SSMall
Our Sunshine Online Shopping Mall Website and Page sells only Korean High Quality Products.
30/04/2026
🌕 ကဆုန်လပြည့် ဗုဒ္ဓနေ့ နှင့် ညောင်ရေသွန်းပွဲတော် 💦
===============================
🙏🏻ယနေ့မှာကျရောက်တဲ့ “ကဆုန်လပြည့်နေ့” ဟာဆိုရင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့တန်ဖိုးထားရာ နေ့ထူးနေ့မြတ်တစ်ရက်ပဲဖြစ်ပါတယ်။
“ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့” ဟုဆိုသည့်အတိုင်း သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရှင်၏
🙏🏻ဗျာဒိတ်တော်ခံယူတော်မူတဲ့နေ့၊
🙏🏻ဖွားမြင်တော်မူတဲ့နေ့၊
🙏🏻ဘုရားဖြစ်တော်မူတဲ့နေ့၊
🙏🏻ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့နေ့ စတဲ့ ထူးကဲတဲ့အဖြစ်တော်များဖြစ်တော်မူခဲ့ခြင်းကြောင့် “ကဆုန်လပြည့်နေ့” ကို ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ အမြတ်ဆုံးနေ့လို့မှတ်ယူကြပါတယ်။
🌞 ထို့အပြင် ကဆုန်လ သည် ရာသီဥတုပူပြင်း၍ ရေနည်းပါးသောကာလဖြစ်သဖြင့် 💧 ဗောဓိပင်များ မညှိုးနွမ်း မခြောက်သွေ့စေရန်နှင့် မြတ်ဗုဒ္ဓအား အမှတ်ရစေလိုသော ရည်ရွယ်ချက်ဖြင့် ညောင်ရေသွန်းပွဲတော် ကို ကျင်းပကြခြင်းဖြစ်ပါသည်။
ကဆုန်လပြည့်ဗုဒ္ဓနေ့မှာ ကောင်းမှုကုသိုလ်များ ပွားများရင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်း SSMall မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်🙏🙏🙏
#ဗုဒ္ဓနေ့
17/04/2026
“ နှစ်ဆန်းတစ်ရက်နေ့ ဆုတောင်း “
(၁၃၈၈) ခုနှစ် မြန်မာ့နှစ်သစ်ကူး အခါသမယမှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း SSMallမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
လာမယ့် နှစ်သစ်မှစ ကံကောင်းမှုတွေရရှိ ပိုင်ဆိုင်နိုင်ကြပြီး စီးပွား၊ လာဘ်လာဘများ ဒီရေအလား တိုးတက်ပိုင်ဆိုင်နိုင်သော မင်္ဂလာနှစ်သစ်လေး ဖြစ်ပါစေ။
13/03/2026
🙋♀️ အသားရေ တင်းရင်းစိုပြေမှုကို Farmstay Collagen Pure Cleansing Foam လေးနဲ့ အတူထိန်းသိမ်းလိုက်ပါ..💙
💧 တစ်နေ့တာ အစကို Cleansing လုပ်ပြီး စတင်ကြပါတယ် ..အမြှပ်ထွက်များပြီး အသားရေတင်းရင်း စိုပြေစေမယ့် Cleansing Foam လေးကိုရှာနေတယ်ဆိုရင်တော့ Farmstay Collagen Pure Cleansing Foam လေးရှိတယ်နော်. .💦
💧 Collagen Pure Cleansing Foam လေးက Proteins , Hyaluronic Acid နဲ့ Antioxidant တို့ပါဝင်တာကြောင့် အသားအရေ ကျုံဆန့်နိုင်ခြင်း သတ္တိကို လှုံဆော်ပေးပြီး ကော်လဂျင်ဓာတ်က
အသားအရေ တင်းရင်းသန်မာစေဖို့ အတွက် ကူညီပေးပါတယ်..💭
💧 ချွေးပေါက်ကျယ်ခြင်းကို သက်သာစေပြီး အသားအရေရောင်ရမ်းခြင်း, နီမြန်းခြင်း နဲ့ အသားအရေထိခိုက်မှုများကို သက်သာလာစေအောင် ကူညီပေးပါတယ်..
ဝယ်ယူလိုပါက အောက်မှာ ပေးထားတဲ့ မင်မင်တို့ရဲ့ SS Mall Website မှာ ဝယ်ယူလိုက်တော့နော် 🥰🥰
၀ယ်ယူရန် 👉 https://globalsuns.or.kr/product/farmstay-collagen-pure-cleansing-foam-180ml/
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 104, First Floor, Aye Yate Tar (1) Street, Shwe Than Lwin Condo, Bahan Township
Yangon