GATE Institute
©️ Grow All Together with Education - 2022
03/03/2026
🎓 Harvard လက်မှတ်အများအပြားကို FREE ရယူနိုင်မယ့် 1 year EdX pass နှင့် GATE's Edx Scholarship giveaway‼️
“ Harvard University က သင်တန်းတွေကို တက်ပြီးတဲ့အခါ Harvard က ချီးမြှင့်တဲ့ Professional Certificate ပေါ်မှာ သင့်နာမည်ပါလာမှာကို စဉ်းစားကြည့်ပါ ” ဒီအရာက အဖြစ်မှန်တခုဖြစ်လာတော့မှာပါ။
ဒီလို အခွင့်အရေးကိုတော့ 1 year EdX Pass မှတဆင့် ရရှိနိုင်ပါတယ်။ ဒီ Plan ထဲမှာဆိုရင် Harvard ရဲ့နာမည်ကျော် CS50 course တွေ အပါအဝင် Top Institutions များစွာမှ Professional Certificate 100 ကျော်နဲ့ Certificate 300 ကျော်ကို တနှစ်အတွင်း Unlimited စိတ်ကြိုက်တက်ပြီး စိတ်ကြိုက် Certificate ရယူနိုင်မယ်။
🎯 1 year EdX pass မှာပါဝင်တဲ့ Harvard Professional Certificate သင်တန်းများ
✅ Leadership & Communication Professional Certificate
✅ Data Science Professional Certificate
✅ Python for Data Science Professional Certificate
✅ Computer Science for Web Programming
✅ CS50 – Introduction to Computer Science
✅ Computer Science for Artificial Intelligence
✅ Computer Science for Cybersecurity
✅ The Science of Cooking
and other ....
💡 1 year EdX pass ထဲမှာ
Harvard, New York Institute of Finance, RIT, University of Columbia စတဲ့ တက္ကသိုလ်ကြီးများက
AI, Coding, Cybersecurity, Data Analytics, Finance, Accounting, Business, Leadership, Project Management စတဲ့ သင်ခန်းစာတွေကို
✨ Certificate ဖိုး ထပ်ပေးစရာမလိုဘဲ
ကိုယ်ပိုင်နာမည်နဲ့ ကိုယ်ပိုင် Email နဲ့ထုတ်ယူလို့ရပါတယ်။
📌 Certificate တခုချင်းစီက $200 ဝန်းကျင်တန်ပါတယ်။
Edx premium ရဲ့ မူရင်းဈေးကတော့ တနှစ်စာကို ၁၂ သိန်း ၈ သောင်း ကျပ်ဖြစ်ပြီး
အခုနောက်ဆုံး Promotion အနေနဲ့ Edx one year pass ကို –
“တနှစ်လုံးလုံး စိတ်ကြိုက်တက် စိတ်ကြိုက်လက်မှတ်ယူ ➡️ ၈၀,၀၀၀ Ks” ထဲနဲ့သာ သင့်ရဲ့ ပညာရေးနယ်ပယ်မှာ ချဲ့ထွင်နိုင်ပါပြီ
အခုပဲ “EdX” လို့ Message လိုက်ပါ။
Giveaway and price 🎁
✨ Edx Pass
1 year 80,000 Ks
🎟️ Edx Pass Combo
2 accounts 150,000 Ks
📢 Discounts
10% off (Like & share to enjoy)
🔥 GATE's Edx scholarship giveaway
လစဥ် တလကို Edx pass 1 ခု giveaway ပေးသွားမည့် GATE's Edx scholarship Giveaway.
How to apply?
✅ Post ကို like & share လုပ်ထားတဲ့ screenshot
✅ Scholarship နဲ့ ဘာကြောင့်ထိုက်တန်ကြောင်း cover letter ကို ရေးသားပြီး GATE Non-profit Education Institute messenger မှတဆင့် Apply လုပ်လိုက်ပါ။
23/07/2025
အခမဲ့ မဟာဘွဲ့ : FREE US Master Degree in Financial Engineering 🇺🇸
ကမ္ဘာ့အဆင့်မီ Quantitative Finance နဲ့ Data Science ပညာရပ်တွေကို အခမဲ့ သင်ယူချင်လား? 🎓💻
အနာဂတ်ရဲ့ အလားအလာအကောင်းဆုံး နယ်ပယ်တွေထဲက တခုဖြစ်တဲ့ Financial Engineering နဲ့ Data Science ကို လေ့လာဖို့ စိတ်ဝင်စားသူတွေအတွက် သတင်းကောင်းတခု ရှိပါတယ်။ ဒါကတော့ WorldQuant University (WQU) ပဲ ဖြစ်ပါတယ်။
WorldQuant University (WQU) ဆိုတာဘာလဲ? 💡
WorldQuant University (WQU) ဟာ အရည်အချင်းရှိတဲ့ ကျောင်းသား၊ ကျောင်းသူတိုင်းအတွက် ကမ္ဘာ့အဆင့်မီ အဆင့်မြင့်ပညာရေးကို အခမဲ့ ပေးအပ်ဖို့ ရည်ရွယ်ပြီး တည်ထောင်ထားတဲ့ အွန်လိုင်း တက္ကသိုလ်တခုဖြစ်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကတော့ ကမ္ဘာတဝှမ်းက ပညာလိုလားသူတိုင်းကို အရည်အသွေးမြင့်မားတဲ့ Data Science နဲ့ Quantitative Skills တွေကို သင်ကြားပေးဖို့ပါ။
WQU မှာ ဘာတွေသင်ယူနိုင်မလဲ? 📚
WQU က အဓိကအားဖြင့် အောက်ပါ Programs တွေကို အခမဲ့ ပေးအပ်ထားပါတယ်:
1️⃣ Master of Science in Financial Engineering (MSc.FE): Quantitative Finance နယ်ပယ်မှာ အထူးပြုချင်သူတွေအနေနဲ့ ရွေးချယ်သင့်ပြီး သင်္ချာ၊ ကွန်ပျူတာသိပ္ပံနဲ့ ဘဏ္ဍာရေးသီအိုရီတွေကို ပေါင်းစပ်လေ့လာရမှာပါ။ ဘဏ္ဍာရေးစျေးကွက်တွေရဲ့ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ခွဲခြမ်းစိတ်ဖြာဖြေရှင်းဖို့ လိုအပ်တဲ့ Quantitative Skills တွေကို တည်ဆောက်ပေးပါလိမ့်မယ်။ မဟာဘွဲ့ရဖို့ ၂ နှစ်ကြာမြင့်ပြီး Online ကနေပဲ သင်ယူရမှာပါ။
2️⃣ Applied Data Science Lab Certificate: Data Science ရဲ့ အခြေခံကျတဲ့ အသိပညာနဲ့ လက်တွေ့ကျွမ်းကျင်မှုတွေကို သင်ယူနိုင်ပါတယ်။ Python programming, Data Analysis, Machine Learning Model တွေတည်ဆောက်တာ စတာတွေကို လက်တွေ့ project တွေနဲ့ သင်ကြားပေးမှာပါ။ ၁၆ ပတ် (၄ လ) ခန့် ကြာမြင့်ပြီး Beginner အဆင့်ကနေ စတင်နိုင်ပါတယ်။
WQU ရဲ့ ထူးခြားချက်တွေက ဘာတွေလဲ? ✨
➡️ ၁၀၀% အခမဲ့: သင်တန်းကြေး လုံးဝပေးစရာမလိုဘဲ တက်ရောက်နိုင်ခြင်း
➡️ အသိအမှတ်ပြုထားသော ဘွဲ့/လက်မှတ်များ: WorldQuant University သည် US-based ဖြစ်ပြီး Distance Education Accrediting Commission (DEAC) မှ အပြည့်အဝ အသိအမှတ်ပြုထားတဲ့ တက္ကသိုလ်တစ်ခု ဖြစ်ခြင်း
➡️ Online & Flexible: ကမ္ဘာ့ဘယ်နေရာကမဆို၊ ကိုယ်အားလပ်တဲ့အချိန်မှာ Online ကနေ သင်ယူနိုင်ခြင်း
➡️ လက်တွေ့ကျသော သင်ရိုးညွှန်းတမ်း: လုပ်ငန်းခွင်လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းတွေကို Industry Experts တွေက ရေးဆွဲထားတာကြောင့် လက်တွေ့ကျတဲ့ ဗဟုသုတတွေ ရရှိခြင်း
➡️ ကမ္ဘာလုံးဆိုင်ရာ အသိုင်းအဝိုင်း: ကမ္ဘာတဝှမ်းက ကျောင်းသား/သူတွေ၊ ဆရာ/မတွေနဲ့ ချိတ်ဆက်ပြီး သင်ယူလေ့လာနိုင်ခြင်း
ဘယ်သူတွေအတွက် သင့်တော်လဲ❓
သင်္ချာ၊ စာရင်းအင်း၊ ကွန်ပျူတာ ဘာသာရပ်တွေမှာ အခြေခံရှိပြီး၊ Financial Engineering (သို့) Data Science နယ်ပယ်မှာ အသက်မွေးဝမ်းကျောင်းပြုချင်သူတွေ၊ ဒါမှမဟုတ် လက်ရှိအလုပ်အကိုင်ကို မြှင့်တင်ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။
ဘယ်လိုလျှောက်ထားနိုင်မလဲ? 🏆
WQU ရဲ့ ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုပြီး စိတ်ဝင်စားတဲ့ Program ရဲ့ လျှောက်ထားမှု လိုအပ်ချက်တွေကို ဖတ်ရှုကာ တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ (အင်္ဂလိပ်စာ အရည်အချင်း၊ Quantitative Proficiency Test၊ Bachelor Degree တို့ လိုအပ်နိုင်ပါတယ်။)
အခမဲ့ ပညာသင်ယူရင်း ကိုယ့်ရဲ့ Career ကို အဆင့်မြှင့်တင်ဖို့ WorldQuant University ရဲ့ အခွင့်အရေးကို လက်လွတ်မခံပါနဲ့! 🚀
ပိုမိုသိရှိလိုပါက ဤလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်: 👉 www.wqu.edu
ဒီအချက်အလက်တွေက သင့်အတွက် အကျိုးရှိမယ်ဆိုရင် သူငယ်ချင်းတွေလည်း သိအောင် Share ပေးဖို့နဲ့ Mention လုပ်ဖို့ မမေ့ပါနဲ့နော်။ ❤️
#အခမဲ့ပညာရေး #အွန်လိုင်းသင်တန်း #အလုပ်အကိုင်အခွင့်အလမ်း #ဒေတာသိပ္ပံ #ဘဏ္ဍာရေး #တက္ကသိုလ်
©️ GATE - Grow All Together with Education.
24/06/2025
အလုပ်အတွေ့အကြုံမရှိလို့ စိတ်ညစ်နေလား?
Microsoft, Google တို့လို ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတွေမှာ Internship ဆင်းပြီး လုပ်ငန်းခွင်အတွေ့အကြုံကို အခမဲ့ ရယူနိုင်မယ့် နည်းလမ်းကောင်းတခုရှိပါတယ်။ ✅
ဒါကတော့ Forage လို့ခေါ်တဲ့ Virtual Work Experience Platform ပါပဲ
Forage ဆိုတာဘာလဲ? 💻
Forage ဆိုတာက အလုပ်အတွေ့အကြုံလိုအပ်သူများအတွက် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတွေရဲ့ project တွေကို လက်တွေ့လုပ်ဆောင်ခွင့်ရအောင် ဖန်တီးပေးထားတဲ့ အွန်လိုင်းပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ တကယ့်လုပ်ငန်းခွင်တွေမှာ လုပ်ရတဲ့ Task တွေကို Simulation အနေနဲ့ ပြန်လည်လုပ်ဆောင်ပေးတာဖြစ်လို့ တကယ့်အတွေ့အကြုံနဲ့ ထပ်တူနီးပါး ရရှိမှာပါ။
Forage Program တွေရဲ့ အားသာချက်တွေက ဘာတွေလဲ? ✨
💯 ၁၀၀% အခမဲ့ဖြစ်ခြင်း: စာရင်းပေးသွင်းဖို့ရော၊ အလုပ်သင်အစီအစဉ်ပြီးဆုံးဖို့ပါ ဘာအခကြေးငွေမှ ပေးစရာမလိုပါဘူး။
⏰ အချိန်မရွေး၊ နေရာမရွေး လုပ်နိုင်ခြင်း: အားလပ်တဲ့အချိန်မှာ ကိုယ့်အရှိန်နဲ့ကိုယ် ကိုယ့်အိမ်ကနေပဲ လုပ်ဆောင်နိုင်ပါတယ်။ တစ်ခုပြီးမြောက်ဖို့ ၅ နာရီကနေ ၆ နာရီလောက်ပဲ ကြာမြင့်ပါတယ်။
🏢 ကမ္ဘာ့ထိပ်တန်းကုမ္ပဏီများဖြစ်ခြင်း: Google, BCG, KPMG, Accenture, Electronic Arts (EA) တို့လို နာမည်ကြီးကုမ္ပဏီ (၁၀၀) ကျော်ရဲ့ Program တွေကို ရွေးချယ်နိုင်ပါတယ်။
📜 Certificate ရရှိခြင်း: Program တစ်ခုပြီးသွားတိုင်းမှာ သင့်ရဲ့ CV, LinkedIn Profile တွေမှာ ထည့်သွင်းအသုံးပြုနိုင်မယ့် Certificate ကို ကုမ္ပဏီရဲ့ အသိအမှတ်ပြုမှုနဲ့အတူ ရရှိမှာပါ။
💼 လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံကို ရယူနိုင်ခြင်း: ဒါတွေက သင်တန်းတွေမဟုတ်ပါဘူး။ တကယ့်လက်တွေ့လုပ်ငန်းခွင်မှာ လုပ်ရမယ့် Task တွေကိုပဲ လုပ်ဆောင်ရမှာဖြစ်လို့ ကိုယ့်ရဲ့ Skill တွေကို အမှန်တကယ် တိုးတက်စေပါတယ်။
ဘယ်သူတွေအတွက်လဲ?
Career ပြောင်းချင်သူများနဲ့ လုပ်ငန်းခွင်အတွေ့အကြုံ အသစ်အဆန်းရှာဖွေနေသူတိုင်းအတွက် အထူးသင့်တော်ပါတယ်။
ဘယ်လိုစတင်ရမလဲ?
Forage ရဲ့ Website ဖြစ်တဲ့ 👉 www.theforage.com ကိုသွားပါ။
ကိုယ်စိတ်ဝင်စားတဲ့ လုပ်ငန်းအမျိုးအစား (ဥပမာ - Software Engineering, Marketing, Finance) ဒါမှမဟုတ် ကုမ္မဏီကို ရွေးချယ်ပါ။
Register လုပ်ပြီး အခုပဲ အခမဲ့ စတင်လိုက်ပါ။
ဒီလို အခွင့်အရေးကို လက်လွှတ်မခံဘဲ ကိုယ့်ရဲ့ CV ကိုမြှင့်တင်ဖို့ အခုပဲ Forage မှာ ပါဝင်လိုက်ပါ။ 💪
ဒီ Post လေးက အကျိုးရှိတယ်ဆိုရင် တခြားသူတွေသိအောင် Share လုပ်ပေးပြီး ကိုယ့်သူငယ်ချင်းတွေကိုလည်း Mention ခေါ်ပေးလိုက်ပါဦး။ ❤️
#အခမဲ့သင်တန်း #အွန်လိုင်းအလုပ်သင် #အလုပ်အကိုင်အခွင့်အလမ်း #မြန်မာ
©️ GATE - Grow All Together with Education.
07/09/2023
UK Diploma Free ယူမယ် ✨✨
Centre of Excellence (UK) မှ သင်ကြားပေးမည့်
- Home Education Diploma
- Learn to Heal with Herbs Diploma
- Improve Your Memory Diploma
- Healing Your Life With Crystals Diploma
များအား Online မှ 100% အခမဲ့တက်ရောက်နိုင်ပါပြီ။
သင်တန်းပြီးဆုံးအောင်မြင်ပါက
Centre of excellence (UK) မှ ချီးမြှင့်မဲ့ Diploma တစ်ခု နှင့်
CPD (UK) မှ ချီးမြှင့်မဲ့ CPD credit ပါဝင်တဲ့ Diploma တစ်ခုတို့ကို
Digital version ဖြင့် Free ရယူနိုင်ပါသည်။
သို့သော် Paper ဖြင့်လိုချင်ပါက ထပ်ဆောင်းကျသင့်ပါမည်။
Quality License Scheme (UK) မှ ပေးမည့် Diploma တစ်ခု
ထပ်မံရယူလိုပါက ထပ်ဆောင်းကုန်ကျပါလိမ့်မည်။ ၄င်း ၂ခု မလိုအပ်ပါက 100% အခမဲ့ဖြစ်သည်။
GATE တွင် Formဖြည့်တက်ရောက်ထားသော ဂိတ်သူ၊ ဂိတ်သားများအနေဖြင့် သင်တန်းပြီးဆုံးပါက ရရှိလာမည့် Centre of excellence (UK) Diploma လက်မှတ်ပြပြီး GATE Institute မှ အခမဲ့ Digital Diploma တစ်ခုထပ်မံရယူနိုင်ပါတယ်။
ဒါ့ကြောင့် သင်တန်းတစ်ခုပြီးသွားရင်
Free လေ့လာသူများအနေဖြင့် Diploma 3 ခု
Paid လေ့လာသူများအတွက် Diploma 4 ခု ရရှိမှာဖြစ်ပါတယ်။
CoE Account ဖွင့်ရန်
https://www.centreofexcellence.com/ref/register?ref=0d63edfeb5e2982
📝 လျှောက်လွှာတင်ရန်
1. Home Education Diploma
https://forms.gle/y1F4oyRbPAkKXdoY9
2. Learn to Heal with Herbs Diploma
https://forms.gle/VVHfFWHDW36XGqBx6
3. Improve Your Memory Diploma
https://forms.gle/csTUMUxjkMzLM7M8A
4. Healing Your Life With Crystals Diploma
https://forms.gle/M8ymqHDTAY8QbYLu9
( *GATE Additional Diploma ယူလိုသူများ )
အားလုံးရဲ့လှပတဲ့အနာဂတ်တွေကိုသွားနိုင်မဲ့ GATE.
Click here to claim your Sponsored Listing.
Category
Telephone
Address
Yangon