FloraGuard Myanmar

FloraGuard Myanmar

Share

ဗိုက်ပြဿနာအတွက် Floral Guard

31/05/2026

🤔စိတ်ညစ်ရင် ဗိုက်အောင့်တတ်တာ... သတိထားမိလား❓

အရေးကြီးတဲ့ ကိစ္စတစ်ခုခုရှိလို့ စိတ်လှုပ်ရှားတဲ့အခါ ဒါမှမဟုတ် စိတ်ဖိစီးတဲ့အခါမျိုးတွေမှာ ဗိုက်ထဲက တရစ်ရစ်နဲ့ အောင့်လာတာမျိုး၊ နေလို့မကောင်းဖြစ်တာမျိုး ခံစားဖူးကြမှာပါ။

ရှေးလူကြီးတွေ ပြောကြသလိုပေါ့.. “ဝမ်းတစ်လုံးကောင်းရင်..ခေါင်းမခဲဘူး”ဆိုတာလေ..တကယ်လည်း ကျွန်တော်တို့ရဲ့ အူလမ်းကြောင်းဟာ ခေါင်းထဲက 🧠ဦးနှောက်လိုပဲ အလုပ်လုပ်နိုင်တဲ့ ခန္ဓာကိုယ်ရဲ့ second brain တစ်ခုပါပဲ..

😊စိတ်ဝင်စားဖို့ကောင်းတာက... ကျွန်တော်တို့ကို စိတ်ချမ်းသာစေတဲ့၊ ပျော်ရွှင်စေတဲ့ ဟော်မုန်း ၉၀ ရာခိုင်နှုန်းကျော်ကို ခေါင်းထဲက ဦးနှောက်က ထုတ်ပေးတာမဟုတ်ဘဲ ဗိုက်ထဲက အူလမ်းကြောင်းက ထုတ်ပေးတာပါ။

😤 ဒါကြောင့် ဗိုက်မကောင်းတဲ့နေ့ဆိုရင် အလိုလိုနေရင်း စိတ်တိုလွယ်၊ စိတ်ညစ်လွယ် ဖြစ်တတ်ပါတယ်။

ဒါတင်မကသေးပါဘူး။ ခန္ဓာကိုယ်ကို ရောဂါတွေမဝင်အောင် ကာကွယ်ပေးတဲ့ 💪ကိုယ်ခံအားစနစ်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကလည်း အူလမ်းကြောင်းထဲမှာပဲ ရှိနေတာပါ။

🙅🏾‍♂️ဒါပေမဲ့ ကျွန်တော်တို့က အပြင်ပန်း အလှအပကိုပဲ ဂရုစိုက်ပြီး အတွင်းက အူလမ်းကြောင်းလေးကို မေ့ထားတတ်ကြတယ်။

တကယ်လို့ သင်က ...

- အစားစားပြီးတိုင်း လေပွတာ၊ ဗိုက်ကယ်တာ ခဏခဏ ဖြစ်နေရင်
- အိပ်ရေးဝပေမဲ့ မနက်နိုးရင် မလန်းဆန်းဘဲ အမြဲ ပင်ပန်းနေရင်
- မျက်နှာမှာ ဝက်ခြံတွေ အကြောင်းရင်းမရှိ ခဏခဏ ထွက်နေရင်

⚠️ဒါဟာ အူလမ်းကြောင်းက အဆင်မပြေတော့ဘူးလို့ အချက်ပြနေတာပါ။

🔔သူ့ကို ပြန်ကောင်းအောင် လုပ်ဖို့က အရမ်းရိုးရှင်းပါတယ်။

၁။ အသီးအရွက် များများစားပါ - ဒါတွေက အူလမ်းကြောင်းအတွက် အကောင်းဆုံး အာဟာရပါ။
၂။ ဒိန်ချဉ် သောက်ပေးပါ - ဒိန်ချဉ်က အူလမ်းကြောင်းကို အားရှိစေပါတယ်။
၃။ စိတ်ဖိစီးမှု လျှော့ချပါ - စိတ်ညစ်တာ၊ စိတ်တိုတာတွေက အူလမ်းကြောင်းကို တိုက်ရိုက် ဒုက္ခပေးနိုင်ပါတယ်။

🌿အတွင်းပိုင်းက အူလမ်းကြောင်း ကျန်းမာမှ စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းနေမှာမို့…
💚ဒီနေ့ကစပြီး ကိုယ့်ရဲ့ ဗိုက်ထဲက Second Brain လေးကိုလည်း သေသေချာချာ ဂရုစိုက်ပေးကြနော်..

#ဝမ်းပျက်ဝမ်းလျှော #ဗိုက်ပြသနာ #အူလမ်းကြောင်းကျန်းမာရေး

13/05/2026

အူလမ်းကြောင်း ကျန်းမာရေးအတွက် 𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝

😟 အစားစားပြီးတိုင်း ဗိုက်ထဲ နေလို့မကောင်းတာ၊လေပွတာနဲ့ အစာမကြေတာတွေက အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားလေးတွေ အားနည်းနေလို့ပါ။

✨ ဒီလိုမျိုးတွေ မဖြစ်အောင် 𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝 ကို့ တစ်နေ့ တစ်ထုပ် ပုံမှန်လေး သောက်ပေးနော်..

𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝မှာပါတဲ့ 𝐩𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜𝐬 က အကျိုးပြု ဘက်တီးရီးယားတွေကို ပြန်လည် ထိန်းညှိပေးလို့..
✅ ဗိုက်နာ၊ဗိုက်ရစ်၊လေပွတာကို သက်သာစေတယ်။
✅ ဝမ်းပျက်၊ဝမ်းလျှော ရောဂါတွေကို အထိရောက်ဆုံး တားဆီးပေးတယ်။
✅ အစာခြေစနစ် ကောင်းမွန်စေပြီး အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။

🥛 ဒီနေ့ရော 𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝 သောက်ပြီးပြီးလား?

🥰 ဗိုက်ကလေး အေးမှ စိတ်အေးရမှာ မို့ 𝐅𝐥𝐨𝐫𝐚𝐆𝐮𝐚𝐫𝐝 သောက်ဖို့ မမေ့နဲ့ဦးနော်..

#အူလမ်းကြောင်းကျန်းမာရေး #ဗိုက်ပြသနာ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 313/B, Mya Nandar Street, Bauk Htaw, Yankin Tsp, Yangon. Yangon
Yangon
11181

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 12:30