TTZ JADE Selling

TTZ JADE Selling

Share

Jade selling

Photos from TTZ JADE Selling 's post 04/12/2022

#ကျောက်စိမ်းပညာလေ့လာနေသူများအတွက်
#ဗဟုသုတသိမှတ်ဖွယ်....

ကျောက်ပညာ လေ့လာနေသူများအတွက်ရည်ရွယ်ပြီး ရေးသားခြင်းဖြစ်ပါတယ်။ ကျောက်လောက ဆရာ့ဆရာကြီးများ ဖြည့်စွက် ပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်။

၁ ။ ရေမဆေးဝယ်မယ်
၂ ။ ဆေးကြည့်မယ်
၃ ။ စျေးကွက်စမ်းမယ်
၄ ။ ဖျတ်မယ် / ကွမ်မယ်
၅ ။ အထည် / ပန်းပု / အချောထည် လုပ်မယ်
၆ ။ ရောင်းမယ်

#ရေမဆေးဝယ်မယ်

စစ်ရမဲ့အချက်တွေရှိတယ် ချော် အခြေအနေကိုသိဖို့ လေ့လာရမယ် ချော်ပေါ်ကပြတဲ့အဖြေက အခွံပေါ်မှာပါတက်တယ် နောက်တစ်ခုက အလေးချိန် အရွယ်နဲ့ အလေးချိန်ကိုသိဖို့လိုမယ် အရွယ်ထက်အလေးချိန်ပိုစီးတာဆို အသားရဖို့များတယ် တိကျတဲ့အဖြေပေးဖို့တော့ခက်လိမ့်မယ် နောက်ဆုံးတစ်ချက်က တူရာ တူရာက ကျောက်မျိုးကိုဖတ်ဖို့လမ်းစပဲ ယမ်းကြည့်ဖို့လမ်းစ ဖြစ်တယ် အဲ့အချက်သုံးချက် ကို အရင်လေ့လာသင့်တယ်။

#ဆေးကြည့်မယ်

ရေမဆေး တစ်လုံးကို တစ်တုန်းလုံးဆေးခြင်းထက် တစ်ကွက်ခြင်းစဆေးသင့်တယ် ဆေးတဲ့အချိန်အပြောင်းအလဲ ဖြစ်ပျတ်သဘောကို မှတ်ပါလေ့လာပါ ချော် ကချော်စေးလား ချော်ပွလား ဆိုတာသိဖို့လိုလာလိမ့်မယ် အခွံရဲ့သဘောကိုသိဖို့လေ့လာရမယ် မှတ်သားမယ် ဘာအခွံမျိုးဖြစ်တယ် ယမ်းသဘော တီ မန်း အခြံ တွေကိုသိဖို့လိုလာလိမ့်မယ် မှော် သဘောကိုပါတွဲလေ့လာသင့်တယ် ဖျတ်ဖို့ထက် အရင်းမပျောက်လေ့လာသင့်တယ် ဆေးချက်ပေါ်ရင်စျေးကွက်စမ်းမယ်။

#စျေးကွက်စမ်းမယ်

လိုင်းပေါ်တင်ရောင်းခြင်းထက် ဝယ်လက်တိုက်ရိုက်ပြရောင်းတက်ဖို့လိုမယ် စျေးကွက်အခြေအနေသိဖို့လိုမယ် ဘယ်လိုင်းနဲ့သင့်တော်တယ် ဆိုတာသိဖို့လိုမယ် ဒါတွေလည်းလေ့လာဖို့လိုအပ်တယ်။

#ဖျတ်မယ်_ကွမ်မယ်

ကွမ်တာနဲ့ပတ်သက်လို့ အ‌ထွေအထူးမရှိပါဘူး အလှဆုံးနေရာ မန်း ကြိုး အရည်/ ကာလာ အလှဆုံးနေရာကို ဖောက်တာပါ လက်မလွန်စေဖို့သတိထားရမယ် ကျောက်တစ်လုံး ဖြတ်တယ်ဆိုတာ လွယ်တယ်မထင်နဲ့နော် ယမ်းအသွားအလာ ကျောက်တစ်လုံး ဖြစ်တည်မှု အနာ အရည်အသွားအလာ တွေကိုကြည့်တက်မှဖျတ်နန်းမှန် ရွေးတက်လိမ့်မယ် လေ့လာသင့်တဲ့အရာပါ အနာနဲ့ အရည်ကိုပဲ ကြည့်ဖျတ်နေတာများတယ် ကျောက်တစ်လုံးဖြစ်တည်မှု ယမ်းအသွားအလာကို ထည့်မတွက်ကြဘူး။

#အချောထည်

အပွင့်လား အချပ်လား လက်ကောက်လား ဂွင်လား ပန်းပုလား ပန်းတီးလား စသဖြင့် ခွဲတက်ဖို့လိုလာပြီ အသားတန်းကို သေခြာမသိရင် ခွဲရခက်မယ် အသားတန်းကိုသိဖို့လေ့လာရမယ် ဘယ်လိုင်းအတည့်ဆိုတာကိုသေခြာသိမှစျေးရမယ် အချောထည်ဆိုလည်းလှမယ်ပေါ့။

#ရောင်းမယ်

ဘယ်လိုင်း သိပြီဆို စျေးကွက်ထိုးရလွယ်မယ် ဒါပေမဲ့ စျေးတန်းသိဖို့လိုလာပြန်ရော ဘယ်စျေးခေါ်မယ်
ဘယ်လောက်ထုတ်မယ် ဘာနဲ့ဆုံးဖျတ်သလဲ ပွဲညှော် ပွဲညွှန့်စားသမားတွေ များတဲ့ လောကမှာ ကိုယ်တိုင်မသိရင် ခံသွားရမယ် ( လူမှန်ရှိပါတယ် နည်းတာပေါ့ )
အဲ့တော့စျေးကွက်ကိုလည်းလေ့လာပါလို့အကြံပြုချင်ပါတယ်။

အချုပ်ဆိုပြီးပြောရ ရင် ကျောက်တစ်လုံးဖြစ်တည်ခြင်းကစပြီး အဆင့်ဆင့် လုပ်ကိုင်မှုကိုလေ့လာသင့်တယ် စျေးကွက်ကို အမြဲမပျတ်လေ့လာစေချင်တယ်။

Credit

#ကျောက်စိမ်းအကြောင်း

Photos from TTZ JADE Selling 's post 19/11/2022

ကျောက်ကောင်းကျောက်မြတ် များကို လက်ဝယ် ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ

Want your business to be the top-listed Jewelery/watch Store in Yangon?
Click here to claim your Sponsored Listing.

Website

Address


Zaw’s A Quarter
Yangon