First Aid Educators
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from First Aid Educators, First Aid Class, YANGON, Yangon.
08/01/2023
HEAD INJURY
ဦးခေါင်းဒဏ်ရာရခြင်း
============
ဦးခေါင်းဒဏ်ရာသည် အဖြစ်များသောထိခိုက်မှုဖြစ်သည်။ ၎င်းသည် ဦးနှောက်ကို ထိခိုက်ပျက်စီးစေနိုင်သောကြောင့် ပြင်း ထန်နိုင်ချေရှိသည်။ လည်ပင်းတွင် ကျောရိုးဒဏ်ရာ၊ ဦးရေပြားဒဏ်ရာများနှင့် ဦးခေါင်းခွံရိုးကျိုးခြင်းများလည်း ဖြစ်နိုင် သည်။ ထိခိုက်ဒဏ်ရာရသူသည် ဦးရေပြားပွန်းပဲ့ခြင်း သို့မဟုတ် ဦးရေ ပြားဒဏ်ရာကဲ့သို့သော အသေးစားဒဏ်ရာတစ်ခု ရရှိပါက လုံးဝအဝသတိလစ်သွားနိုင်သည်။ အားကစားပြုလုပ်စဉ် ဦးခေါင်းကို ပြင်းထန်စွာထိုးနှက်ခံရပါက ခေတ္တသတိ လစ်သွားနိုင်သည်။
ဦးနှောက်သည် ဦးခေါင်းခွံအတွင်း၌တည်ရှိပြီး အရည်များဖြင့်ဖုံးအုပ်ထားသော ကြောင့် ဦးခေါင်းကိုထိုးနှက်မိခြင်းဖြင့် ဉီးနှောက်တုန်လှုပ်သွားနိုင်သည်။ထိုအခါ
ခဏတာသတိလစ်သွားနိုင်သည်။ နောက်ဆက်တွဲပြဿနာအဖြစ် လုံးဝသတိ လစ်သွားနိုင်သည်။ ထိုအပြင် စိတ်ခံစားမှုများကို ထိခိုက်စေနိုင်ပြီး ဆက်သွယ်မှုနှင့်မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်အပြင်၊ ကိုယ်ရည်ကိုယ်သွေးပြောင်းလဲခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု၏ အစပျိုး လက္ခဏာများဖြစ်နိုင်သည်။
ဦးခေါင်းကို ပြင်းထန်စွာထိုးနှက်ခံရသူသည် ဦးခေါင်းခွံအတွင်း သွေးထွက်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်းဖြစ်ပေါ်ကာ ဦးနှောက်ကို ဖိထားသလိုဖြစ်စေသည်။ ယင်းသည် ပြင်းထန်သောအခြေအနေဖြစ်သည်။ သက်ရောက်မှုဖြစ်ပြီးနောက် ဖိအားသည် ချက်ချင်း သို့မဟုတ် နာရီအနည်းငယ် သို့မဟုတ် ရက်အနည်းငယ်အကြာတွင်မြင့်တက်လာနိုင်သည်။ ဦးခေါင်း ဒဏ်ရာ၏ပြင်းထန်မှုသည် ဒဏ်ရာပြင်းထန်မှုနှင့် ဦးခေါင်းအပေါ်သက်ရောက်မှုတို့နှင့်ဆက်စပ်နေသည်။ အရှိန်ပြင်းပြင်း တိုက်မိခြင်း သို့မဟုတ် အမြင့်မှပြုတ်ကျပြီးနောက် ပြင်းထန်သော ဦးခေါင်းဒဏ်ရာဖြစ်နိုင်သည်။
ဉီးခေါင်းဒဏ်ရာရရှိပါက
-----------------------
ခဏတာအသိဉာဏ်ချို့ယွင်းခြင်း၊ ဦးရေပြားဒဏ်ရာ၊ မူးဝေခြင်း သို့မဟုတ် ပျို့အန်ခြင်း၊ ဒဏ်ရာရချိန်တွင် သို့မဟုတ် ဒဏ်ရာမဖြစ်မီတွင် အဖြစ်အပျက်များကို မမှတ်မိတော့ခြင်း။ ယေဘုယျအားဖြင့် ခေါင်းကိုက်ခြင်း။ စိတ်ရှုပ်ထွေးခြင်းတို့ဖြစ်သည်။
ပြင်းထန်သော ဦးခေါင်းထိခိုက်ဒဏ်ရာရပါက
ဦးခေါင်းကို ပြင်းထန်စွာ ထိုးနှက်မှုဖြစ်ခဲ့ခြင်း၊ တုံ့ပြန်မှုအဆင့် ယိုယွင်းလာခြင်း၊ သတိလစ်ခြင်၊း နား သို့မဟုတ် နှာခေါင်းမှ သွေး သို့မဟုတ် သွေးစွန်းနေသော အရည်များယိုစိမ့်ခြင်း၊ မျက်စိသူငယ်အိမ်အရွယ်အစား မညီခြင်း စသည့်လက္ခဏာများကိုတွေ့ရသည်။
အိပ်ငိုက်ခြင်း အိပ်ချင်မူးတူးဖြစ်ခြင်း၊ ဆက်တိုက်ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မူးဝေခြင်း၊ ကိုယ်ဟန်ချက်မညီခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ စကားပြောရခက်ခြင်း၊ လမ်းလျှောက်ရန်ခက်ခဲခြင်း၊ ထိခိုက်ဒဏ်ရာရပြီးနောက် မကြာခဏအော့အန်ခြင်း၊ အမြင်နှစ်ထပ်ဖြစ်ခြင်း၊ တက်ခြင်း စသည့် ဆိုးရွားလသော လက္ခဏာများကို သတိပြုမိပါက ဆေးဘက်ဆိုင်ရာအကြံဉာဏ်ရယူရန်လိုအပ်သည်။
ပြုစုနည်း
---------
၁။ ထိခိုက်ဒဏ်ရာရသူကို ထိုင်ခိုင်းပြီး ဒဏ်ရာတစ်ဝိုက် ရေအေးဝတ်တင်ပေးပါ။ သတိရှိမှု အဆင့်ကိုအကဲဖြတ်ပါ။ ဦးရေပြားဒဏ်ရာကို တိုက်ရိုက်ဖိနှိပ်ပေးထားပါ။
၂။ အသက်ရှုခြင်း၊ သွေးခုန်နှုန်းနှင့် တုံ့ပြန်မှုအဆင့်လက္ခဏာများကို ပုံမှန်စောင့်ကြည့်ပြီးမှတ်တမ်းတင်ပါ။ အထူးသဖြင့် လူနာ၏ တုံ့ပြန်မှုအဆင့်ပြောင်းလဲမှုများကို စောင့်ကြည့်ပါ။
၃။ လူနာပြန်လည်ကောင်းမွန်လာသောအခါတွင် တစ်ဦးဉီးကတာဝန်ယူ၍ ပြုစုစောင့်ရှောက်ပေးပါ။.
၄။ ဒဏ်ရာသည် အားကစားမတော်တဆမှု တစ်ခုကြောင့်ဖြစ်လျှင် ဆေးဘက်ဆိုင်ရာဆရာဝန်မှ အပြည့်အဝအကဲဖြတ် မပြီးမချင်း ပြန်ခွင့်မပြုပါနှင့်။
၅။ ဆေးဝါးအကူအညီရယူရန် သို့မဟုတ် ပိုဆိုးလာသော ဦးခေါင်းဒဏ်ရာ၏ လက္ခဏာများပေါ်ပေါက်လာပါက သို့မဟုတ် အောက်ပါအခြေအနေ တစ်စုံ တစ်ရာသက်ရောက်ပါက ဆေးရုံသို့ပို့ဆောင်ရန် စီစဉ်ပါ-
- လူနာအသက်က ၆၅ နှစ်ကျော်ဖြစ်လျှင်
- အရင်က ဦးနှောက်ခွဲစိတ်မှုခံယူဖူးလျှင်
- Anticoagulant (ဆီးကျိတ်) ဆေးသောက်နေလျှင်
- မူးယစ်ဆေး သို့မဟုတ် အရက်သေစာသောက်စားမှုကြောင့် ဦးခေါင်း
ထိခိုက်ဒဏ်ရာရလျှင်
- စောင့်ရှောက်ပေးမည့်သူ မရှိလျှင်။
07/12/2022
First Aid for Diabetic Emergencies
ဆီးချိုရောဂါသည်အား အရေးပေါ်ပြုစုပေးခြင်း
===========================
ဆီးချိုရောဂါလူနာများတွင်ဖြစ်နိုင်သည့် အရေးပေါ်အခြေအနေနှစ်ခုမှာ သွေးထဲတွင်သကြားဓာတ်များခြင်းနှင့်သွေးထဲသကြားဓာတ်နည်းခြင်းတို့ဖြစ်သည်။ ဆေးဘက်ဆိုင်ရာအသုံးအနှုန်းများအရ သွေးထဲတွင်သကြားဓာတ်များခြင်းကို ဟိုက်ပါဂလိုင်ဆီးမီရား hyperglycemia ဟုခေါပြီး၊ သွေးထဲတွင် သကြားဓာတ်နည်းခြင်းကို ဟိုက်ပိုဂလိုင်ဆီးမီးရား hypoglycemia ဟုခေါ်သည်။ သွေးထဲတွင် သကြားဓာတ်နည်းခြင်းနှင့်များခြင်း၏ သတိပေးလက္ခဏာများကို ရှေးဉီးပြုစုသူအနေဖြင့် ခွဲခြားသိရှိရန်လိုအပ်သည်။
ဆီးချိုရောဂါသည် မိမိကိုယ်ကို အလွန်အကျွံအားစိုက်ကာလုပ်ကိုင်ခြင်း၊ ခန္ဓာကိုယ်တွင် ရေဓာတ်ပုံမှန်မရှိခြင်းနှင့် အစားအစာကိုဆင်ဆင်ခြင်ခြင် မစားသုံးခြင်းတို့ကြောင့်ဖြစ်သည်။
ထို့အပြင် ဆီးချိုရောဂါလူနာများတွင် နေထိုင်မကောင်းမှုများကြောင့်လည်း သွေးတွင်းသကြားဓာတ်မြင့်မားခြင်းကိုဖြစ်စေနိုင်၏။ ဥပမာ ရောဂါကူးစက်မှုများသည် သွေးတွင်းသကြားဓာတ်ပမာဏကို အန္တရာယ်များသည့်အဆင့်အထိမြင့်တက်စေနိုင်သည်။
သွေးထဲသကြားဓာတ်နည်းခြင်း၏လက္ခဏာများ
----------------------------------------------
စိတ်ရှုပ်စိတ်တိုခြင်း၊ ဆာလောင်ခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသားအရေစိုထိုင်းကာ အရောင်ဖျော့ တော့တော့ဖြစ်ခြင်း၊ ဗလုံးဗထွေးစကားပြောခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ခန္ဓာ ကိုယ်တုန်လှုပ်ခြင်းတို့ဖြစ်သည်။
သွေးထဲတွင် သကြားဓာတ်နည်းလက္ခဏာရှိသူကို သကြားဓာတ်ပါသောအရည်တစ်ခုခုတိုက်ကျွေးပေးရမည်။ လူနာသည် တုံ့ပြန်မှုမရှိပါက ချက်ချင်းဆေးကုသမှုခံယူသင့်သည်။ တုံ့ပြန်မှုမရှိသော လူနာအားအသက်ရှုလမ်းကြောင်းမပိတ်စေရန်သတိပြုရမည်။ စိတ်ချရသောဘေးစောင်းအနေအထား (လေးပုံသုံးပုံစောင်းလျက်) ထားပေးပါ။
သွေးထဲသကြားဓာတ်များခြင်း၏လက္ခဏာများ
---------------------------------------------
စိတ်ရှုပ်စိတ်တိုခြင်း၊ ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်ဝေဝါးခြင်း သွေးခုန်နှုန်းမြန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသားအရေဖြူဖတ်ဖြူလျော်ဖြစ်ခြင်း၊ ပျို့တက်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းပိုက်နာခြင်း၊ အသက်ရှုသည့်အခါ သစ်သီးနံ့ရခြင်းတို့ဖြစ်သည်။
သွေးထဲရှိသကြားဓာတ်များနေပါက ဆေးကုသမှုခံယူရန်လိုအပ်၏။ အဆင့်မြင့်ဆေးကုသမှုခံယူရန် နှောင့်နှေးခြင်းမပြုလုပ်ပါနှင့်။ လူနာသတိမေ့နေပါက အသက်ရှုလမ်းကြောင်းမပိတ်စေရန်သတိပြုရမည်။ စိတ်ချရသောဘေးစောင်းအနေထားထားပေးရမည်။
ဆီးချိုရောဂါရှိသူများသည် ၎င်းတို့၏သွေးတွင်းသကြားဓာတ်ပမာဏကိုစစ်ဆေးရန် ၎င်းတို့၏ကိုယ်ပိုင်သွေးစစ်ဆေးသည့် ကိရိယာကိုဆောင်ထားသင့်သည်။ ဖြစ်ပွားနိုင်သည့် အရေးပေါ်အခြေအနေများအတွက် ကောင်းမွန်စွာပြင်ဆင်ထားသင့်သည်။ ဥပမာ သကြား၊ သကြားလုံး သို့မဟုတ် ဂလူးကို့စ်တို့ကိုဆောင်ထားသင့်သည်။ သွေးထဲသကြားဓာတ်နည်းခြင်း hypoglycemic ဖြစ်ပွားမှုအဆင့်မြင့်လာပါက၊ အသိဉာဏ်ချို့ယွင်းသွားနိုင်ပြီး အရေးပေါ်အကူ အညီလိုအပ်လာနိုင်သည်။
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the school
Telephone
Website
Address
YANGON
Yangon