Steps Language Center
Language
Learners တို့အတွက်christmas နဲ့new yearအတွက်giftလေးတွေယူဆောင်လာခဲ့ပေးပါတယ်ရှင့်
New year နဲ့christmasနီးပြီဆိုတော့သူတို့နဲ့ပတ်သက်တဲ့vocabလေးတွေသိထားဖို့လိုပါတယ်ရှင့်
Vocabလေးတွေကိုမပြောပြခင်မှာNew year eve နဲ့ christmas eveဆိုတာလေးကိုနည်းနည်းလေးပြောပြပေးပါ့မယ်
Eveဆိုတာကတော့ Special dayမရောက်ခင်တစ်ရက်အလို ဒါမှမဟုတ် တစ်ညနေ တစ်ည ဆိုတဲ့အဓိပ္ပါယ်အနေနဲ့သုံးကြပါတယ်ရှင့်
ဒါဆိုရင်အဓိကပေးမဲ့လက်ဆောင်ဆီသွားကြရအောင်နော်
For Christmas
A carol
ကတော့christmasနဲ့ဆိုင်တဲ့religious or non -religious songပဲဖြစ်ပါတယ်
Warping paper
Christmas gift တွေကိုdecoratedလုပ်တဲ့paperပါ
A card
ကိုယ်ချစ်ခင်ရတဲ့သူတွေဆီကို greeting cardလေးတွေပို့တဲ့အခါသုံးကြပါတယ်
White Christmas
Christmas နေ့မှာနှင်းကျရင်white Christmas လို့ခေါ်ကြပါတယ်
For new year
Hourglass
New year celebratingလုပ်တဲ့အခါ သုံးကြပါတယ် သဲနာရီလို့လည်းခေါ်ကြပါတယ်
Fireworks
မီးရှူးမီးပန်း
New year eve's special event အနေနဲ့ပြုလုပ်ကြပါတယ်ရှင့်
Firecrackers
မီးရှူးမီးပန်းတစ်မျိုးပါပဲ
(Fireworks နဲ့Firecrackersတွေကိုnew yearပွဲတော်ကို နတ်ဆိုးရန်မှကင်းဝေးပြီးပျော်ရွှင်စွာဆင်နွှဲနိုင်ဖို့ပြုလုပ်ကြတယ်လို့ ဖတ်ရှူဖူးပါတယ်ရှင့်
တစ်ချို့အိမ်တွေမှာတော့new yearနေ့အိမ်အပြင်ထွက်ဖို့တံခါးမဖွင့်ခင်မှာမီးရှူးမီးပန်းတွေပစ်ပြီးမှဖွင့်တယ်လို့လည်းကြာဖူးပါတယ်ရှင့်)
ဒီနေ့တော့ဒီလောက်ပါပဲနော်
Vocabulary နဲ့အတူဗဟုသုတရစေဖို့ရည်ရွယ်ချက်နဲ့မျှဝေပေးလိုက်ပါတယ်ရှင့်
Content and Graphic by Hazuki
29/11/2022
Hello Hello Hello.......
ဒီနေ့မှာ အင်္ဂလိပ်စာအသုံးအနှုန်းနဲ့ပတ်သတ်ပြီးတော့ တစ်ခု၊နှစ်ခု၊သုံးလေးခုလောက်လေး မျှဝေပေးချင်တာလေးရှိပါတယ်ရှင်။
အဲ့တာကတော့ Basic english vs Advanced english ဘာတွေကွဲသွားလဲဆိုတာလေးပါ။ Advanced english ကို ဘယ်မှာအများဆုံးတွေ့ရတတ်လဲဆိုရင်တော့ english movies တွေမှာ တွေ့ရတတ်ပါတယ်။ ဒီတော့ ကိုယ်က Advanced english လေးနဲ့ပြောရင် လူပိုရှိန်တာပေါ့နော်.....✌။
ကဲ....ဒါဆိုရင် ကိုယ်တို့ နေ့စဉ်သုံးနှုန်းဖြစ်နေတဲ့ အသုံးအနှုန်းလေးကပဲစလိုက်ကြမယ်နော်။
*** "ငါဗိုက်ဆာနေပြီ" ဆိုတာကို ပုံမှန်ဆိုရင် "I'm very hungry." လို့ပြောကြတယ်မလား။ ဒါပေမယ့် advanced english မှာတော့ "I'm starving" လို့ သုံးနှုန်းပါတယ်။
*** "စာလုပ်ဖို့အချိန်ရောက်ပြီ" ဆိုတာကို "It's time to study" အစား "It's time to hit the books." လို့သုံးနှုန်းလိုက်ရင် ပိုပြီးအထင်ကြီးသွားတာပေါ့....ဟဲဟဲ😜။
*** Crush ကို "ငါနင့်ကိုကြိုက်တယ်" ဆိုတာကို "I like you a lot" လို့ပြောမယ့်အစား "I'm so into you" လို့ပြောလိုက်ရင် Crush က တစ်ခါထဲအဖြေပေးရင်လည်းပေးလိုက်မှာပေါ့ နော့်။
*** ပေါက်ကရစကားတွေနဲ့လာကြွယ်နေတဲ့လူကို "နင်ရူးနေလား" လို့ပြောတတ်ကြတယ်မလား။ "Are you mad?" အစား "Are you out of mind" လို့ အထာကျကျချေမိုးပြောလိုက်ရအောင်လေနော်။
*** သူငယ်ချင်းအချင်းချင်းတွေ့ဖို့ရှိတာပဲဖြစ်ဖြစ်၊ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ ဒိတ်ဖို့ရှိတာပဲဖြစ်ဖြစ်၊ "Let's meet today" "ငါတို့ဒီနေ့ တွေ့ကြရအောင်" လို့ပြောတတ်ကြတယ်မလား။ ဒီလိုမျိုးလေးအစား "Let's catch up today" လို့သုံးနှုန်းလိုက်ရင်လည်း အတူတူပဲဆိုတာသိသွားပြီထင်ပါတယ်။
ကဲဒါဆိုရင် Basic english Vs Advanced Englsih ဘယ်လိုတွေသုံးနှုန်းတယ်ဆိုတာကို အနည်းငယ်မျှဝေပေးခဲ့ပါပြီရှင်။
See you soon guys......
Content and Graphic by Iruka
Click here to claim your Sponsored Listing.
Category
Address
Yangon