General Knowledge Of Drugs
ဆေးဝါးနှင့် ဆိုင်ရာ ဗဟုသုတများ ပြန?
24/01/2022
အသည်းရောင်စီပိုးနဲ့ပတ်သက်လို့လူနာများအသိမှားနေတာလေးတခုပြောချင်ပါတယ်။အချို့တွေအတွက်အသေးအမွှားလေးလို့ဆိုပေမဲ့မသိနားမလည်တဲ့လူနာအတွက်တော့အလွန်ကြီးတဲ့ပြဿနာဖြစ်နေသေးလို့ပါ။
အခုတလောပြန်ပြန်ကြားနေရတာ...
“ကျွန်မတို့စီပိုးဆေး၃လ/၆လသောက်ပြီးပါပြီ။နောက်၃လမှာစီပိုးစစ်တော့လည်းမရှိတော့ဘူးလို့ဆရာဝန်ကြီးကပြောလိုက်ပါတယ်။
ဒါပေမဲ့ကျွန်မတို့ရပ်ကွက်မှာအသည်းရောင်ဘီပိုး၊စီပိုးလာစစ်တော့စီပိုးရှိနေတယ်လို့ပြောလိုက်တယ်။”
တချို့ကလည်း” အလုပ်လုပ်ဖို့ လျောက်တာမှာဆေးစစ်ကြည့်တော့ စီပိုးဆေးကုသပြီးပေမဲ့စီပိုးကရှိနေတယ်အဖြေထွက်နေလို့အလုပ်ကလက်မခံဘူးဖြစ်နေတယ်”..စသဖြင့်အကြားရများပါတယ်။
အဲဒီမှာသေသေချာချာပြန်မေး၊စစ်ဆေးကြည့်တော့ HCV Antibody တွေ့နေတာကိုပဲစီပိုးရှိတယ်လို့ပြောနေကြတာပါ။ HCV RNA လို့ခေါ်တဲ့ပိုးကောင်ရေရှိနေတာမဟုတ်ပါဘူး။
ဒါကြောင့်ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ဒီလိုပြောပြချင်ပါတယ်။
=. =. =. =. =. =. =. =. =. =. =. =. =. =. =
1)✳️
HCV Antibody ( ပဠိပစ္စည်း)၊တနည်းဆိုရရင်စီပိုးဝင်ဘူးတဲ့အမှတ်အသား/ခြေရာဟာစီပိုးဝင်ဘူးသူတိုင်းမှာအမြဲတသက်လုံး *(တသက်လုံး)* ရှိနေမှာဖြစ်ပါတယ်။ ဆေးစစ်ချက်အဖြေလွှာမှာ HCV Ab - Reactive သို့မဟုတ် Positive အဲလိုအဖြေထွက်ပါတယ်။
အဲလိုအဖြေထွက်သူတိုင်းဟာစီပိုးဝင်ဘူးသူများဖြစ်ပေမဲ့စီပိုးကောင်ရေရှိသူဟာ ၇၅% -၈၀%ခန့်မှာသာရှိပါတယ်။ကျန်၂၀%-၂၅%ခန့်မှာပိုးကောင်ရေမတွေ့ရပါဘူး။
ဒါကြောင့်ပိုးကောင်ရေတွေ့သူ၇၅%-၈၀%ခန့်သာစီပိုးအတွက်ဆေးကုသမှုခံယူဖို့လိုပါတယ်။
ℹ️( HCV Ab positive and HCV RNA negative in Resolved infection 25%)
ℹ️( HCV Ab positive and HCV RNA positive in Persistent infection 75% )
2)✳️
နောက်အရေးကြီးတဲ့တချက်ကိုပြောချင်ပါတယ်။
အဲဒါကတော့စီပိုးကုသပျောက်ကင်းပြီးသူတွေအတွက်အလွန်အရေးကြီးပါတယ်။
သူတို့ဆီမှာပိုးကောင်ရေ HCV RNA/ Viral Load ဟာမရှိတော့ပေမဲ့ စီပိုးဝင်ဘူးတဲ့အမှတ်အသား/ခြေရာအဖြစ်ပဋိပစ္စည်းလို့ခေါ်တဲ့ HCV Antibody ဟာအစောကပြောခဲ့သလိုတသက်လုံးကျန်နေရစ်မှာပါဘဲ။ ဆေးစစ်ချက်မှာ HCV Antibody- Positive/ Reactive လို့အမြဲပြနေမှာပါ။
အဲဒါကြောင့်စီပိုးကုသပျောက်ကင်းပြီးရင် ပဋိပစ္စည်းကိုချက်ချင်းဘဲစစ်စစ်၊နှစ်အတန်ကြာမှာဘဲပြန်စစ်စစ်တွေ့နေရမှာဖြစ်ပါတယ်။ပိုးရှိသူမဟုတ်တော့တဲ့အတွက်ပိုးသတ်ဆေးပြန်သောက်ဖို့မလိုတော့ပါဘူး။
3)✳️
စီပိုးကုသပျောက်ကင်းပြီးသူမှာပိုးကောင်ရေမရှိတော့သော်လည်း သွေးလှူဒါန်းခြင်းပြုလုပ်လို့မရပါ။
၄) ✳️
နောက်ဆုံးအချက်ဆိုပေမဲ့အရေးကြီးဆုံးလို့ပြောရမဲ့တချက်ကျန်ပါသေးတယ်။
အဲဒါကတော့စီပိုးဟာဘီပိုးလိုကာကွယ်ဆေးမရှိတဲ့အတွက်နောက်တဖန်ကူးစက်နိုင်ပါတယ်။
ဒါကြောင့်စီပိုးကူးစက်နိုင်တဲ့အပြုအမူတွေကိုရှောင်ရှားရမှာဖြစ်ပါတယ်။
စီပိုးမရှိသေးသူ၊ရှိပြီးကုသပျောက်ကင်းပြီးသူတို့မှာကူးစက်နိုင်တဲ့နည်းလမ်းများဟာအတူတူဘဲဆိုတာသတိချပ်ရပါမယ်။
တကြိမ်ကုသပျောက်ကင်းသွားတာဟာတသက်လုံးထပ်မကူးစက်နိုင်တော့ဘူးလို့သတ်မှတ်လို့မရပါဘူး။
မှတ်ချက်-(ဘီပိုးကတော့ကာကွယ်ဆေးအပြည့်ထိုးထားပြီးကာကွယ်ဆေးလည်းအောင်တယ်ဆိုရင်တသက်လုံးမကူးစက်နိုင်တော့ပါဘူး။)
- - - - - - - - - - - - - - - -
💚 ဒီဗဟုသုတကိုတော့ဆေးပညာစိတ်ဝင်စားသူများ၊အသည်းရောင်စီပိုးရှိသူများ၊ကုသဆဲ/ ကုသပျောက်ကင်းပြီးသူများနဲ့ လူနာကိုပြုစုနေသူများအတွက်အထူးရည်ရွယ်ရေးသားခြင်းဖြစ်ပါတယ်။
#အသည်းခြောက်အသည်းကင်ဆာကင်းဝေးဖို့လူတိုင်းဘီပိုးစီပိုးစစ်ကြစို့။
မေတ္တာဖြင့်-
ဒေါက်တာရီရီစိန်
၂၂.၄.၂၀၁၉
Credit
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon