MediLab Technical Service Provider Group - MLTS

MediLab Technical Service Provider Group - MLTS

Share

Vision = To give No.1 Service
Mission =To help all Customers
Value =To satisfy the valuable customers

Photos from Asia Haemo Care - AHC's post 09/09/2024
Photos from Asia Haemo Care - AHC's post 23/08/2024

Urinary Casts 💦🔬

Photos from MediLab Technical Service Provider Group - MLTS's post 09/06/2024

Autoclave Repair & Maintenance !!

ဒီ​နေ့တော့ သင်္ဃန်းကျွန်းမြို့နယ်က
Customer တစ်ယောက်ရဲ့ Autoclave စက်လေး
Temperature မတက်တော့ပဲ အသုံးပြုရ အဆင်မပြေဖြစ်နေလို့

ကျွန်တော်တို့ရဲ့ team ကို ဆက်သွယ်လာတဲ့အတွက်
သွားရောက် စစ်ဆေးပြုပြင်ပေးခဲ့ပါတယ် ခင်ဗျ။

🕹🕹

စက်က သေးသေးလေးဆိုပေမယ့် အလုပ်လုပ်ပုံ စနစ်ကျတယ်လို့ပြောရမယ်ဗျ။
Vacuum pump နဲ့ Sterilizer အကြီးတွေ ပုံစံမျိုးပါ။

အခုဖြစ်နေတဲ့ အတွက်
Power supply က အစ တစ်ဆင့်ချင်းဆီ သေချာ စစ်ဆေးပြီး
လိုအပ်တဲ့ ပြုပြင်မှုတွေ အကုန်လုံးလုပ်ပေးခဲ့ပါတယ်။

🍀🍀⚙⚙

အခုဆိုရင်တော့ Autoclave လေးဟာ

အရှိန်အဟုန်ကောင်းစွာနဲ့ ပုံမှန်အတိုင်း
ပြန်လည် လည်ပတ် အလုပ်လုပ်နေပြီပဲ ဖြစ်ပါတယ်။

🔧🔧💪

ကြုံလာတိုင်း MLTS ကိုသတိရလိုက်ပါ 👨‍🔧⚙

Contact ☎️ 09 - 957 812 598
09 - 956 450 984

Photos from MediLab Technical Service Provider Group - MLTS's post 10/03/2024

ဒေါ်လာတွေအများကြီး ပေးဝယ်ထားရတဲ့ Medical / Laboratory စက်တွေကို အပျက်အစီး အနည်းဆုံးနဲ့
အချိန်အကြာကြီးသုံးလို့ရစေမယ့် နည်းလမ်းကောင်းတစ်ခု
🕹💰💡

စက်တွေရဲ့ အသုံးပြုနိုင်တဲ့ သက်တမ်းကို အချိန်အကြာဆုံးဖြစ်အောင် ဘယ်လို ဆွဲဆန့်ကြမလဲ ??

.......

လူသိများတဲ့ ဆိုရိုးစကား တစ်ခုရှိပါတယ်။
"ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီး အကျိုးရှိတယ်" တဲ့

စက်တွေအတွက် ပြောရရင် ကာကွယ်ခြင်းဆိုတာ
Preventive Maintenance (PM) ပြုလုပ်ခြင်း ပါ။

မိမိတို့အသုံးပြုနေတဲ့ စက်တွေရဲ့ ပကတိအခြေအနေကို
ကျွမ်းကျင်တဲ့ တွေနဲ့
(၃လတစ်ကြိမ် ၊ ၆လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် စသဖြင့်)
အချိန်အတိုင်းအတာတစ်ခု သတ်မှတ်ထားပြီး
ပုံမှန်စစ်ဆေးမှု ပြုလုပ်ပေးခြင်းဟာ (PM) လုပ်ခြင်းပဲ ဖြစ်ပါတယ်။

ပျက်တော့မှ ပြင်ဖို့လုပ်တာကတော့
နေမကောင်းဖြစ်နေတဲ့ စက်ကိုကုသတဲ့ Repair အဆင့်ပေါ့။
.....

💥💥💥

ဒီနေ့မှာတော့ PM ပုံမှန် ပြုလုပ်ခြင်းကြောင့်
ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဝေမျှပေးပါရစေနော်။

စက်တွေ ပျက်တော့မှ ဘယ်နေရာပျက်တာလဲဆိုတာကိုရှာပြီး ပြန်ကောင်းအောင် ပြင်ဖို့ကြိုးစားတာထက်စာရင်

PM ပုံမှန်ပြုလုပ်ပေးနေတဲ့ လုပ်ငန်းရှင်များ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေ ကတော့ -

📴
1. စက်(Analyzer/Medical Device ) တွေကို အသုံးပြုလို့မရလို့
ပိတ်ထားရတဲ့ အ‌ခြေနေတွေကို လျော့နည်းစေပါတယ်။
အချိန်များများပိုသုံးရလေ စက်ကဝယ်ထားရတာ ပိုတန်လေပါ။

😇
2. စက်အသုံးပြုနေစဥ်မှာ ပိုပြီး လုံခြုံမှုရှိလာတယ်။

စက် (သို့) လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အထိ ကြီးမားတဲ့ ပျက်စီးမှုတွေကိုလဲ ကာကွယ်ပေးပြီးသား ဖြစ်စေတယ်။

💵
3. ကုန်ကျစရိတ်တွေ သက်သာစေပါတယ်။

PMမလုပ်ပဲထားတဲ့စက်တွေမှာ
အရေးကြီး အစိတ်အပိုင်းတစ်ခုခု ပျက်စီးသွားတော့မှ
ငွေအများကြီးကုန်ကျခံပြီး spare part တစ်ခုလဲရတာ
စက်ကိုအချိန်အများကြီးပေးပြီး ပြင်ဆင်နေရတာ ထက်စာရင်

PM ပုံမှန်ပြုလုပ်ပေးနေခြင်းဟာ စက်ရဲ့အခြေအနေကို အဆက်မပြတ် အကဲခတ် ဂရုစိုက်ပေးနေတာဖြစ်တဲ့အတွက်
လုပ်နေရင်းနဲ့ လိုအပ်တဲ့ အစိတ်အပိုင်းအသေးလေးတွေ ပုံမှန်လဲပေးသွားခြင်းဟာ
မလိုအပ်တဲ့ ကုန်ကျစရိတ်အကြီးကြီးတွေကို လျှော့ချပေးပြီးသား ဖြစ်သွားပါတယ်။

PM ပြုလုပ်ထားတဲ့ အတွက် စက်ရဲ့ သက်တမ်းလည်း ကြာရှည်စွာ အကောင်းအတိုင်း အသုံးပြုနေနိုင်မှာလဲ ဖြစ်ပါတယ်။

💪💪

4. Increase Productivity
စက်​ကို အသုံးချနိုင်စွမ်း ဟာလဲ ပိုမြင့်တက်လာစေပါတယ်။
ဓာတ်ခွဲခန်းတွေမှာဆိုရင် စက်ပျက်လို့ Lab to Lab ပို့ရတာတွေ
မရှိသလောက် နည်းသွားပါမယ်။

😎
5.Increase Effiency
PM ပြုလုပ်ထားတဲ့ အတွက် စက်ရဲ့ Quality
စက်က ထွက်လာတဲ့ Test Result တွေကို ယုံယုံကြည်ကြည် ​စိတ်ချလက်ချ ပေးလို့ရပါတယ်။

💸
6. Budget Constraints
ပျက်စီးလို့၊ အသုံးပြုမရတော့လို့ စက်အသစ်တစ်လုံးထပ်ဝယ်ရတာထက်စာရင်
PM စရိတ်က အများကြီးပိုသက်သာတဲ့ အတွက်
Budget control လုပ်ဖို့ ပိုပြီးအဆင်ပြေပါတယ်။
........

⚙⚙⚙🤝🤝........

စက်တွေပျက်တော့မှ ပြင်ဖို့ကြိုးစားတာထက်စာရင်
PM ကြိုတင် ပြုလုပ်ထားခြင်းအားဖြင့် -

စက်ရဲ့ အခြေအနေကို သိသင့်သလောက်သိထားပြီးဖြစ်တဲ့အတွက်
လိုအပ်တဲ့အသေးစားပြင်ဆင်မှုတွေကို အချိန်မီ ပြုလုပ်ထားနိုင်ပါတယ်။
ပြုပြင်သင့်တာတွေကို ပြုပြင်ထားပြီးဖြစ်လို့ ကြီးကြီး မားမား ပျက်စီးလို့ ပြင်ရတဲ့ ကုန်ကျစရိတ် တွေ မရှိတော့ပါဘူး။

ဒါ့အပြင်-

ကြီးကြီးမားမားပျက်စီးမှုတွေကြောင့် စက်ကိုပြုပြင်နေချိန်
အကြာကြီး ရပ်နားထားရတာမျိုး မရှိတဲ့အတွက်
မိမိတို့ရဲ့ လုပ်ငန်းကို ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အပ်နဲ့ ထွင်းသင့်တာကို အပ်နဲ့ ထွင်းထားပြီးသားဖြစ်တဲ့အတွက်
ပုဆိန်နဲ့ထပ် ပေါက်ရမယ့် ကိစ္စမျိုး မရှိသလောက်နည်းသားမှာဖြစ်ပြီး

စက်တစ်လုံးရဲ့ သက်တမ်းစေ့ နောက်ဆုံးအချိန်အထိ Quality ကောင်းကောင်းနဲ့ စိတ်ချမ်းချမ်းသာသာ အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ် ။

🍁🍁🍁

ဒါ့ကြောင့် ကိုယ့်ရဲ့စက်ပစ္စည်းလေးတွေကို တန်ဖိုးထားတယ်ဆိုရင်
PM လေး ပုံမှန်လုပ်ပေးပါလို့ တိုက်တွန်းပါရစေ ခင်ဗျာ။

🤗🤗🤗

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 531(B). Kyaung Street, 19 Ward, South Dagon
Yangon