Intent Award Accounting Service

Intent Award Accounting Service

Share

သင့်လုပ်ငန်းမှာယုံကြည်အားထားရတဲ့ Professional Accountant တစ်ယောက်အဖြစ် Intent Award က ပေးစွမ်းနိုင်ပါတယ်

23/05/2026

🔐 တာဝန်ခွဲဝေမှု (Segregation of Duties) ၏ အရေးပါပုံ

💰 ပိုက်ဆံသိမ်းတဲ့သူကပဲ စာရင်းသွင်းတယ်၊
🧾 အဲ့ဒီလူကပဲ ဘောက်ချာဖွင့်တယ်ဆိုရင်
အမှားပါဖို့နဲ့ ငွေကြေးယိုဖိတ်ဖို့ အခွင့်အလမ်း အရမ်းများပါတယ်။

📌 Internal Control ရဲ့ အခြေခံသဘောတရားအရ
ငွေကို ကိုင်တွယ်သူနဲ့ စာရင်းသွင်းသူဟာ
မတူညီတဲ့သူတွေ ဖြစ်ရပါမယ်။

🛡️ ဒီလို တာဝန်ခွဲဝေမှုရှိမှသာ
လုပ်ငန်းက ဘေးကင်းလုံခြုံပြီး
စနစ်တကျ လည်ပတ်နိုင်မှာပါ။

21/05/2026

📦💰 Inventory Management ဆိုတာ ငွေကို စီမံတာပါပဲ

ပစ္စည်းတွေ ဝယ်စုထားတာဟာ ငွေတွေကို အိပ်ခိုင်းထားတာနဲ့ တူတူပါပဲ။ 😶‍🌫️

ဘယ်ပစ္စည်းက ရောင်းမထွက်ဘဲ ကြာနေလဲ (Slow-moving) ⏳
ဘယ်ပစ္စည်းကတော့ အမြန်ဆုံးထွက်လဲ (Fast-moving) 🚀
ဆိုတာကို စာရင်းနဲ့ မခွဲခြားနိုင်ရင် သင့်ရဲ့ လည်ပတ်ငွေတွေ ဂိုဒေါင်ထဲမှာတင် ပိတ်မိနေပါလိမ့်မယ်။ 📉🏬

Inventory Control System ကတော့ သင့်ငွေတွေကို အလုပ်ပြန်လုပ်ပေးနိုင်တဲ့ စနစ်ပါ။ ✨📊

21/05/2026

☕📊 Dashboard အေးချမ်းမှု

"မနက်ခင်းမှာ ကော်ဖီတစ်ခွက်နဲ့အတူ သင့်လုပ်ငန်းရဲ့ Dashboard ကို စိတ်ချလက်ချ ကြည့်နိုင်နေပြီလား? 😊

စနစ်ကျတဲ့ Internal Control ရှိတဲ့လုပ်ငန်းဟာ ပိုင်ရှင်အတွက်တော့ အေးချမ်းတဲ့ မနက်ခင်းကို အမြဲဖန်တီးပေးပါတယ်။ ✨💼"

19/05/2026

💰 Cash Flow နဲ့ Profit: ဘယ်ဟာက ပိုအရေးကြီးလဲ? 🤔

စာအုပ်ပေါ်မှာ အမြတ်ပြနေပေမယ့် 📊
လက်ထဲမှာ ပိုက်ဆံမရှိလို့ 💸
ဝန်ထမ်းလစာပေးဖို့ ခက်ခဲနေတဲ့ လုပ်ငန်းတွေ အများကြီးရှိပါတယ်။

ဒါဟာ Cash Flow Management အားနည်းတာကြောင့်ပါ ⚠️
Professional Accountant တစ်ယောက်ဟာ
အမြတ်ရှိဖို့တင်မကဘဲ ✅
ငွေသားစီးဆင်းမှု မှန်ကန်အောင် 💵🔄
ဘယ်လိုစီမံရမလဲဆိုတာကို လုပ်ငန်းရှင်ကို အမြဲသတိပေးနေရပါမယ် 📌

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


South Okkalapa
Yangon