TOPMOST Pharmacy
Pharmacy
23/09/2023
အရှေ့ဒဂုံမြို့နယ်၊
အမှတ် (၁၁၄၅/က)၊
တပင်ရွှေထီးလမ်း၊
(၇)ရက်ကွက်
👉TopMost Pharmacy ဆိုင်တွင်
✅ရှင်ဘုရင် လိမ်းဆေးများ
ဝယ်ယူနိုင်ပါပြီ။
09-456084523,09-777144280
11/04/2022
၃ နှစ် သောက်လာတယ်။ ၁ နှစ် ၈ လဆေးပြတ်သွားတယ်။ အသားတွေယားလို့ပြန်ပြတယ်။ ပိုးကောင်ရေ သိန်း ၄,၅၀၀ ကျော်
၈ လသောက်တယ်။ ၁ နှစ်ခွဲလောက်ဆေးပြတ်သွားတယ်။ ပြန်ပြတယ် အသည်းအင်ဇိုင်း ၄ ဆနဲ့ ။
လွန်ခဲ့တဲ့ ၅ နှစ်က ပိုးကောင်ရေရာဂဏန်း၊ အသည်းအားဆေးနဲ့ပဲနေလိုက်တယ်။ ဗိုက်အောင့်လို့ပြန်ပြတယ်။ PLT 20 ကျော်နဲ့ အသည်းခြောက်နေပြီ။
အချိန်တွေနှမြောပါ
ပိုက်ဆံတွေနှမြောပါ
မိသားစုကိုနှမြောပါ
အနာဂတ်အိပ်မက်တွေကိုနှမြောပါ။
မသောက်ခင်ကတည်းက အနည်းဆုံး (၃) နှစ်စာ အဘက်ဘက်ကိုထည့်သွင်းစဉ်းစားပါ။ "ဆေးမပြတ်ရ"လို့အလကားမှာတာမဟုတ်ပါ။ မိမိသဘောဖြင့် ဖြတ်လျှင် အထက်ပါအတိုင်းဖြစ်တတ်ပါသည်။
နှစ်ရှည် (၃ နှစ်အထက်) သောက်လာသူများ ဖြတ်၍ရနိုင်သော အကြောင်းအချက်များကိုက်ညီလျှင် ဆေးဖြတ်ပေးနိုင်သော အခြေအနေအချို့ရှိပါသည်။ ၎င်းအချက်များအတိုင်း ကိုက်ညီမှုရှိမရှိ သွေးစစ်ဆေးစစ်များပြုရပါသည်။
ဘီပိုးကုသမှုသည် ခရီးရှည်တစ်ခုထွက်ရသည်နှင့်တူပါသည်။ လမ်းတစ်လျှောက် ချွတ်ချော်မသွားဘဲ အရှင်းပျောက်ကင်းသည့်ပန်းတိုင်ကိုရောက်သူများသည် တစ်နေ့တစ်လုံးကို ရက်ထောင်နဲ့ချီ မပျက်မကွက်သောက်နိုင်ခဲ့ခြင်း၊ ဆရာဝန်ညွှန်ကြားသည့်အတိုင်း လိုက်နာနေထိုင်ခြင်း၊ ၃-၆လ ရက်ချိန်းများအား မှန်မှန်ပြန်ပြခြင်း စသည့် ဇွဲ၊ လုံ့လ၊ ဝီရိယ စိတ်ရှည်၊သည်းခံမှုများ၏ အကျိုးကျေးဇူးကို ခံစားကြရသူများသာ ဖြစ်ကြလေ၏။
👏👏👏
်းရောဂါကုကြမယ်
03/04/2022
Know Your Number!!!
သွေးတိုးရောဂါလို့ပြောလိုက်ရင် အရပ်ထဲမှာတော့ ပုံမှန်အားဖြင့် ခေါင်းမူးပြီးဇက်ကြောတက်လာမှ ဖြစ်ကြတယ်လို့အများစု ထင်တတ်ကြပါတယ်။ ဒါဟာ သွေးတိုးရောဂါရဲ့ လက္ခဏာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့အတွက် အထိုက်အလျောက်တော့မှန်ကန်ပါတယ်။
အဓိကအားဖြင့်တော့ သွေးတိုးခြင်း/မတိုးခြင်းကို သွေးပေါင်ချိန်(သို့မဟုတ်)သွေးဖိအားပေါ်မူတည်ပြီးမှသာ သတ်မှတ်ခြင်းဖြစ်ပါတယ်။
သွေးပေါင်ချိန်(သို့)သွေးဖိအားကိုတိုင်းလိုက်လို့ 140/90 mmHg နှင့်အထက်ရှိနေရင်တော့ သွေးတိုးရောဂါရှိနေပြီ လို့အကြမ်းအားဖြင့်ယူဆလို့ရပါတယ်။
သွေးတစ်ခါတိုးဖူးရုံနဲ့ သွေးတိုးရှိနေတယ်လို့ မဆိုနိုင်ပါဘူး။ တကယ်တော့ မတူညီတဲ့ အခြေအနေ အချိန်အခါအနည်းဆုံး(၃)မျိုး လောက်မှာ သွေးပေါင်ချိန်တိုင်းကြည့်လိုက်တဲ့အခါ (၃)ကြိမ်လုံးမှာ သွေးပေါင်ချိန်က 140/90 mmHg အထက်တက်နေပြီ ဆိုရင်တော့ သွေးတိုးရောဂါရှိနေပြီ လို့ ပြောလို့ရပါတယ်။
ဒါကြောင့် ကိုယ်သွေးတိုး၊မတိုး ကိုယ့်ရဲ့ နံပါတ်ကိုသိဖို့ (Know Your Number) သွေးပေါင်ခဏခဏချိန်ကြည့်သင့်ပါတယ်။
ကိုယ့်မှာသွေးတိုးရှိနေပြီဆိုရင်တော့ သွေးကျဆေးသောက်ဖို့လိုပြီနော်။ သွေးကျဆေးကို မိမိဘဘောနဲ့သောက်တာထက် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး လမ်းညွှန်ချက်အတိုင်းပဲ သောက်သင့်ပါတယ်။နောက်ရက်မှ သွေးတိုးရောဂါအကြောင်း အသေးစိပ်ထပ်တင်ပေးပါ့မယ်။
သိရှိလိုသော ဆေးများနဲ့ လိုအပ်သောဆေးဝါးများ မှာယူလိုပါက Page Messenger ကနေလည်း မေးမြန်းဝယ်ယူလို့ရပါတယ်ခင်ဗျ။
“TOPMOST ဆေးဆိုင်” 🏥
အမှတ် ၁၁၄၅/က၊ တပင်ရွှေထီးလမ်း၊ ၇ ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်။
☎️ 09-954400694
☎️ 09-777144280
☎️ 09-456084523
11/02/2022
COVID-19 Antigen Test Kit တွေ လိုသလောက်မှာလို့ရပါပြီ။ FDA approved ရပြီးသားတွေပါ။
1 test kit အစုံပါ - 4000 Ks နဲ့ပဲရောင်းပါ့မယ်။
များများယူရင် စျေးလျှော့ပေးပါအုန်းမယ်။
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon
11451