Fit with Me
Make today so awesome, yesterday gets jealous �
https://fb.watch/dmBgxllEIk/
Resistance Band အသုံးပြုနည်းလေးတွေအသုံးတဲ့အောင်တင်ပေးလိုက်ပါတယ်။🤗🤗🤗
18/05/2022
ခန္ဓာကိုယ်ကြီးထွားချင်တယ်ပြောပီး လုပ်ဆောင်ချက်တွေ
လွဲနေရင် ရလာဒ်ကောင်းတွေမရနိုင်ပါဘူး။
လူသစ်ကစားသမားတွေ အတွက်
အရမ်းအရေးကြီးပီး သတိမထားမိလောက်တဲ့
လိုအပ်ချက်များကို မျှဝေပေးလိုက်ပါတယ်။
✅ နံပါတ်တစ် အရေးအကြီးဆုံးက အိပ်ရေးဝဝ
မဖြစ်မနေ အိပ်ရပါတယ်။ တညကို အနိမ့်ဆုံး
၇ နာရီလောက် ရအောင်အိပ်ရပါမယ်။
✅အလေးအရမ်းများများသုံးပီး အကြိမ်နဲနဲ
လေး (တကျော့မှာ ၄ ကြိမ်အောက် )ကစားတာက
Power အတွက်ဖြစ်ပီး အခန့် မသင့်ရင် injury
ရသွားနိုင်ပါတယ်။ ကြီးထွားဖို့ အတွက်ဆိုရင်
အနိမ့်ဆုံး ၄ ကြိမ်မှ အမြင့်ဆုံး ၁၅ ကြိမ် ကစားပါ။
✅muscle pump ဖြစ်ရေး ဦးစားပေးလွန်းပီး
အလေးပေါ့ပေါ့ အကြိမ်များများ ကစား
ခြင်းသည် ထုတင်ချိန်တွင်မကောင်းပါ။
✅ထုတင်ချိန်မှာ lean mass ဆိုတဲ့ ဝေါဟာရကို
feel ပီး Abs လေးလည်း မပျောက်ချင်
ထုလည်းတင်ချင်ဆို မရပါ။
တချိန်မှာ တခုပဲအာရုံစိုက်ပါ။
✅ တပါတ်ကို တစ်ရက် နှစ်ရက်ဆော့ပီး
ထုတက်ချင်လို့ မရပါ။
✅ ထုတင်တဲ့ကာလအနေနဲ့ အနိမ့်ဆုံး ၃-၄
လလောက်အချိန်ယူရပါတယ်။ ခုခေတ်
Generation တွေက shortcut တွေအရမ်းလိုက်
တတ်ကြပါတယ်။ ထုပဲတင်တင် / မာဆယ်ပဲခွဲခွဲ
အချိန်ယူရပါမယ်။ ကောင်းသောဖြစ်တည်မှု
တိုင်းအတွက် အချိန်ယူရပါတယ်။
✅ Eat,eat and EAT!!!!!!!!!!
ကြောင်စာလောက်စားပီး ခြင်္သေ့ဖြစ်ချင်လို့မရပါဘူး။
အထက်ပါအချက်လေးတွေကို စံထားပီး
မိမိရဲ့ အမှားအချို့ ကို ဆန်းစစ်ပီး အကောင်း
ဆုံးသော ရလာဒ်တွေ ပိုင်ဆိုင်နိုင်ပါစေကြောင်း-
Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်
မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်🤝
လေးစားချစ်ခင်လျက်-
နိုင်ဦး-၁၁၉
12/05/2022
ကိုယ်နဲ့ ဘယ်ပရိုတင်း powder က အသင့်တော်ဆုံးလဲ 🤔🤔🤔
ကြွက်သားတက်ချင်ရင် အသားတွေ စားပေးရင် မရဘူးလား???
