Eunoia
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Eunoia, Shopping & retail, Yangon.
29/12/2021
13/07/2021
Psywar ဆိုတာဘာလဲ?
Psychological Warfare
(Psywar, Psyop)
Psywar လို့ခုခေါ်နေတဲ့ဟာကိုနည်းနည်းရှင်းပြပါမယ်။ Psywar ဆိုတာ သေသေချာချာကျကျနနစီစဉ်ထားတဲ့၊ လူတွေရဲ့တုံ့ပြန်မှုကို ကိုယ်လိုချင်တဲ့ဘောင်ထဲဝင်လာအောင် စိတ်ပညာနည်းလမ်းတွေသုံးပြီး ကျုံးသွင်းယူတာကိုပြောတာပါ။ လူတွေကိုကိုယ်တုံ့ပြန်စေချင်တဲ့ပုံစံအတိုင်းတုံ့ပြန်လာအောင် သေချာအကွက်ချစီစဉ်ထားတာပါ။
Psywarအတွက်အသုံးပြုတဲ့စိတ်ပညာနည်းလမ်းတွေက အမျိုးမျိုးရှိပါတယ်။ အဓိကလွှမ်းမိုးချုပ်ကိုင်ချင်ကျုံးသွင်းချင်တဲ့အရာတွေကတော့ ပစ်မှတ်ထားတဲ့လူတွေရဲ့ တန်ဖိုးထားမှုတွေ၊ ယုံကြည်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေ၊ ရည်ရွယ်ရာတွေ၊ ဆင်ခြင်တုံတရားတွေ၊ နဲ့အပြုအမူပိုင်းဆိုင်ရာတွေပါပဲ။
ထင်ယောင်ထင်မှားဖြစ်အောင်၊ အမှားကိုအမှန်ထင်အောင်၊ အမှန်ကိုအမှားထင်အောင်၊ နည်းနည်းကိုများများထင်အောင်၊ များများကိုနည်းနည်းထင်အောင်၊ စတဲ့ကပြောင်းကပြန်ဖြစ်စဉ်ထဲရောက်လာအောင် လူတွေကိုဆွဲခေါ်ကျုံးသွင်းသွားတာမျိုးပါ။ လုပ်တဲ့သူကျွမ်းရင်ကျွမ်းသလောက် ပစ်မှတ်ထားတဲ့လူတွေအကြီးအကျယ်လမ်းလွဲကုန်ပြီး အချင်းချင်းစိတ်ဝမ်းကွဲ ပြဿနာဖြစ်စေပါတယ်။ အထူးသတိထားသင့်တဲ့ ချေမှုန်းရေးအထောက်အကူပြုနည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဒေါက်တာမျိုးမင်းဦး
ခေါင်းဆောင်မှုပညာနှင့်
အတိုင်ပင်ခံစိတ်ပညာပါရဂူ
10/01/2021
🤣
2021 ရဲ့ နောက်ဆုံးပေါ် အလှကုန်ရောင်းနည်း 🤣
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon