DLoLote

DLoLote

Share

How-To Instructions and up-to-date Technology News

29/03/2025

Ubuntu OS ကိုဘာကြောင့် Windows အစားထိုးသုံးစွဲသင့်သလဲ
==========

Ubuntu OS ဆိုတာက Linux အခြေပြု လည်ပတ်မှုစနစ်တစ်ခုဖြစ်ပြီး အသုံးပြုရလွယ်ကူပြီး အခမဲ့ဖြစ်တဲ့အတွက် လူကြိုက်များပါတယ်။ ဒီမှာ Ubuntu ကိုအသုံးပြုသူတွေ သိထားသင့်တဲ့ အခြေခံအချက်တွေနဲ့ Windows အစား ဘာကြောင့်သုံးသင့်လဲဆိုတာကို ဒီဆောင်းပါးမှာဖော်ပြပေးပါမယ်။

Ubuntu OS အသုံးပြုသူတွေ သိထားသင့်တဲ့ အခြေခံအချက်များ

အခမဲ့ဖြစ်ခြင်း

Ubuntu ကို ဒေါင်းလုဒ်လုပ်ပြီး သုံးလိုရပါတယ်။ ဘယ်လိုကွန်ပျူတာမျိုးမှာမဆို တရားဝင်ထည့်သွင်းလိုရပြီး ပိုက်ဆံပေးစရာမလိုပါဘူး။

အသုံးပြုရလွယ်ကူခြင်း

ပုံမှန်အားဖြင့် Desktop ပေါ်မှာ ဖိုင်တွေ၊ အပလီကေးရှင်းတွေ အလွယ်တကူဖွင့်လိုရအောင် ဒီဇိုင်းထုတ်ထားပါတယ်။ မိုဘိုင်းလ်ဖုန်းလို ရိုးရှင်းတဲ့ ခလုတ်တွေနဲ့ လှုပ်ရှားလိုရတယ်။

အပြည့်အစုံဖတ်ရှုရန် - https://tinyurl.com/2ph8jpjb

ဝက်ဘ်ဆိုက် - https://myanmar-techarea.com

တယ်လီဂရမ် - https://t.me/myanmartecharea

Ubuntu OS ကိုဘာကြောင့် Windows အစားထိုးသုံးစွဲသင့်သလဲ
==========

Ubuntu OS ဆိုတာက Linux အခြေပြု လည်ပတ်မှုစနစ်တစ်ခုဖြစ်ပြီး အသုံးပြုရလွယ်ကူပြီး အခမဲ့ဖြစ်တဲ့အတွက် လူကြိုက်များပါတယ်။ ဒီမှာ Ubuntu ကိုအသုံးပြုသူတွေ သိထားသင့်တဲ့ အခြေခံအချက်တွေနဲ့ Windows အစား ဘာကြောင့်သုံးသင့်လဲဆိုတာကို ဒီဆောင်းပါးမှာဖော်ပြပေးပါမယ်။

Ubuntu OS အသုံးပြုသူတွေ သိထားသင့်တဲ့ အခြေခံအချက်များ

အခမဲ့ဖြစ်ခြင်း

Ubuntu ကို ဒေါင်းလုဒ်လုပ်ပြီး သုံးလို့ရပါတယ်။ ဘယ်လိုကွန်ပျူတာမျိုးမှာမဆို တရားဝင်ထည့်သွင်းလို့ရပြီး ပိုက်ဆံပေးစရာမလိုပါဘူး။

အသုံးပြုရလွယ်ကူခြင်း

ပုံမှန်အားဖြင့် Desktop ပေါ်မှာ ဖိုင်တွေ၊ အပလီကေးရှင်းတွေ အလွယ်တကူဖွင့်လို့ရအောင် ဒီဇိုင်းထုတ်ထားပါတယ်။ မိုဘိုင်းလ်ဖုန်းလို ရိုးရှင်းတဲ့ ခလုတ်တွေနဲ့ လှုပ်ရှားလို့ရတယ်။

အပြည့်အစုံဖတ်ရှုရန် - https://tinyurl.com/2ph8jpjb

ဝက်ဘ်ဆိုက် - https://myanmar-techarea.com

တယ်လီဂရမ် - https://t.me/myanmartecharea

29/03/2025

ခေတ်မီစစ်တပ်အတွက် AI အသေခံဒရုန်းများ Kim Jong Un စမ်းသပ်
========
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ AI နည်းပညာတပ်ဆင်ထားတဲ့ အသေခံမောင်းသူမဲ့ ဒရုန်းများ စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပါတယ်။
ခေတ်မီလက်နက်များ ဖွံ့ဖြိုးတိုးတက်မှုတွင် မောင်းသူမဲ့စနစ်နဲ့ AI တို့က အလွန်အရေးပါကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

နည်းပညာသတင်းနဲ့ အသုံးဝင်မယ့် နည်းပညာဆောင်းပါးတွေကို Myanmar Tech Area page နဲ့ ဝက်ဘ်ဆိုက်တွေမှာ ဝင်ရောက်ဖတ်ရှနိုင်ပါတယ်။

ခေတ်မီစစ်တပ်အတွက် AI အသေခံဒရုန်းများ Kim Jong Un စမ်းသပ်
========

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ AI နည်းပညာတပ်ဆင်ထားတဲ့ အသေခံမောင်းသူမဲ့ ဒရုန်းများ စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပါတယ်။

ခေတ်မီလက်နက်များ ဖွံ့ဖြိုးတိုးတက်မှုတွင် မောင်းသူမဲ့စနစ်နဲ့ AI တို့က အလွန်အရေးပါကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

KCNA သတင်းဌာနရဲ့ အဆိုအရ Kim ဟာ အဆင့်မြှင့်တင်ထားတဲ့ ကင်းထောက်ဒရုန်းတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒီ ဒရုန်းတွေဟာ နည်းဗျူဟာဆိုင်ရာ ပစ်မှတ်တွေကို ထောက်လှမ်းနိုင်သလို ကုန်းမြေနဲ့ ပင်လယ်ပြင်က ရန်သူ့ လှုပ်ရှားမှုတွေကိုလည်း စောင့်ကြည့်နိုင်ပါတယ်။ မောင်းသူမဲ့ ကိရိယာတွေနဲ့ AI နည်းပညာဟာ လက်နက်ကိုင်တပ်ဖွဲ့တွေ ခေတ်မီဖို့အတွက် မရှိမဖြစ် လိုအပ်ကြောင်းကိုလည်း Kim က ပြောကြားခဲ့ပါတယ်။

Ref: TechInAsia

26/03/2025

လက်ရှိ ဒီမှာရှိနေတဲ့ follower အပေါင်းကို ကျွန်တော်တို့ DLoLote page မှ ဖန်တီးထားတဲ့ Myanmar Tech Area ဆိုတဲ့ ဝက်ဘ်ဆိုက်ကို ကြွရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ နောက်ပိုင်းမှာ နည်းပညာနဲ့ပတ်သက်တဲ့ သတင်းတွေဖြစ်တဲ့ Tech News, AI, How To နဲ့ Security အကြောင်းအရာတွေ အပါအဝင် Tech Knowledge တွေကို Myanmar Tech Area ဝက်ဘ်ဆိုက်နဲ့ page တွေမှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ နည်းပညာကို စိတ်ဝင်စားတဲ့ Follower လာရောက်အားပေးဖို့လည်းဖိတ်ခေါ်ပါတယ်။

Website: https://myanmar-techarea.com

page: https://www.facebook.com/myanmartecharea/

Telegram Channel: https://t.me/myanmartecharea

03/08/2024

Black Myth Wukong ဂိမ်းတဲ့

Game play ရော visual ရော ရှယ်ပဲ

Video Credit to original creator

30/07/2024

EV တွေနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက် အဖြစ်စေဆုံး အရာကို ပြုပြင်ပေးမယ့် Samsung ရဲ့ ဘက်ထရီအသစ်

30-7-2024

လျှပ်စစ်ကား (EV) တွေဟာ သိသိသာသာ အဆင့်မြင့်လာသလို လက်ရှိမှာဆိုရင် hatchback, truck, SUV နဲ့ sedan ဆိုပြီး အမျိုးအစား အမျိုးမျိုးနဲ့ ရရှိနိုင်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အားသွင်းအဆောက်အအုံတွေဟာလည်း များစွာ တိုးတက်ကောင်းမွန်လာတာကြောင့် ခရီးဝေး သွားလာမှုတွေမှာလည်း ပိုမိုအဆင်ပြေလာပါတယ်။

လက်ရှိမှာ EV တွေဟာ အားတကြိမ်သွင်းရုံနဲ့ မိုင် ၄၀၀ ကျော် အကွာအဝေးအထိ ခရီးနှင်နိုင်နေပြီ ဖြစ်သလို ဘက်ထရီစွမ်းရည်ဟာလည်း အဆက်မပြတ် တိုးတက်နေပါတယ်။ ဒါပေမဲ့လည်း EV တွေနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်အပေးဆုံး အရာတခုရှိနေပါသေးတယ်။ အဲ့ဒါကတော့ အားသွင်းချိန်ပါ။

အမြန် အားသွင်းစက်တွေဟာ EV ဘက်ထရီကို အားဖြည့်ပေးနိုင်ပေမယ့်လည်း ဒီစက်တွေဟာ အတော်လေး ရှားပါးသလို အားအပြည့်သွင်းရန်အတွက်လည်း ပုံမှန်အားဖြင့် နာရီဝက်လောက် ကြာပါတယ်။ ဒါကြောင့် ဆီဖြည့်ချိန် မိနစ်အနည်းငယ်သာကြာတဲ့ ဆီကားတွေနဲ့ ယှဥ်လိုက်ရင် ဘက်ထရီအားသွင်းချိန်က EV တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲဖို့အတွက် အတားအဆီးတခု ဖြစ်နေပါတယ်။

ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတခုကို Samsung လုပ်ငန်းစုကြီးရဲ့ ဘက်ထရီဌာနခွဲဖြစ်တဲ့ Samsung SDI က ဖန်တီးခဲ့ပါတယ်။ အဲ့ဒီဌာနက ဖန်တီးခဲ့တဲ့ solid-state ဘက်ထရီသစ်တမျိုးဟာ EV တွေကို မိုင် ၆၀၀ အကွာအဝေးအထိ ခရီးနှင်နိုင်စေသလို အားသွင်းချိန်ကလည်း ၉ မိနစ်ခန့်သာ ကြာမြင့်စေမှာ ဖြစ်ပါတယ်။

ဒီ ဘက်ထရီတွေကို ကားထုတ်လုပ်သူအချို့နဲ့ ၆ လကျော်ကြာ စမ်းသပ်နေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ကားကုမ္ပဏီတွေရဲ့ နာမည်တွေကို Samung က ပြောကြားခဲ့တာမျိုး မရှိပေမယ့် Hyundai, General Motors တို့လို ကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ ယုံကြည်ရပါတယ်။ ဒါ့အပြင် solid-state ဘက်ထရီသစ်ဟာ သက်တမ်း နှစ် ၂၀ အထိ တာရှည်ခံတယ်လို့ Samsung SDI က ပြောကြားခဲ့တာကြောင့် EV တွေရဲ့ သက်တမ်းကို သိသိသာသာ တိုးမြှင့်လာစေမှာ ဖြစ်ပါတယ်။

Solid-state ဘက်ထရီသစ်တွေ ပါဝင်တဲ့ ပထမဆုံး EV တွေကို ၂၀၂၇ ခုနှစ်မှာ တွေ့မြင်နိုင်မယ်လို့ Samsung က ပြောပါတယ်။ ဒီဘက်ထရီတွေဟာ အလွန်စျေးကြီးတာကြောင့် "super premium EV" တွေမှာသာ အရင်ဆုံး တွေ့မြင်ရနိုင်ပါတယ်။

30/07/2024

EV ကား အားကုန်ရင် အားပြန်သွင်းတာထက် ဘက်ထရီ လဲတဲ့နည်းလမ်းက ပိုပြီး နည်းလမ်းကျတယ်

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon