QTEC Learning Hub

QTEC Learning Hub

Share

Education Service

Photos from QTEC Learning Hub's post 12/07/2026

RVi College မှ ကျင်းပပြုလုပ်သည့် "Scholarship Opportunity & Shaping the Future: AI, Cybersecurity & Emerging Technology" ဆွေးနွေးပွဲသို့ QTEC မှ GED Preparation Class ကျောင်းသား/ကျောင်းသူများနှင့်အတူ တက်ရောက်လေ့လာခဲ့ပါသည်။

ယခုကဲ့သို့သော ပညာရေးဆိုင်ရာဆွေးနွေးပွဲများကို တက်ရောက်ခြင်းဖြင့် ကျောင်းသား/ကျောင်းသူများသည် GED ပြီးဆုံးပြီးနောက် ဆက်လက်ရွေးချယ်နိုင်မည့် ပညာရေးလမ်းကြောင်းများ၊Scholarship အခွင့်အရေးများ၊ အနာဂတ်တွင် လိုအပ်လာမည့် AI, Cybersecurity နှင့် Emerging Technology နယ်ပယ်များအကြောင်းကို ပိုမိုနားလည်သိရှိနိုင်ခဲ့ကြပါသည်။

QTEC အနေဖြင့် စာမေးပွဲအောင်မြင်ရေးတစ်ခုတည်းကိုသာ မဟုတ်ဘဲ ကျောင်းသား/ကျောင်းသူများ၏ ပညာရေးလမ်းကြောင်းရွေးချယ်မှု၊ တက္ကသိုလ်ဆက်လက်တက်ရောက်ရေးနှင့် အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများ အတွက်ပါ လမ်းညွှန်ပံ့ပိုးပေးလျက်ရှိပါသည်။

💛 Education is not just about passing exams—it's about preparing for the future.

📲Phone - 09 755 963 199 , 09 783 539 697
🏠Address -No.82,Bothura Street, Kyeemyindaing Township,Yangon.

29/06/2026

❓ မိဘများအမေးအများဆုံး GED & IGCSE ဆိုင်ရာ သိကောင်းစရာများ

နိုင်ငံတကာတက္ကသိုလ် လမ်းကြောင်းအတွက် ပြင်ဆင်တော့မယ်ဆိုရင် မိဘတို့ရင်ထဲမှာ စိုးရိမ်စိတ်တွေ၊ ဒွိဟဖြစ်စရာ မေးခွန်းတွေ ရှိနေတတ်တာ သဘာဝပါပဲ။ ဒါကြောင့် QTEC မှ မိဘတို့ အမေးအများဆုံး မေးခွန်း (၅) ခုကို စုစည်းပြီး ဖြေကြားပေးလိုက်ရပါတယ်ရှင်။ 👇

Q1: GED နဲ့ IGCSE က ဘာကွာလဲ? ဘယ်ဟာက ကိုယ့်ကလေးနဲ့ ပိုကိုက်ညီမလဲ?

A: အဓိက ကွာခြားချက်ကတော့ *အချိန်နဲ့ ဘာသာရပ်* ဖြစ်ပါတယ် မိဘတို့။

* GED က အသက် ၁၆ နှစ်ပြည့်တာနဲ့ ၄ ဘာသာပဲ ဖြေရုံနဲ့ High School အောင်လက်မှတ် ရနိုင်တာမို့ "အချိန်တိုတိုနဲ့ တက္ကသိုလ်အမြန်တက်ချင်တဲ့" ကလေးတွေအတွက် ပိုကိုက်ညီပါတယ်။
* IGCSE ကတော့ အနည်းဆုံး ၅ ဘာသာကနေ ၇ ဘာသာအထိ ဖြေဆိုရပြီး စနစ်တကျ Foundation အခြေခံ ခိုင်မာအောင် သင်ယူရတာမို့ "ဗြိတိန် (UK)၊ သြစတြေးလျ စတဲ့ နိုင်ငံတကာ Top တက္ကသိုလ်ကြီးတွေကို ရည်မှန်းထားတဲ့" ကလေးတွေအတွက် ပိုမိုသင့်တော်ပါတယ်။

---
Q2: ကလေးက အင်္ဂလိပ်စာ အခြေခံ သိပ်မကောင်းသေးဘူး၊ တက်လို့ရပါ့မလား?

A: အဆင်ပြေပါတယ်ရှင့်။ GED ရော IGCSE ပါ ဘာသာရပ်အားလုံးကို အင်္ဂလိပ်လို သင်ကြား၊ ဖြေဆိုရမှာ ဖြစ်လို့ အခြေခံ လိုအပ်ချက်တော့ ရှိပါတယ်။ ဒါပေမဲ့ မိဘတို့ စိုးရိမ်စရာမလိုအောင် QTEC မှာ အတန်းမအပ်ခင် ကလေးရဲ့ အင်္ဂလိပ်စာ အဆင့်အတန်းကို သိရှိနိုင်မယ့် " Placement Test " အခမဲ့ စစ်ဆေးပေးပါတယ်။ အကယ်၍ အခြေခံ လိုအပ်နေသေးရင်လည်း Academic အတန်းတွေ မတက်ခင် Pre-GED / Pre-IGCSE (Foundation အတန်း) တွေကို အရင် သေချာ ပြုစုပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ်။

---

Q3: ဒီလက်မှတ်တွေရရင် မြန်မာပြည်က ပုဂ္ဂလိကတက္ကသိုလ်တွေအပြင် နိုင်ငံခြားတက္ကသိုလ်တွေပါ တက်လို့ရလား?

A: ရပါတယ်ရှင်။ GED ရော IGCSE ရောဟာ ကမ္ဘာတစ်ဝှမ်းလုံးက အသိအမှတ်ပြုတဲ့ အထက်တန်းအဆင့် တန်းတူညီမျှ လက်မှတ်တွေ ဖြစ်ပါတယ်။ ရန်ကုန်/မန္တလေးက နိုင်ငံတကာပုဂ္ဂလိကတက္ကသိုလ် (International Universities) တွေ၊ ဘန်ကောက်၊ စင်ကာပူ၊ မလေးရှား အစရှိတဲ့ အိမ်နီးနားချင်းနိုင်ငံတွေအပြင် ယူကေ၊ အမေရိကန်၊ သြစတြေးလျအထိ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ပါတယ်။University တွေရဲ့ ဝင်ခွင့် requirements အလိုက် Foundation class တွေ ကနေတစ်ဆင့် တက်ရောက်ရတာမျိုးနဲ့ SAT / ACT / IELTS အမှတ်တွေ တောင်းတာတွေ လည်းရှိပါတယ်။

---

Q4: GED ကော IGCSE ပါ တစ်ခါတည်း တွဲတက်လို့ ရမလား?

A: စနစ်နှစ်ခုစလုံးကို တစ်ပြိုင်တည်း တက်ဖို့တော့ မတိုက်တွန်းချင်ပါဘူး မိဘတို့။ သင်ရိုးညွှန်းတမ်းနဲ့ ချဉ်းကပ်ပုံ မတူတဲ့အတွက် ကလေးအပေါ် စာကျက်ရတာ ဝန်ပိစေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ကလေးရဲ့ ဝါသနာ၊ အနာဂတ် ရည်မှန်းချက်၊ ပညာရေး ဘတ်ဂျက်နဲ့ အချိန်ပေါ် မူတည်ပြီး လမ်းကြောင်းတစ်ခုကိုပဲ သေသေချာချာ ရွေးချယ် အာရုံစိုက်တာက ရလဒ် ပိုကောင်းစေပါတယ်။

---

Q5: စာမေးပွဲတွေကို ဘယ်လိုဖြေရတာလဲ? ကျောင်းကပဲ ဖြေပေးတာလား?

A: ဒီစာမေးပွဲတွေက နိုင်ငံတကာ စာမေးပွဲဘုတ်အဖွဲ့တွေက တိုက်ရိုက်စစ်ဆေးတာ ဖြစ်ပါတယ်။

* GED: ကွန်ပျူတာနဲ့ ဖြေဆိုရတာဖြစ်ပြီး မိမိစာမြန်မြန်အဆင်သင့်ဖြစ်တဲ့ ဘာသာရပ်ကို တစ်ဘာသာချင်းစီ ရက်ချိန်းယူပြီး တစ်နှစ်ပတ်လုံး ဖြေဆိုနိုင်ပါတယ်။
* IGCSE: Pearson သို့မဟုတ် Cambridge ရဲ့ သတ်မှတ်ထားတဲ့ စာစစ်ဌာနတွေမှာ တစ်နှစ်ကို ၂ ကြိမ် စာရွက်ပေါ်တွင် ရေးဖြေရတာ ဖြစ်ပါတယ်။

QTEC အနေနဲ့ စာမေးပွဲ အောင်မြင်အောင် သင်ကြားပေးရုံတင်မကဘဲ စာမေးပွဲ Registration ပြုလုပ်ခြင်း၊ ရက်ချိန်းယူခြင်း လုပ်ငန်းစဉ်တွေအထိ မိဘတို့ စိတ်အေးရအောင် အစအဆုံး အခမဲ့ ကူညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။

---

💡 QTEC ရဲ့ အတန်းသစ်များအတွက် ဆွေးနွေးတိုင်ပင်ရန်

မိဘတို့အနေနဲ့ မိမိရင်သွေးငယ်အတွက် ဘယ်လမ်းကြောင်းက အကောင်းဆုံးဖြစ်မလဲဆိုတာ ဝေခွဲမရဖြစ်နေရင် စိတ်ပူမနေပါနဲ့တော့။

* ဖုန်း- 09 755 963 199 / 09 783 539 697
* Chat Box မှတဆင့်လည်း ကလေးရဲ့ လက်ရှိပညာရေးအခြေအနေကို ပြောပြပြီး အခမဲ့ လမ်းညွှန်ချက် ရယူနိုင်ပါတယ်ရှင်။

20/06/2026

မြန်မာကျောင်းသင်ရိုး တက်ရောက်နေရင်း International Curriculum ကို လေ့လာလိုသူများနှင့် International School ဝင်ခွင့်အတွက် ကြိုတင်ပြင်ဆင်လိုသူများအတွက် QTEC ၏ After School Program ကို ဖွင့်လှစ်ထားပါသည်။

📚 English | Mathematics | Science
🕒 3:00 PM – 6:00 PM

သင်ရိုးနှစ်မျိုးအကြား ကွာဟချက်များကို ဖြည့်ဆည်းပေးပြီး Academic Skills များ တိုးတက်စေရန် အထောက်အကူပြုမည့် အတန်းဖြစ်ပါသည်။

📩 အသေးစိတ် စုံစမ်းမေးမြန်းလိုပါက
📞 09755963199 / 09783539697

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


82, Bothura Street, Kyimyindaing Township
Yangon
11101

Opening Hours

Monday 08:30 - 05:30
Tuesday 08:30 - 05:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30
Sunday 08:30 - 17:30