယ်.။

2nd Generaion Honda Fit တွေကိုတော့ 2007 မှာ စတင်ပြသခဲ့ပြီး Car of the Year Japan ဆု ရရှိခဲ့ပါတယ်.။ ဒီကားတွေကိုတော့ Chassis Code GE6 ကိုအစွဲပြုပြီး GE6 လို့ ခေါ်ကြပါတယ်.။ အင်ဂျင် (၂) မျိုးနဲ့ ရရှိနိုင်ပြီး 1.3 L အင်ဂျင်ဟာ မြင်းကောင်ရေ 98 ကောင်အား ထုတ်လုပ်ပေးနိုင်ပြီး 1.5 L အင်ဂျင်ကတော့ 117 ကောင်အားအထိ ရရှိနိုင်ပါတယ်.။ ဂီယာ (၅) ချက် Manual, ဂီယာ (၅) ချက် Auto (4WD) နဲ့ CVT Transmission တွေ ရရှိနိုင်ပါတယ်.။

GE6 ကို အကြမ်းအားဖြင့် Modification / Grade ခွဲချင်တယ်ဆို G, G F package, L package ဆိုပြီး (၃)မျိုးခွဲခြားလို့ ရပါတယ်.။ G Grade မှာ မှန်ကာလာမပါခြင်း၊ ဘေးမှန်မှာ မီးတန်းမပါခြင်း၊ မှန်ချိုးမှန်ခေါက် မရခြင်း စတဲ့အချက်တွေ ရှိပါတယ်.။ GF ကတော့ G ထက် အနည်းငယ် Grade ပိုမြင့်ပြီး G မှာ မပါဝင်တဲ့ အချက်တွေ ပါဝင်လာမှာဖြစ်ပါတယ်.။ အမြင့်ဆုံး L Package မှာတော့ Button Type နဲ့ Digital Aircon ဖြစ်ပါတယ်.။ GE6 ရဲ့ ၂ဝ၁ဝ ခုနှစ် ၁ဝ လပိုင်းနောက်ပိုင်း ထုတ်လုပ်တဲ့ကားတွေမှာ ရှေ့ဘန်ဘာနဲ့ နောက်မီးခွက်ဒီဇိုင်း ကွဲပြားသွားပါတယ်.။ ရှေ့ဘန်ဘာ ရုပ်ပြောင်းသွားပြီး နောက်မီးမှာလဲ အဖြူတစ်တန်းဖြစ်သွားပါတယ်.။

3rd Generation တွေကိုတော့ 2013 ကနေ ယနေ့အထိ ထုတ်လုပ်နေပါတယ်.။
Honda Fit မှာ အခြားမော်ဒယ်များအဖြစ် ပိုပြီးကြီးတဲ့ Fit Shuttle နဲ့ ဆီစားသက်သာတဲ့ Hybrid ကားတွေလဲ ရှိပါသေးတယ်။

ဒီလောက်ဆိုရင်တော့ HONDA FIT အကြောင်း တစေ့တစောင်းတော့ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။

မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ🙏

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon