Nippon Language Academy
あたなならちゃんとできるよ
02/03/2025
ဂျပန်ကို ၄လပိုင်း ကျောင်းနဲ့လာမဲ့ကလေးတွေ ယန်းလိုရင်ရမယ်နော်
Rate3*.**
Cb pls
အရွက်တော့မရဘူးနော် ဂျပန်ဘဏ်အကောင့်လွှဲဘဲရပါမယ်
လိုက်ဆို အမျှ
ခေါ်ကြ ….
11/04/2024
မနှစ်က Sakura တွေပွင့်တဲ့ အချိန်မှာဘဲ ဒီမြေကို စနင်းခဲ့တယ် ပင်ပန်းလွန်းလို့ Sakura ဆိုတာ ဘာမှန်းတောင်မခံစားလိုက်ရပါဘူး☹️
ငွေကြေးမပြည့်စုံတဲ့ မိသားစုက မွေးဖွားခဲ့တာမလို့ နိုင်ငံခြားမှာ ပညာသင်ဖို့ဆိုတာ အလှမ်းဝေးတဲ့ အိပ်မက်ကြီးလိုဖြစ်ခဲ့ရတဲ့ အချိန်တွေရှိခဲ့ပေမဲ့ မခံချင်စိတ်နဲ့ ကြိုးစားပြီး ဒီမြေကိုရအောင်နင်းခဲ့တယ် 😇
ခက်ခဲတယ် ပင်ပန်းတယ် လေယျာဉ်ပျံတွေမြင်တိုင်း အိမ်အရမ်းပြန်ချင်ခဲ့တာ အိမ်နဲ့ဖုန်းပြောရင်တော့ အရာရာအဆင်ပြေတယ်ပေါ့လေ 😊
ခုတော့ ဒီမြေဒီရေမှာ တော်တော်အသားကျနေပြီ
Sakura တွေကိုကြည့်ပြီး ခံစားမိတဲ့ အင်အားတစ်ခုရှိတယ်🌸🌬️
Sakura တွေက ဆောင်းတွင်းတစ်ခုလုံး အပင်ခြောက်ကြီးတွေ မလှဘူးဘယ်လိုကြည့်ကြည့် သူ့အချိန်ရောက်လာတဲ့အခါ ပြိုင်စံရှားလှလာပါလေရော အပွင့်တွေကြွေသွားသည့်တိုင် စိမ်းလန်းဝေဆာလို့🌸🌷
အရမ်းအကြပ်အတဲဖြစ်နေတဲ့ အချိန်မှာ ကြိုးစားနေကြတဲ့ လူငယ်တိုင်းကို Sakura တွေနဲ့အတူ အားပေးချင်တာပါ လှလှပပ ပွင့်လန်းလာဖို့ဆိုတာ မလှပတဲ့အချိန်တွေနဲ့ အရင်ရုန်းကန်ရတာပါ 👏
မလှမပရုန်းကန်နေရပြီဆို မင်းဟာလှလှပပ ပွင့်လန်းဖို့ အချိန်ကိုရောက်လာတော့မှာဆိုတာ သတိရပါ ဆက်သွားပါ ဆုံးဖြတ်ချက်တွေဆက်လျှောက်ပါ👍
ပြီးရင် ဂျပန်မြေကိုရောက်အောင်လာခဲ့ပါ😊
なんとなくできるတဲ့ ကြိုးစားနေသ၍ရှင်သန်ရာလမ်းတွေက ရှိနေမှာမလို့ Sakura တွေနဲ့အတူ မင်းတို့ဘေးမှာရှိနေမှာပါ😇
Senpai ရဲ့ ချစ်ရတဲ့ တပည့်လေးတွေအကုန် ဂျပန်ကို အမြန်ဆုံးရောက်လာကြပါစေ 🌸🪽
13/01/2024
ဂျပန်မှာသွားနဲ့ပတ်သက်ပြီး တစ်ခုခု ဖြစ်ရင် ပိုက်ဆံအများကြီး ကုန်တယ်လို့ကြားဖူးကြတယ်မလား ❌
တကယ်တော့ ကုန်တဲ့နေရာလဲကုန်တယ် အရမ်းမကုန်တာလဲရှိတယ် ဒီနေ့ သွားပဲ့သွားလို့ သွားဆေးခန်းပြေးရတဲ့ အတွေ့အကြုံလေး မျှဝေပေးချင်လို့ပါ 🤦🏽
အလုပ်လုပ်ရင်း တံခါးနဲ့ စောင့်မိပြီး သွားကကျိုး နှုတ်ခမ်းလဲပေါက်သွားတယ် ရှေ့သွားဆိုတော့ မျက်နှာက တကယ်ကြည့်ရဆိုးသွားတာ 🤦🏽
ဖြစ်ဖြစ်ချင်းထူပူပြီး သွားဆေးခန်းပြေးတော့တာဘဲ “သွားပြီ ယန်းသောင်းနဲ့ချီ ကြွပြီ” ဆိုတဲ့အထင်နဲ့ ယန်း ၂သောင်း ဘဏ်ကနေထုတ်သွားတယ် မလောက်မှာဆိုးလို့🤷🏽
ဟိုရောက်တော့ အကျိုးကြောင်းပြောပြလိုက်တော့ Nurse က Doctor ကိုသွားပြောတော့ “ကလေးလားတဲ့ တံခါးနဲ့တိုက်မိတာက” ကျနော်ဆိုမှ ရယ်နေသေးတယ်🤦🏽
အဲ့တာနဲ့ လိုအပ်တဲ့ အချက်အလက်တွေဖြည့် ပထမဆုံးလာဖူးတာလားပေါ့ ✍️
✅အဓိကတော့ 健康保健(kenkouhoken) တောင်းတယ် ပြီးတော့ သွားကို ဓာတ်မှန်ရိုက်တယ် Nurse က အရင်ရှင်းပြတယ် 🗣️
သွားက နှုတ်ပစ်ရလောက်တဲ့ထိ ပဲ့သွားတာ မဟုတ်ဘဲ ဖာလိုက်ရုံလောက်နဲ့ရတယ်တဲ့ ဒါပေမဲ့ မူရင်းသွားလို မဟုတ်တဲ့ အတွက် တအားမာတာတွေတော့ ရှောင်ရမယ်တဲ့👍
အဲ့လိုနဲ့ သွားတွေဆေး ခံတွင်းသန့်ရှင်းရေး လုပ်ပေးပြီးတော့ Doctor က သွားကြည့်ဖို့လာတယ် 😿
သွားကို နည်းနည်းတော့ ထပ်ဖြတ်ထုတ်ရမယ်တဲ့ ညှိပြီး သွားပြန်ဖာပေးလိုက်တယ် ၅မိနစ်လောက်ဘဲကြာမယ်ထင်တယ် ဒီတိုင်းနာလို့ ထုံဆေးပေးတာတော့ ခဏစောင့်ရတယ်🤕
တော်တော်လေးကိုမြန်ပြီး ဖာထားမှန်းလဲ သိပ်မသိသာဘူး အဲ့တော့မှ မှန်ကြည့်ပြီး အလုံးကြီးကျသွားတော့တယ် ဖြစ်ဖြစ်ချင်း မျက်နှာတော့ရုပ်ဆိုးပြီဆိုပြီး မျက်ရည်တွေဝိုင်းနေတာ 🤣
အဓိကပြောချင်တာက စျေးပါ အရမ်းကို Surprise ဖြစ်သွားတယ် 🤧
💹¥1770 (40000ကျပ်ဝန်းကျင်) ဘဲကျလို့ တော်တော်လေးစိတ်ချမ်းသာသွားတယ်
✅ရောက်လက်စနဲ့ သွားချေးချွတ်ချင်တာရယ် cleansing လုပ်ချင်တာရယ် ဘယ်လောက်ကျမလဲ မေးတော့
💹ပထမအကြိမ်တော့ ¥3000ဝန်းကျင်ဘဲ ကျပါမယ်တဲ့ နောက်အကြိမ်တွေတော့ ¥1000လောက်ဘဲတဲ့
အဲ့တော့ ဂျပန်မှာ သွားဆေးခန်းပြရမှာ ကျနော့်လို မကြောက်ကြပါနဲ့ ကျန်းမာရေးအာမခံပါသွားရင် အဆင်ပြေပါတယ်
သွားလေးတွေဆေးတာ ဖြူအောင်လုပ်တာ စသဖြင့်သွားလုပ်ကြပါ အားလုံးအဆင်ပြေကြပါစေ ❄️
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon