Progressive Mep Engineering

Progressive Mep Engineering

Share

Get the excellent engineering services with us.

Photos from Progressive Mep Engineering's post 12/11/2024

𝐊𝐨𝐡𝐥𝐞𝐫 𝐛𝐫𝐚𝐧𝐝 𝐒𝐚𝐧𝐢𝐭𝐚𝐫𝐲 𝐅𝐢𝐱𝐭𝐮𝐫𝐞𝐬 တွေကို 𝘾𝙡𝙖𝙨𝙨𝙞𝙘 ဆန်ဆန်သုံးထားတဲ့ ရွှေတောင်ကြားက Luxury Site လေး မကြာခင် ပြီးပါတော့မယ်😍😍😍။

လုပ်ငန်းအပ်နှံသူ Client များကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

Photos from Progressive Mep Engineering's post 23/05/2023

𝗣𝗿𝗲𝘀𝘀𝘂𝗿𝗲 𝗥𝗲𝗱𝘂𝗰𝗶𝗻𝗴 𝗩𝗮𝗹𝘃𝗲(𝗣𝗥𝗩)
••••••••••••••••••••••••••••••••••••••••••

Pressure Reducing Valve (PRV) ဆိုတာ Water Supply System (ရေပေးဝေခြင်း) လုပ်ငန်းတွေမှာ ရေဖိအား (Pressure) ကို ကန့်သတ်ရန်အတွက် အသုံးပြုတဲ့ Valve တစ်မျိုး ဖြစ်ပါတယ်။

#ဘယ်လိုနေရာတွေမှာတပ်ဆင်အသုံးပြုသလဲ?

ဟိုတယ်၊ကွန်ဒို၊Shopoing Mall တို့လိုအထပ်မြင့် အဆောက်အဦးတွေမှာ Sanitary fixture တွေ (WC,
Basin,Shower) တွေကို Overhead tank ကနေ ရေပေးဝေဖို့ဆိုရင် အောက်ဆုံးအလွှာတွေဟာ ရေဖိအား (Pressure) ဟာ လိုအပ်တဲ့ Pressure ထက် များနေနိုင်ပါတယ်။

အထူးသဖြင့် WC (ဘိုထိုင်) ရဲ့ Hand Spray (ရေဆေးပိုက်) အတွက် Pressure ဟာ 2.5 ~ 3 bar လောက်အထိသာ အဆင်ပြေပါတယ်။ အဲ့ဒီထက် Pressure များနေရင် သုံးလို့အဆင်မပြေတော့ပါဘူး။ ရေဖိအားကို ပျှမ်းမျှသတ်မှတ်ရာမှာ အဆောက်အဦးအမြင့် 10 m( ပေ ၃၀) မှာ 1 bar သတ်မှတ်ကြပါတယ်။

အဲ့ဒီအခါမှာ အထပ်မြင့်အဆောက်အဦးတွေမှာ အဆောက်အဦးအမြင့်အပေါ် မူတည် တွက်ချက်ပီး Pressure Reducing Valve ကို တပ်ဆင်အသုံးပြုကြပါတယ်။

Pressure Reducing Valve (၂)မျိုး ရှိပါတယ်။ အဲ့ဒါတွေကတော့
◼ Direct Action
◼ Pilot Opreated

◼ Direct Action pressure reducing valve မှာတော့ Valve အတွင်းမှာပါတဲ့ Adjust Control Spring ရဲ့ရွေ့လျားမှုအပေါ် မူတည်ပီး Pressure အတိုးအလျှော့ကို လိုအပ်သလို ချိန်ညှိရတာပါ။

◼ Pilot Opreated pressure reducing valve မှာတော့ Adjust Control Spring အပြင် ဖိအား Pressure ကို အာရုံခံပေးတဲ့ ပိုက်တွေကနေ Down Stream Pressure ကို ချိန်ညှိလုပ်ဆောင်ပေးတာပါ။ အောက််မှာဖော်ပြထားတဲ့ ကျွန်တော်တို့ တပ်ဆင်အသုံးပြုနေတဲ့ PRV ကတော့ Pilot Opreated pressure reducing valve ပဲ ဖြစ်ပါတယ်။

ိုဘယ်လိုချိန်ညှိသလဲ?
PRV ကို ချိန်ညှိရာမှာ PRV မှာပါတဲ့ Screw or K**b ကို Clockwise (နာရီလက်တံ သွားရာဘက်သို့) လှည့်ပါက Output pressure တိုးလာမှာ ဖြစ်ပီး Counter Clockwise (နာရီလက်တံပြောင်းပြန်) အတိုင်း လှည့်ပါက Output Pressure လျော့သွားမှာဖြစ်ပါတယ်။ Pressure အတိုးအလျော့ကို သိဖို့ရာအတွက် PRV ရဲ့ အဝင်အထွက််မှာ Pressure Gauge တွေ ပါရှိရမှာဖြစ်ပါတယ်။ Direct Action PRV တွေ မှာတော့ Pressure Gauge မပါတော့ မိမိဘာသာ Pressure gauge တွေ တပ်ဆင်ပေးရမှာ ဖြစ်ပါတယ်။

ုံးပြုသောနေရာများ
Pressure Reducing Valve များကိုတော့ Apartment တွေ၊ Residential တွေ၊ Factory တေွမှာတော့ Branch ခွဲသွားတဲ့ ပိုက်လိုင်းတွေမှာ တပ်ဆင်အသုံးပြုကြပါတယ်။ Floor to Floor အမျိုးအစားတွေ ဖြစ်တဲ့ Hotel ၊ Condo ၊ Office ၊ Shopping Mall တွေမှာတော့ Vertical Pipe တွေဖြစ်တဲ့ Riser တွေမှာ တပ်ဆင်အသုံးပြုကြပါတယ်။

ဒီလောက်ဆိုရင် Pressure Reducing Valve အကြောင်း အကြမ်းဖျဥ်းသိလောက်ပီထင်ပါတယ်။ အသေးစိတ်မေးမြန်းလိုရင်လည်း ကျွန်တော်တို့ရဲ့ Progressive Mep Engineering ရဲ့ Chat Box မှာ လာရောက််မေးမြန်းနိုင်ပါတယ်ဗျ။ နောက်ရက်တွေမှာ M&E နဲ့ပတ်သတ်တဲ့ တခြားအကြောင်းအရာများကိုလည်း ကျွန်တော်တို့လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံများနဲ့ရောစပ်ပီး စာတွေ့/လက်တွေ့ ေပါင်းစပ် မျှဝေပေးသွားပါမယ်ခင်ဗျာ။

" မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ"

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No(388), Sein Pann Street, Ward (40), North Dagon Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00