ကြွက်သားတက်ချင်လို့၊ အဆီပို တွေ လောင်ကျွမ်းစေချင်လို့ဆိုပြီး ပရိုတင်းဖျော်ရည်တွေသောက်ကြပါတယ်။ ပရိုတင်းမှုန့်သောက်ချင်လို့ဆိုပြီး ဝယ်သောက်တော့မယ်ဆိုရင် အားလုံး စပြီးသိချင်ကြတာက ဘယ်နှစ်မျိုးရှိလဲ။ ဘယ်ဟာက ပိုကောင်းလဲ၊ ဘယ်အမျိုးအစားက ကိုယ်နဲ့ ပိုသင့်တော်မလဲဆိုတဲ့မေးခွန်းပဲ ဖြစ်ပါတယ်။
ဒီတော့ ပရိုတင်းမှုန့် ဘယ်နှစ်မျိုးရှိလဲ။ ကိုယ်နဲ့ ဘယ်အမျိုးအစားက သင့်တော်မလဲ။ ။
ပရိုတင်းမှုန့် အမျိုးအစားများ။။
( ၁ )Whey ပရိုတင်း။
Whey ပရိုတင်းဆိုတာ နို့ကလာတဲ့ ပရိုတင်းမှုန့်တစ်မျိုးဖြစ်ပြီး နို့ကနေ ထုတ်ထားတဲ့ ပရိုတင်းမှုန့်တစ်မျိုး ဖြစ်ပါတယ်။ ကြွက်သားတည်ဆောက်ဖို့နဲ့ တည်ဆောက်ပြီးသား ကြွက်သားတွေကို ဆက်ထိန်းထားနိုင်ဖို့၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်ပြီးရင် ကြွက်သားပြန်လည် သန်မာစေဖို့အတွက် သူက ကူညီပေးနိုင်မှာပါ။ အစာခြေရလွယ်ကူတဲ့အပြင် အစားစာချင်စိတ်ကိုပါ လျှော့ချပေးလို့ဝိတ်ချနေသူများအတွက်ပါ သင့်တော်ပါတယ်။
( ၂ ) Casein ပရိုတင်း
Whey လိုပဲ Casein ပရိုတင်း ကလည် းနို့ကနေ ရတဲ့ ပရိုတင်းတစ်မျိုးပါ။ ဒါပေမယ့် Whey ထက်စာရင် Casein က အစာခြေရပိုခက်ပြီး စုပ်ယူချိန်လည်း ကြာနေတတ်ပါတယ်။ အစာခြေရခက်ပြီး အစာအိမ်ထဲ ကြာကြာရှိတာကြောင့် ကယ်လိုရီစားနှုန်းလျှော့ရတဲ့ အဝလွန်တဲ့သူတွေ ကြွက်သားပြန်တည်ဆောက်ဖို့အတွက် Casein ပရိုတင်းက ကူညီပေးနိုင်မှာပါ။
( ၃ ) Egg ပရိုတင်း
ဥအမျိုးမျိုးဟာ ပရိုတင်းဓါတ်အကြွယ်ဝဆုံ းအစားအစာတွေ ဆိုတာ အားလုံးသိကြမှာပါ။ ဒါပေမယ့် အနှစ်ထက်စာရင် အကာကပဲ ပရိုတင်းဓါတ်ကြွယ်ဝတာဖြစ်လို့ ပရိုတင်းများများရချင်တဲ့သူတွေ ကြက်ဥအကာကိုသာ စားသင့်ပါတယ်။ နွားနို့နဲ့ ဓါတ်မတည်တဲ့သူတွေအတွက် အစာခြေရလွယ်ကူ အာနိသင်လည်း အများကြီးရှိတဲံ ဥတွေက ထုတ်ထားတဲ့ ပရိုတင်းက အသ့င့်တော်ဆုံး ဖြစ်မှာပါ။
( ၄ ) Pea ပရိုတင်း ( ပဲ ပရိုတင်း)
ပ ဲ ဆိုတာလည်း ဥ တွေလိုပဲ ပရိုတင်းကြွယ်ဝတဲ့ အစားအစာဆိုတာ အားလုံးသိကြမှာပါ။ ပဲ ဖြစ်တာကြောင့် အမျှင်ဓါတ်လည်းကြွယ်ဝတဲ့အပြင် နွားနို့တို့ ဥတို့နဲ့ ဓါတ်မတည့်တဲ့သူတွေ သတ်သတ်လွတ်သမားတွေအတွက် အထူးသင့်တော်တဲ့ ပရိုတင်းအမျိုးအစားတစ်ခုပါ။
( ၅ ) H**p ပရိုတင်း
သူကလည်း အပင်ကရတဲ့ ပရိုတင်းတစ်မျိုးပါ။ အိုမီဂါ 3 Fatty acid နဲ့ အခြား အမိုင်နိုအက်ဆစ်တွေပါဝင်တယ်ဆိုပေမယ့် အမိုင်အက်ဆစ် ၂ မျိုးဖြစ်တဲ့ lysine နဲ့ leucineကိုတော့သူ့ဆီမှာ မတွေ့ရပါဘူး။
( ၆ )ဆန်လုံးညို ပရိုတင်း။
ကိုယ်ခန္ဓါတည်ဆောက်ဖို့အတွက် ဆန်လုံးညိုက ထုတ်ထားတဲ့ပရိုတင်းက ကူညီပေးနိုင်တယ်ဆိုပေမယ့် သူ့ဆီမှာ အမိုင်နိုအက်ဆစ်တွေနဲ့ လိုင်စင်းတော့ မပါလို့ ပရိုတင်းလို့ အတပ်ပြောလို့မရပါဘူး။
ပရိုတင်း powder တွေ အကြောင်း သိပြီးပြီဆိုတော့ ဘယ်အမျိုးအစားက ဘယ်လိုမျိုးအတွက် သင့်တော်တာလဲ ။ ။
ကြွက်သားတက်ဖို့ – Whey ပရိုတင်း၊ egg ပရိုတင်း
ကိုယ်အလေးချိန်ကျစေဖို့ – Whey ပရိုတင်း နဲ့ Casein ပရိုတင်း
သတ်သတ်လွတ်သမားများ – Pea protein/ brown rice ပရိုတင်းတို့ကို ရွေးချယ်လို့ရပါတယ်။
ကြွက်သားတက်အောင် ကြိုးစားနေတဲ့သူတိုင်း ပရိုတင်းshake ဆိုတာကို သိကြမှာပါ။ ပိန်ရာကနေ ဘော်ဒီတောင့်အောင်လုပ်ပေးတဲ့နေရာမှာ ပရိုတင်း shake တွေ ကဆရာကြီးလေ။ ဒီလို သောက်လိုက်ရင် ကြွက်သားတက်အောင် လုပ်ပေးတာကတော့ ဟုတ်ပါပြီ။ ဘယ်လိုအချိန်တွေမှာ သောက်ရမယ် ဆိုတာများရှိဦးမလား။
ကြွက်သားတက်ချင်ရင် အသားတွေ စားပေးရင် မရဘူးလား???
ကြွက်သားတက် ဗလတောင့်ချင်ရင် လိုအပ်တဲ့ပရိုတင်းကို နေ့စဉ်ပုံမှန်စားပေးဖို့ လိုတယ်ဆိုတာ အားလုံးသိကြမှာပါ။ ကြွက်သားတက်ချင်ရင် ပရိုတင်းစားပေးဖို့လိုတယ်ဆိုတာ မှန်ပေမယ့် နည်းသွားးရင် အကျိုးမရှိတာမျိုး မဖြစ်တော့သလို များလွန်းပြီး အရမ်းကြွက်သားကြီးနေတာမျိုး မဖြစ်ရအောင် မှန်ကန်တဲ့ ပမာဏတော့ ဖြစ်ဖို့လိုပါတယ်။ တစ်ခုတော့ရှိပါတယ်။ ဒီလိုမှန်ကန်တဲ့ ပရိုတင်းပမာဏကို စားဖြစ်ဖို့ဆိုတာ အပြောကသာ လွယ်ပေမယ့် တကယ်တမ်းလိုက်လုပ်ကြည့်ရင် မလွယ်ကူလှပါဘူး။ အသားတွေစား ပဲတွေစား ဘယ်လောက့်ပဲ ပြောပြော ချက်လိုက်တာကြောင့် အနည်းငယ်လျော့သွားမယ့်ပရိုတင်းတွေရယ်၊ ချက်ဖို့ပြုတ်ဖို့ မအားလပ်တာရယ်၊ ဘယ်အသားမှာ ပရိုတင်းဘယ်လောက်ပါဘဲ သေချာမသိတာတွေကြောင့် ပရိုတင်းတွေ စားသာစားနေပေမယ့် ကြွက်သားတက်နှေး နေတာမျိုးတွေဖြစ်နိုင်ပါတယ်။
ဒီလိုနဲ့ ပရိုတင်း အမှုန်တွေ့၊ ပရိုတင်းအားဆေးတွေ ပေါ်လာရတာဖြစ်ပါတယ်။ သူတို့ကကျတော့ ဘယ်နှစ်ဇွန်း၊ ဘယ်နှစ်ခွက်ဆိုရင် ပရိုတင်းပမာဏ ဘယ်လောက်ရမယ်ဆိုတာတွေ သေချာတွက်ချက်ပြီးသားဖြစ်တာကြောင့်ပါ။ အဲဒီထဲမှာမှ မနက်ပိုင်းနဲ့ လေ့ကျင့်ခန်းလုပ်ပြီးချိန်တွေက ပရိုတင်းသောက်သင့်ဆုံး အချိန်တွေံပါ။ အသေးစိတ်ကို ထပ်လေ့လာကြည့်ရအောင် ။ ။
မနက်ပိုင်း ။ ။
အမိုင်နိုအက်ဆစ်တွေဆိုတာ ပရိုတင်းရဲ့ အစိတ်အပိုင်းလေးတွေ ဆိုတာအားလုံးသိကြမှာပါ။ ကိုယ်ခန္ဓါကနေ ယူပြီးသုံးစွဲဖို့ ပရိုတင်းက အမိုင်နိုအက်ဆစ်ပုံကို ပြောင်းပေးရပါတယ်။ အိပ်နေတဲ့အချိန်ဆိုရင် ကိုယ်ခန္ဓါကိုယ်ထဲမှာ ဒီ အမိုင်နိုအက်ဆစ်ပမာဏ အနည်းဆုံးရှိနေတာပါ။ နောက်ပြီး ညစာစားခဲ့တဲ့အချိန်နဲ့ နောက်တစ်ရက် မနက်စာစားမယ့်အချိန် ကြားထဲက ကွာခြားမှုဟာ ၁၂ နာရီလောက်တောင်ရှိနေတာကြောင့် မနက်နိုးနိုးချင်းအချိန်က ကိုယ်တွင်းက ပရိုတင်းပမာဏ အ နည်းဆုံး ရှိနေတဲ့အချိန်ပါ။ ဒါေ့ကြာင့် မနက်နိုးနိုးချင်း ပရိုတင်းသောက်တာဟာ ကိုယ်ခန္ဓါအတွက် တကယ်ကို အကျိုးရှိတဲ့ အရာတစ်ခုပါ။ ပရိုတင်းချည်းပဲ သောက်ပြီး မနက်စာမစားလို့တော့မဖြစ်ပါဘူး။ မနက်စာမစားတဲ့အခါ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ energy အတွက် ကြွက်သားတွေ၊ အဆီတွေကို ဖြိုခွဲပြီးသုံးရတာကြောင့် တည်ဆောက်၇မယ့် ကြွက်သားတွေ အကုန်ပြိုကွဲကုန်တာကြောင့် မနက်စာလည်းစားပေးဖို့လိုပါတယ်။
လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း ။။
ကြွက်သားတက်စေဖို့ လေးပင်တဲ့ အလေးတုံးတွေကို မတာ၊ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်ရတာကြောင့် ကုန်ခမ်းသွားတဲ့အားအင်တွေကိုပြန်ဖြည့်ဖို့၊ ပြိုကွဲသွားတဲ့ ကြွက်သားတွေကို ပြန်ပြီး တည်ဆောက်ဖို့အတွက် ပရိုတင်းပမာဏ များများ ပြန်စားပေးဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း အချိန်ဟာ ကြွက်သားပြန်တည်ဆောက်ဖို့အကောင်းဆုံးအချိန်တစ်ခုပါ။
ဘယ်လိုအမျိုးအစား ပရိုတင်းကို ရွေးမလဲ။
ကြွက်သားတက်စေဖို့ ကိုယ်သောက်တဲ့အချိန်တွေကလည်း အရေးကြီးသလို ဘယ်လိုပရိုတင်းအမျိုးအစားကို ရွေးချယ်သောက်မလဲဆိုတာကလည်း စကားပြောပါသေးတယ်။ မနက်ပိုင်းအချိန်နဲ့ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းအချိန်တွေမှာ ပရိုတင်းမြန်မြန်ဆန်ဆန်ရဖို့လိုအပ်တာကြောင့် အဲဒီအချိန်တွေမှာ fast-absorbing protein supplement အမျိုအစားကို ရွေးချယ်သင့်ပါတယ်။ ပဲပိစပ်တို့ casein တို့ကို အခြေခံထုတ်ထားတဲ့ ပရိုတင်းတွေထက်စာရင် ကြက်ဥတွေကို အခြေခံပြီး ထုတ်ထားတဲ့ ပရိုတင်းအမှုန့်တွေက ပိုပြီး စုပ်ယူရ လွယ်ကူမြန်ဆန်ပါတယ်။
ဘယ်လောက်သောက်ကြမလဲ ။ ။
ဘယ်အချိန်သောက်ရမလဲ၊ ဘာအမျိုးအစားသောက်ရမှာလဲ သိသိပြီးဆိုတော့ ဘယ်လောက်သောက်ရမှာလဲကျန်သေးတာပေါ့။ ကြွက်သားတည်ဆောက်မှုကို အားပေးဖို့ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း အချိန်မှာ ပရိုတင်း ၁၅ ဂရမ်လောက်သောက်ပေးဖို့လိုပါတယ်။ အားကစားသမားတွေအတွက်တော့ Training ဝင်ပြီးပြီးချင်း ပရိုတင်း ၃၀ ဂရမ်ကနေ ၄၀ ဂရမ်လောက်အထိ ပြန်သောက်ပေးဖို့လိုအပ်ပါတယ်။
ယောကျာ်းလေးတော်တော်များများ လက်မောင်းကြွက်သား၊ ရင်အုပ်ကြွက်သားတွေ ထွက်လာတာကို သဘောကျနှစ်ခြိုက်ကြပါတယ်။ ဒီလိုမျိုး ကြွက်သားတွေဖြစ်လာဖို့ကိုလည်း တချို့တွေကတော့ gym မှာ သွားဆော့ကြသလို အိမ်မှာပဲလေ့ကျင့်ခန်း လုပ်ကြတဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဆော့ဆော့ ကြွက်သားတွေ အမြန်ထွက်လာအောင် လုပ်လို့ရမယ့် နည်းလမ်းတွေထဲမှာ အစားအစာတွေ စားပေးလို့ ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ စားပေးရမယ့် အစားအစာတွေကိုဖော်ပြပေးလိုက်ပါတယ်။
ွကြက်ဥ🥚🥚🥚
ကြက်ဥစားရင် အားရှိတယ်ဆိုတာ သိထားပြီးဖြစ်မှာပါနော်။ ကြက်ဥစားသုံးတာက ကိုလက်စထရောတွေကို ထိန်းညှိထားပေးပြီး နှလုံးကျန်းမာရေးကိုလည်းကောင်းစေပါတယ်။ ကြက်ဥဟာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အစားအစာဖြစ်ပြီး အထူးသဖြင့်တော့ ကြွက်သားတွေ တည်ဆောက်ရာမှာ ပိုပြီး အားကောင်းစေတာပါ။ ကြက်ဥမှာ ပါဝင်တဲ့ ကိုလက်စထရောဟာ ကြွက်သားတွေ တည်ဆောက်ဖို့ အားပေးတာကြောင့် များများ စားပေးသင့်ပါတယ်။
အစေ့အဆန်🥜🌽🥜🌽
အစေ့အဆန်လေးတွေကလည်း ကြွက်သားတွေမြန်မြန်ထွက်လာစေဖို့ အကူအညီပေးပါတယ်။ ဗာဒံစေ့ (၁)အောင်စမှာ (၁၅၀) ကယ်လိုရီ ပါဝင်ပါတယ်။ ဗာဒံစေ့မှာ ပါဝင်တဲ့ ပရိုတင်း၊ အဆီဓာတ်နဲ့ အမျှင်ဓာတ်တွေဟာ ကြွက်သားတွေ သန်မာတောင့်တင်းလာဖို့ အထောက်အကူပြုပါတယ်။
ပရိုတင်း Shake
ပရိုတင်းပါဝင်တဲ့ Shakeတွေဟာ ကြွက်သားတွေ သန်မာလာစေဖို့ အထောက်အကူပြုပါတယ်။ Shake ထဲမှာ ပါဝင်တဲ့ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေဟာ ကြွက်သားတွေ ထွက်လာဖို့အတွက် ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရတွေပါပဲ။ တက္ကသိုလ်တွေရဲ့ သုတေသနပြုလုပ်ချက်တွေအရတော့ ပရိုတင်း shake မှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေကို သိုလှောင်ထားနိုင်ပြီး ကြွက်သားတွေ သန်မာစေဖို့အတွက်သွေးစီးဆင်းလည်ပတ်မှုကို ပုံမှန်ဖြစ်စေတယ်လို့ ဆိုထားပါတယ်။လေ့ကျင့်ခန်းတွေ လုပ်ပြီးရင်တော့ အနည်းဆုံး တခွက်လောက်သောက်ပေးနော်။
ဆော်လမွန်ငါး
ဆော်လမွန်ငါးမှာ ပရိုတင်း၊ EPA နဲ့ DHA လိုမျိုး အိုမီဂါ ၃တွေလည်း ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို တိုးတက်စေတဲ့အပြင် ကြွက်သားတွေကောင်းမွန်စွာ ဖွံ့ဖြိုးလာဖို့လည်း အထောက်အကူပြုပါတယ်။ဆော်လမွန်ငါး မစားဖြစ်ဘူးဆိုရင်လည်း အိုမီဂါ ၃ ပါဝင်တဲ့ အစားအစာတွေတော့ စားဖို့ လိုပါတယ်။
အမဲသား
အမဲသားကတော့ ကြွက်သားတွေ လျင်လျင်မြန်မြန်ထွက်လာဖို့အတွက် အကောင်းဆုံး အစားအစာတွေထဲက နံပါတ်တစ် အစားအစာပါ။ အမဲသားမှာ အမိုင်နိုင်အက်ဆစ်နဲ့ ဗီတာမင် ဘီလိုမျိုး လိုအပ်တဲ့ ပရိုတင်းတွေ ပါဝင်တာကြောင့်ပါ။နောက်ထပ်တစ်ခုကတော့ အမဲသားက testosterone ပမာဏကို မြှင့်တင်ပေးတာမို့ ကြွက်သားတွေ တည်ဆောက်ရာမှာလည်း အတော်လေးကို အထောက်အကူပြုပါတယ်။
gym မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် workout လုပ်တဲ့ ကိုကိုတွေ၊မောင်လေးတွေအနေနဲ့ ကြွက်သားတွေ လျင်လျင်မြန်မြန် ထွက်လာချင်တယ်ဆိုရင်တော့ အပေါ်မှာဖော်ပြထားတဲ့ အစားအစာတွေကို မမေ့မလျော့ စားပေးဖို့လိုအပ်သလို အနားယူချိန်နဲ့ ကစားချိန်လည်းမမေ့ဖို့တိုက်တွန်းအကြံပေးချင်ပါတယ်နော်။
အားလုံးပဲမင်္ဂလာပါ 🙏🙏🙏
ကျွန်တော်တို့ 💁🏻 fit with me မှ ဒီနေ့မှာဆိုရင်တော့ ကံထူးရှင် သုံးဦးပေါ်ထွက်လာပါပြီ
🤗🤗🤗
👏🏻👏🏻👏🏻
🎉🎉🎉
🎊🎊🎊
ကံထူးရှင်များကိုမကြော်ငြာခင် ပြောချင်တာလေးကတော့ ကျွန်တေယ်တို့ fit with me မှ မိတ်ဆွေတို့အတွက် ကျန်းမာရေးဗဟုသုတများစွာကိုအစဥ်အမြဲတင်ပေးသွားမှာဖြစ်တဲ့အပြင် မိတ်ဆွေတို့အတွက်လစဥ်လတိုင်းအထူးအစီအစဥ်လေးတွေစီစဥ်ပေးထားတာဖြစ်တဲ့အတွက် page လေးကို 👍🏻 like & see first လေးလုပ်ထားပေးရုံနဲ့ အကျိုးရှိစေမှာအသေချာပါ။ 😊😊😊
ဒီတစ်ပတ်မှာ ကံမကောင်းတဲ့ မိတ်ဆွေများကိုပြောပြချင်တာက နောက်တစ်ပတ်ဘယ်လိုအစီအစဥ်လေးတွေထပ်လာမလဲဆိုတာကိုစောင့်ကြည့်ပေးပါလို့ 😊😊😊
ဒီတစ်ပတ်မှာ ကံထူးသွားတဲ့ကံထူးရှင်များကတော့
❇️Agga Myo Kyaw
❇️Thu Ta Zaw
❇️Jake Fleeka
20/02/2022
Lucky Draw အစီအစဥ်လေး ban ခံရလို့ ပြန်ပြီးတင်ပေးတာပါနော်🤗🤗🤗
ဒီနေ့ညနေ 5 နာရီမှာကံထူးရှင်များကိုကြော်ငြာပေးသွားမှာဖြစ်လို့ cmt မှာ မန့်သွားပေးပါဦးနော်🤗🤗🤗
🎉🎁🎁🎁ဖုန်းဘေ 30,000 Lucky Draw လေးလာပါပြီ 🎁🎁🎁🎉
📣📣📣အိမ်မှာနေရင်း 7Days Free Trial 🏆ကို Join ဖို့ကံစမ်းရင်း ဖုန်းဘေလ် Give away Program မှာပါဝင်ကံထူးကြပါစို့🥳👏🏻
🔔7Days FREE Trial Weight Loss Online Challenge Class ဆိုတာဘာလဲ ⁉️🤔
7️⃣ရက်တိတိ အိမ်မှာနေရင်း Trainer နဲ့တူတူ ပျော်ပျော်ပါးပါး လှုပ်ရားရင်း Online Live ကစားလို့ရပါပြီ။ 🤳ဖုန်းတစ်လုံးရှိရုံနဲ့ နေရာမရွေး အချိန်တစ်နာရီ လောက် ပုံမှန် ပေးရုံဖြင့်မိတ်ဆွေတို့ ကိုယ်မှာပိုလျှံနေတဲ့ အဆီပမာဏကိုလျော့ချနိုင်ပါတယ်။ Online Group Workout ဖြစ်တဲ့အတွက် Motivation ဖြစ်ရုံမက စိတ်ကိုလည်း လန်းဆန်းစေပါတယ်။ 💦ချွေးထွက်ပြီး ကိုယ်ခံအားကိုမြင့်တက်စေတဲ့အတွက် 🦠Covid19 ကိုလည်းတဖက်တလမ်းက ကာကွယ်ပေးနိုင်ပါတယ်။
🧑💻Zoom meeting app ကိုအသုံးပြုပြီး သွားမှာဖြစ်တဲ့အတွက် မိတ်ဆွေတို့အတွက်ပိုပြီး အဆင်ပြေမယ်ဆိုတာ အသေချာပါပဲနော်။
🔔 7Days 🆓 Trial Weight Loss Online Challenge Class မှာဘယ်သူတွေ Join လို့ရလဲ ⁉️
ဘယ်သူတွေ join သင့်လဲဆိုတော့
✅Covid ကြောင့် Gym မှာသွားဆော့ဖို့အဆင်မပြေဘူး...
✅အစားလည်းအများကြီးမလျော့နိုင်ဘူး...
✅အိမ်ထဲကအိမ်ပြင်မထွက်ချင်တဲ့သူတွေအတွက်...
✅စိတ်သွားတိုင်းကိုယ်မပါနိုင်,
✅ခန္ဓာကိုယ်လေးလံထိုင်းမှိုင်းနေတာမျိုး,
✅အဆီပမာဏများလွန်းသူများအတွက် ကျန်းမာရေးကိုအထောက်အကူပြုစေမှာအသေချာပါ။
✅Work From Home နဲ့အလုပ်လုပ်နေကြတဲ့ ကိုကိုမမတို့လည်း ကိုယ်လက်လှုပ်ရှားမှုရှိစေဖို့ Join သင့်ပါတယ်နော်။
🔔7Days 🆓 Trial Weight Loss Online Challenge Class မှာဘယ်လို Join လို့ရလဲ⁉️
Fit with Me Page Messager မှာ 7D FREE Online လို့ပေးပို့လိုက်ရုံနဲ့ ပါဝင်နိုင်ပါပြီ။ ပထမဆုံးပေးပို့တဲ့ ကံထူးရှင်1️⃣0️⃣ယောက် ကိုရွေးချယ်ပြီး ဖေဖော်ဝါရီလ 2️⃣0️⃣ရက်နေ့မှာ Page ကတဆင့်ကြေငြာပေးသွားပါမယ်။
သင်တန်းကာလ 🗓: 21 Feb မှ 27 Feb ထိ (၇ရက်)
သင်တန်းနေ့ရက်: Monday မှ Friday
အချိန် ⏰: မနက် ၈:ဝဝ မှ ၉:ဝဝ အထိ နဲ့
ညနေ ၇:ဝဝ မှ ၈:ဝဝ အထိ
🔔ဖုန်းဘေလ် Give away အစီအစဥ်မှာ ဘယ်လိုပါဝင်နိုင်မလဲ⁉️
👉🏻 Page ကို Like 👍🏻
👉🏻 ဒီမူရင်း Post လေးကို Like 👍🏻 and Share ⤵️ လေးလုပ်ပြီး SS လေးကို Comment မှာမန့်လိုက်တာနဲ့ ကံထူးရှင်ဖြစ်ဖို့ပါဝင်ကံစမ်းနိုင်ပါပြီ။ ☺️
🔔ဖုန်းဘေလ် Give away Winner ကိုဘယ်လိုရွေးမလဲ⁉️
နံပါတ်စဥ်များကို Random Picker ဖြင့် ရွေးချယ်ပေးသွားမှာဖြစ်ပြီး ပေါက်မဲနံပါတ်တွေကိုလည်း
🗓ဖေဖော်ဝါရီလ 2️⃣0️⃣ရက်နေ့
⏰ညနေ 5️⃣နာရီတိတိမှာ ကြေငြာပေးသွားပါမယ်။ 🎉🎉🎉
ကံထူးရှင်က 3️⃣ယောက်ပဲရွေးမှာမို့ ကိုယ်လည်းကံစမ်းရင်း ကိုယ့်သူငယ်ချင်းတွေကိုအမြန်လေးလက်တို့လိုက်ဦးနော်...
ကျန်းမာရေးနဲ့ညီညွှတ်စွာ အဆီပိုတွေကိုဖယ်ရှားနိုင်ဖို့အတွက် 💁🏻 fit with me မှကြိုဆိုပါတယ်ခင်ဗျာ။🙏🙏🙏
.Fitness
Click here to claim your Sponsored Listing.
Category
Website
Address
No. 52, Myeik Road, Innwa Housing, South Dagon
Yangon