Global World Insurance - GWI
We Always With You!
27/05/2026
“စိုးရိမ်မှုတွေလျော့ချဖို့၊ မီးအာမခံနဲ့ လက်တွဲစို့”
🤔"ကိုယ်တိုင်လည်း မီးကို ဂရုစိုက်တယ်၊ ဘာလို့ မီးအာမခံ ထားရဦးမှာလဲ?" လို့ တွေးမိနေပါသလား။
❇️ကျွန်တော်တို့ကိုယ်တိုင် မီးစနစ်တကျ သုံးစွဲပေမဲ့လည်း မိမိအိမ်ရဲ့ ပတ်ဝန်းကျင်၊ အိမ်နီးနားချင်းတွေဆီကတစ်ဆင့် ကူးစက်လာမယ့် 🔥မီးဘေးအန္တရာယ် ဒါမှမဟုတ် မမျှော်လင့်ဘဲ ဖြစ်ပွားတတ်တဲ့ လျှပ်စစ်ဝါယာရှော့ခ် ဖြစ်စဉ်တွေကိုတော့ ဘယ်သူမှ ကြိုတင်တားဆီးလို့ မရနိုင်ပါဘူး။
❇️နှစ်ပေါင်းများစွာ ရုန်းကန်ကြိုးစားပြီးမှ ပိုင်ဆိုင်ခဲ့ရတဲ့ မိမိတို့ရဲ့ အိမ်ဂေဟာနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ မိနစ်ပိုင်းအတွင်း ပြာပုံဘဝ ပြောင်းသွားနိုင်ပါတယ်။ မီးလောင်ပြီးမှ နောင်တရတာထက်စာရင် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးမို့လားခင်ဗျာ။
🛡️ မီးအာမခံ (Fire Insurance) ရှိထားခြင်းဖြင့် -
• မမျှော်လင့်ဘဲ မီးဘေးကြုံတွေ့ရတဲ့အခါ ငွေကြေးဆုံးရှုံးမှုတွေကို အထိရောက်ဆုံး လျော်ကြေးပြန်ရရှိမယ်။
• အဆောက်အအုံတင်မကဘဲ အတွင်းက အဖိုးတန်ပစ္စည်းတွေကိုပါ ကာကွယ်ပေးနိုင်မယ်။
• ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်ရဲ့မိသားစုနဲ့ စီးပွားရေးအတွက်
"စိတ်အေးချမ်းသာမှု" ကို အပြည့်အဝရရှိစေမယ်။
ပြာပုံထဲက ဘဝကို အသစ်ပြန်မစရအောင်... သင့်အိမ်၊ သင့်လုပ်ငန်းနဲ့ သင့်မိသားစုရဲ့ အနာဂတ်အတွက် မီးအာမခံကို ဒီနေ့ပဲ စိတ်ချလက်ချ ထားရှိလိုက်ပါ။
💬 မီးအာမခံနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Message Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
30/04/2026
🙏ကဆုန်လပြည့် ဗုဒ္ဓနေ့🙏
(ညောင်ရေသွန်းပွဲတော်)
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ မင်္ဂလာရှိသော ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း Global World Insurance မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်ခင်ဗျာ။ 🙏
#ကဆုန်လပြည့် #ညောင်ရေသွန်းပွဲတော်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 62 , Bahosi Development, Wadan Street, Lanmadaw Township
Yangon
11131
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 13:00 |