Key

Key

Share

အပြာစာပေ

13/04/2026

သီချင်းနားထောင်ရင်း အတွေးတွေနှင့် ရှက်ပြုံးလေး ပြုံးမိတတ်သလို နွယ့်ကိုမြင်ရင် ပထမဆုံး တုန့်ပြန်လာမည့် သူ့ရဲ့ တုန့်ပြန်မှုတွေကို တွေးရင်း ရင်တွေခုန်လာသည်။ သူရော နွယ့်လိုပဲ ရ-င်ခု-န်နေမှာလ-ားဆိုတာ တွေးရ-င်း နွယ် ပြုံးမိသည်။

သီချင်းထဲက စာသားလေးတွေ နားထောင်ပြီး သူ့ကို ရည်ရွ-ယ်ပြီး ပို့စ်လေးတစ်ခု တင်ဖြစ်ခဲ့သည်။ နွယ့်ထက် တစ်နှစ်ပဲ ကြီးသည့်သူမို့ သမ္ဘာအရ၊ ဝါအရ အစ်ကိုလို့ ခေါ်ခဲ့ပေမ-ယ့် နွယ့်အတွေးတွေထဲမှာ “မင်း” လို့ နာမ်စားလေး ပေးထားခဲ့သည်။ တစ်ခါမှ မသုံးနှု-န်းခဲ့ဖူးသည့် ကိုယ်နဲ့မင်းလို့ သုံးနှုန်းခဲ့တာ သူ့ကို ရ-ည်ညွှန်းမှန်း သူ… သိမှသိပါ့မလား။

နွယ်တို့ သိခဲ့သည့် အချိန်ဟာ သိပ်ကို တိုတောင်းလွန်းသည်။ နွယ် ယုံကြည်ရင်းနှီးရတဲ့ အသိမိတ်ဆွေတစ်ယောက်၏ မိတ်ဆက်ပေးမှုကြောင့် သူ့အကောင့်လေးကို ဝင်ကြည့်ဖြစ်ခဲ့သည်။ ထူးခြားမှုမရှိဘဲ ပျော်ပျော်နေတတ်ပုံရသည့် အကောင့်တစ်ခုဆိုတာကလွဲရင် နွယ့်အတွက်တော့ သူသည် ပုံမှန်မျှသာ။ ဒါပေမဲ့လည်း သူ့အကောင့်ကို ခဏခဏ ဝင်ကြည့်မိခဲ့သည်။

Search Bar ကို ဝင်လိုက်တိုင်း သူ့အကောင့်လေး အရင်ဆုံးပေါ်လာတတ်သည်အထိ။ နွယ့်ဆီက စိတ်ဝင်စားလက်ခံကြောင်း တစ်ဖက်ကို ပြောထားသော်လည်း သူကတော့ နွယ့်ဆီကို ရောက်မလာခဲ့ဘူး။ အားမလို အားမရဖြစ်နေသ-ည့် နွယ်ကပဲ အရင်ဆ-က်သွ-ယ်ဖို့အထိ ဆ-န္ဒရှိနေခဲ့ပေမဲ့ သူကတော့ မီးစိမ်းလေးနဲ့ ပို့စ်လေးတွေ ပုံမှန်တင်တာကလွဲရင် အရာရာဟာ ပုံမှန်လိုပါပဲ။ နွယ့်မှာသာ သူ့အကောင့်လေးထဲ ဝင်ကြည့်ရင်း သူ့ Reply တွေကိုကြည့်ပြီး ကြော-က်မိသည်။ သူလည်း နွယ့်လိုပဲ စိတ်မထ-င်ရင် မထ-င်သလို ဆ-က်ဆံတ-တ်သူမို့။

ဧပြီ ၁၇ ရက်နေ့ထဲက စောင့်ကြည့်ခဲ့ရသည့် မီးစိမ်းလေးသည် ၂၂ ရက်နေ့မှာတော့ နွယ့်ကို စတင်ဆက်သွယ်လာသည်။

[ကောမန့်မှာဆက်ဖတ်ပါနော်👇]

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon