Software Adviser Bot

Software Adviser Bot

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Software Adviser Bot, Public Figure, Yangon.

12/03/2024

✨မိမိဖုန်းကို အနားပေးပါ✨
"ငါ့ဖုန်းက ဘာမှလည်းမသုံးဘဲ အခုတလော စက်ဟန်းသလိုဖြစ်ဖြစ်သွားတယ်"
"ဖုန်းထဲမှာ ဘာမှလည်းမထည့်ထားဘဲနဲ့ စက်လေးနေတယ်သုံးမကောင်းဘူး"
"ဖုန်းက အရင်လို မသွက်တော့ဘူး တစ်ခုခုထဲဝင်မယ်ဆို အကြာကြီးပဲ"...🥴

ဒါတွေက ပုံမှန်ကြုံနေကြ ဖုန်းအသုံးပြု‌သူတွေရဲ့ အခြေခံပြဿနာပါ။ဖုန်းအသုံးမပြုဘဲ ဒီအတိုင်းတစ်နေကုန်ပစ်ထားလည်း ဖုန်းကို အနားပေးရာ မရောက်ပါဘူး။ဖုန်းတွေမှာ Screen ပိတ်ထားလည်း Background dataတွေက အလုပ်လုပ်နေပါတယ်။(ဥပမာ- ဖုန်းလိုင်း၊နာရီ၊တစ်ချို့ software များ)

ဖုန်းတစ်လုံး ကောင်းကောင်းအလုပ်မလုပ်တော့ရင် အရင်ဆုံးလုပ်သင့်တာ ဘာလဲ?

ရိုးရှင်းပါတယ် Power Restart (or) Reboot လေးလုပ်ရုံနဲ့ ထိရောက်စွာ မိမိဖုန်းကို အနားပေးလို့ရပါတယ်။

အထက်က ပြောသလိုတွေ မဖြစ်အောင် ဘယ်လိုလုပ်သင့်သလဲ?

မိမိဖုန်းကို တစ်ပတ် တစ်ခါလောက်တော့ ပါဝါ အဖွင့်အပိတ်လုပ်ပေးသင့်ပါတယ်။ဖုန်းဝယ်ပြီး ‌အသစ်တွေမှာ မသိသာပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အလုပ်လုပ်နိုင်စွမ်း လျော့ကျလာတတ်ပါတယ်။

ကြုံဖူးပါတယ်။တစ်နှစ်လောက်ထိ ဖုန်းကို လုံးဝ ပါဝါအဖွင့်အပိတ်မလုပ်ဖူးသူတွေလည်း ရှိပါတယ်။အဲ့လိုလူမျိုးတွေဟာ ဖုန်းပြောရုံလောက်ပဲ ဖုန်းကို အသုံးပြုတာဆိုရင်တောင် ပုံမှန်လို သုံးမကောင်းပါဘူး။ဒါကြောင့် မိမိဖုန်း အရင်လို သုံးလို့သိပ်မကောင်းဘူးလို့ ခံစားရနေပြီဆို သူ့ကိုအနားပေးဖို့လိုနေပြီလို့ သဘောပေါက်လိုက်ပါ။

မိမိဖုန်း အနားမပေးတာ ဘယ်လောက်ကြာနေပြီလဲ စစ်ချင်ရင် 👇👇👇

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Address


Yangon