Prorice
Be a better version of you.
06/11/2019
လူတစ်ယောက်ချင်းစီမှာတော့ အားနည်းချက်ကိုယ်စီရှိကြပါတယ် ဒါတွေကို အကောင်းဆုံးကျော်လွှာပြီးတော့ သင်ယူသင့်ပါတယ် ဘယ်အရာမှအလွယ်တကူမရတက်လို့ပါ ကိုယ့်ကြိုးစားမူ၊ လုံ့လဝရိယ၊ စဉ်ဆက်မပြတ်အားထုတ်မူတွေကြောင့် လိုချင်တဲ့ပန်တိုင်ရောက်ကြတာပါ
သင်ရည်မှန်းချက်ရောက်ဖို့ ဘယ်လောက်ထိ ကြိုးစားနိုင်လဲ
Steve Jobs ကလဲ ကားဂိုထောင်ကလဲ Apple ဆိုတာကို စခဲ့တာပါ Zukerberg ကလဲ သူ့အခန်းကျဉ်းလေးကပဲ Facebook ကို စခဲ့တာပါ လွယ်ကူခဲ့တာတွေတော့ မဟုတ်ပါဘူး အောင်မြင်ချင်ရင်တော့ ပေးဆပ်ရတာတွေလဲ ရှိပါတယ် ကိုယ်ပိုင်အချိန် မရှိသလောက်နီးပါးပါပဲ SpaceX နဲ့ Tesla တည်ထောင်သူ Elon Musk ကလဲ Paypal နဲ့ စခဲ့တာပါ နေ့ဘက် Website တင်ပြီးတော့ ညဘက် သူ့ coding ရေးခဲ့တာပါ နားရက်ရှိတယ်လို့ မပြောခဲ့ပါဘူး အချိန်တွေအကြာကြီး ကိုယ်ယုံကြည်ရာကို ကြိုးစားခဲ့လို့ ပန်းတိုင်ရောက်ကြတာပါ
ကျန်တဲ့ သူတွေလဲ အတူတူပါပဲ အလိုအလျှောက်အောင်မြင်လာတာတော့ မရှိပါဘူး သင့်ရဲ့အကြီးမားဆုံးရည်မှန်းချက်ကဘာလဲ အဲဒီအတွက်ဘာတွေလုပ်နေသလဲ
တစ်ချို့က သူများအမြင်နဲ့တင် လမ်းဆုံးနေတက်ပါတယ် သူများတွေ ဝေဖန်လို့၊ သူများတွေမကြိုက်လို့ ကိုယ်ပန်းတိုင်းပြောင်းလဲပစ်လို့မရပါဘူး ခိုင်မာတဲ့စိတ်ဓါတ်ထားရပါမယ် လိုချင်တာကို လွယ်လွယ်ကူကူရနေရင် လူတိုင်းအောင်မြင်နေမှာပါ လိုချင်တာအရာတွေကိုကြိုးစားအားထုတ်တဲ့အခါ ဘယ်သောအခါမှ တစ်ဖြောင့်တည်းမသွားကြလို့ပါ
ကျေးဇူးတင်ပါတယ်
02/11/2019
Intellectual property အကြောင်းပြောချင်ပါတယ် ဒီခေါင်းစဉ်ကို မြင်တာနဲ့ဘာကို ပြေးမြင်လဲ
ယေဘုယျကတော့ တစ်ဦးတစ်ယောက် သို့ အဖွဲ့အစည်းတစ်ခုရဲ့ ဖန်တီးထားတဲ့ ပုံစံတစ်ခုပါ Copyright တို့ patent တို့ အပါအဝင်ပါ ဥပဒေနဲ့ကာကွယ်ပေးထားပါတယ် ခွင့်ပြုချက်မရှိဘဲ စာသားတစ်ကြောင်းတောင် ယူသုံးပိုင်ခွင့် မရှိပါဘူး
သူများတီထွင်ဖန်တီးထားတာကို ကာကွယ်တဲ့သဘောပါပဲ ကိုယ်လုပ်လိုက်တဲ့ပစ္စည်းကို တင်တာတွေချည်း မဟုတ်ပါဘူး လုပ်ပုံအဆင့်ဆင့်ကို တင်ရတာပါ စာ ဆိုရင်တော့ မတူပါဘူး IP နဲ့ပတ်သက်တာတွေ အများကြီးရှိပါတယ် နိုင်ငံတစ်နိုင်ငံချင်းလဲ မတူနိုင်ပါဘူး ဥပမာ သီချင်းစားသားတစ်ကြာင်းကို သို့ တီးလုံးကို ယူသုံးပိုင်ခွင့်မရှိပါဘူး စီးပွားဖြစ်လုပ်လို့လဲ မရပါဘူး
လူ့အဖွဲ့အစည်းမှာလဲ သူများလုပ်ထားတာကို ယူသုံးပြီး ခွင့်ပြုချက်မယူတာတွေလဲ ရှိမှာပါ တစ်ခုခုဖန်တီးထားတာက လွယ်လွယ်ကူကူဖြစ်လာတာ မဟုတ်ပါဘူး
သူများပြုလုပ်ဖန်တီးထားတာကို ခွင့်ပြုချက်မရှိဘဲ ယူသုံးပိုင်ခွင့် မရှိပါဘူး ဒါကတော့ နေရာအားလုံးမှာ အတူတူပါပဲ တစ်ချို့ IP ကလဲ သက်တမ်းရှိတယ်ထင်ပါတယ် ဒီလောက်ဆိုရင် အခြခံလောက်တော့ သိမယ်ထင်ပါတယ်
ကျေးဇူးတင်ပါတယ်
Click here to claim your Sponsored Listing.
Category
Website
Address
Lower Pazundaung Road, Botahtaung
Yangon
11211