Coding_ForAll
Sharing Is Caring
“သင်တန်းတွေ အများကြီးတက်၊ Project တွေ အများကြီးဆောက်ပြီးမှ ဘာလို့ အလုပ်မရသေးတာလဲ”
ဒီမေးခွန်းက Self-taught Developer တော်တော်များများ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အခက်အခဲပါ။ အမှန်တော့ အလုပ်မရတာက coding မတော်လို့ မဟုတ်ပါဘူး။ အလုပ်ရှင်တွေ လိုချင်တဲ့ ပုံစံနဲ့ ကိုယ်တင်ပြနေတဲ့ ပုံစံ လွဲနေလို့ပါ။
အလုပ်ရှင်တွေက Certificate အရေအတွက်ကို မကြည့်ပါဘူး။ သူတို့ကြည့်တာက "ဒီလူက အလုပ်ထဲမှာ တကယ်အလုပ်ဖြစ်မယ့်သူ ဟုတ်၊ မဟုတ်" ဆိုတာကိုပါ။ Self-taught တော်တော်များများဟာ Tutorial Hell လို့ခေါ်တဲ့ ဗီဒီယိုတွေ အထပ်ထပ်ကြည့်ပြီး အတုယူရေးသားတဲ့ ထောင်ချောက်ထဲမှာ ပိတ်မိနေတတ်ကြပါတယ်။
Tutorial ထဲကအတိုင်း လိုက်ရေးထားတဲ့ Project တွေက ကိုယ်အတွက်တော့ လေ့ကျင့်ခန်းဖြစ်ပေမယ့် အလုပ်ရှင်အတွက်တော့ "Copy" တွေပဲ ဖြစ်နေတတ်ပါတယ်။ တကယ့်လောကမှာ ပြဿနာတွေကို ဖြေရှင်းဖို့က Syntax သိရုံနဲ့ မရပါဘူး။
Data Structure၊ Algorithm နဲ့ System Design အခြေခံတွေကို မသိဘဲနဲ့တော့ ရှုပ်ထွေးတဲ့ Software တွေကို တည်ဆောက်နိုင်မှာမဟုတ်သလို၊ နည်းပညာအသစ်တွေကိုလည်း လိုက်မမီနိုင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် အခြေခံအုတ်မြစ် (Fundamentals) ကို မေ့ထားပြီး Framework တွေနောက်ကိုပဲ အပူတပြင်းလိုက်နေတာက အလုပ်မရစေတဲ့ အဓိကအချက်ပါ။
နောက်ထပ် အမှားတစ်ခုကတော့ "Professional" မဆန်တဲ့ လုပ်ဆောင်ချက်တွေပါ။ ကိုယ်က အလုပ်တစ်ခုကို အမှီအခိုကင်းကင်းနဲ့ ပြီးအောင်လုပ်နိုင်တယ်ဆိုတာကို သက်သေပြဖို့ လိုပါတယ်။ Github မှာ Commit တွေ မကြာခဏ တင်တာ၊ တကယ့်ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ Unique Project တွေ တည်ဆောက်တာမျိုး မရှိရင် ကိုယ့်ရဲ့ အလားအလာကို ဘယ်သူမှ မမြင်နိုင်ပါဘူး။
Linkedin ဟာ ဒီနေရာမှာ အကောင်းဆုံး Social Media ပါပဲ။ Linkedin Profile ကို CV တစ်စောင်လိုပဲ အသက်ဝင်အောင်လုပ်ပါ။ "Aspiring Developer" လို့ ကိုယ့်ကိုယ်ကို ခေါင်းစဉ်တပ်မယ့်အစား "Software Engineer" လို့ပဲ ယုံကြည်ချက်ရှိရှိ သုံးပါ။
ကိုယ့်ရဲ့ Project တွေကို Link ချိတ်ပေးထားပြီး ဘယ်လိုနည်းပညာတွေကို သုံးထားလဲ၊ ဘယ်လိုပြဿနာတွေကို ဘယ်လိုဖြေရှင်းခဲ့လဲဆိုတာကို အကျဉ်းချုပ် ရေးသားဖော်ပြပေးပါ။ Networking ဆိုတာ လူတွေနဲ့ မိတ်ဖွဲ့ရုံမဟုတ်ဘဲ၊ ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို သူတို့ မြင်အောင် ပြသရတဲ့ နေရာတစ်ခုပါ။
တကယ်တမ်း အလုပ်ရချင်ရင် ဒီအချက်လေးတွေကို စမ်းကြည့်စေချင်ပါတယ်။ ပထမဆုံးအနေနဲ့ Tutorial တွေကို ရပ်ပြီး ကိုယ်တိုင် Problem တစ်ခုကို စဉ်းစားပါ။ ပြီးရင် အဲဒီပြဿနာကို ဖြေရှင်းပေးမယ့် Application တစ်ခုကို စိတ်ကူးနဲ့တင်မဟုတ်ဘဲ တကယ်ရေးပါ။
Code တွေကို သန့်ရှင်းအောင်ရေးတတ်ဖို့ (Clean Code) နဲ့ Version Control (Git) ကို ကျွမ်းကျင်အောင်လေ့လာပါ။ ဒုတိယအချက်အနေနဲ့ Linkedin မှာ အမြဲ active ဖြစ်အောင်နေပါ။ ကိုယ်လေ့လာထားတဲ့ အကြောင်းအရာတွေကို ကိုယ်ပိုင်အမြင်နဲ့ Post တင်တာမျိုးလုပ်ပါ။
နောက်ဆုံးအချက်ကတော့ စိတ်ဓာတ်မကျဖို့ပါ။ အလုပ်ရဖို့ အကြိမ်ပေါင်းများစွာ ငြင်းပယ်ခံရတာက သဘာဝပါ။ အဲဒီငြင်းပယ်ခံရတဲ့အကြိမ်တိုင်းမှာ ကိုယ်ကဘာကို ပိုကောင်းအောင်လုပ်နိုင်မလဲဆိုတာကိုပဲ စဉ်းစားပါ။
IT နယ်ပယ်မှာ သင်ယူမှုဆိုတာ ဘွဲ့ရတာနဲ့ ရပ်တန့်သွားတာမဟုတ်ဘဲ တစ်သက်လုံး ဆက်လက်လေ့လာနေရမယ့် ခရီးစဉ်တစ်ခုပါ။ Self-taught ဖြစ်နေလို့ အားငယ်
စရာမလိုပါဘူး။ စနစ်တကျလေ့လာမယ်၊ လက်တွေ့လုပ်ဆောင်မှု (Action) နဲ့ သက်သေပြမယ်ဆိုရင် ဘွဲ့ရတစ်ယောက်ထက်တောင် ပိုပြီး အဖိုးတန်တဲ့ Developer တစ်ယောက် ဖြစ်လာနိုင်ပါတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်ပြီး အလုပ်ကို အဓိကထားပြီး တည်ဆောက်သွားပါ။ အရာအားလုံးက ကိုယ့်လက်ထဲမှာပဲ ရှိပါတယ်။
နယ်ပယ်အသစ်တွေ လေ့လာဖို့နဲ့ အလုပ်တွေလျှောက်ဖို့အတွက် Coursera နဲ့ LinkedIn လိုအပ်တယ်ဆိုရင် Page မှာ လာယူလို့ရပါပြီ။ အသေးစိတ်ကိုတော့ Page ရဲ့ pin post နှစ်ခုမှာ ဖတ်လို့ရပါတယ်။
Disclaimer: This post is intended for educational knowledge sharing about online learning platforms such as Coursera and LinkedIn. Our page does not engage in scams, fraud, or deceptive services.
07/03/2026
ကမ္ဘာပေါ်မှာ အလုံခြုံဆုံးနဲ့ စစ်ဆေးမှုအများဆုံးလို့ သတ်မှတ်ထားတဲ့ Firefox Browser ရဲ့ Code တွေကြားထဲမှာ Anthropic ရဲ့ Claude Opus 4.6 က နှစ်ပတ်အတွင်းမှာတင် Vulnerability ပေါင်း ၂၂ ခုကို တွေ့သွားခဲ့ပါတယ်။
ဒီထဲမှာ ၁၄ ခုက High-severity လို့ခေါ်တဲ့ အတော်လေး အန္တရာယ်များတဲ့ လုံခြုံရေး အပေါက်အပြဲတွေ ဖြစ်နေတာက ပိုပြီး လန့်စရာကောင်းပါတယ်။ နှစ်ပေါင်းများစွာ ထိပ်တန်း Developer ပေါင်းများစွာနဲ့ ဝိုင်းဝန်းတည်ဆောက်ထားတဲ့ ခိုင်မာတဲ့စနစ်ကြီးကို AI က မျက်တောင်တစ်ခတ်အတွင်း ဝင်မွှေပြသွားတာပါ။
ဒီဖြစ်စဉ်မှာ Anthropic အဖွဲ့ဟာ သူတို့ရဲ့ AI မော်ဒယ်သစ်ကို စမ်းသပ်ဖို့အတွက် Open-source နယ်ပယ်မှာ Security အကောင်းဆုံးလို့ နာမည်ကြီးတဲ့ Firefox ကို ရွေးချယ်ခဲ့တာပါ။ ပထမဆုံး JavaScript Engine ကနေ စတင်စစ်ဆေးခဲ့ပြီး နောက်ပိုင်းမှာ Codebase တစ်ခုလုံးကို ဖြန့်ကျက်ရှာဖွေခဲ့တာ ဖြစ်ပါတယ်။
နည်းပညာပိုင်းအရ ကြည့်မယ်ဆိုရင် Claude ဟာ ပုံမှန် Static Analysis Tools တွေ ရှာမတွေ့နိုင်တဲ့ ရှုပ်ထွေးတဲ့ Logic Error တွေကိုပါ ဖော်ထုတ်နိုင်ခဲ့တာကို တွေ့ရတယ်။ Code တွေကြားက ဆက်စပ်မှုနဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ အားနည်းချက်တွေကို လူတစ်ယောက်လို စဉ်းစားပြီး လိုက်ရှာသွားတာပါ။
ဒါပေမဲ့ AI ဟာ လုံခြုံရေး ယိုပေါက်ရှာတာမှာ ဆရာကျပေမဲ့ အဲဒီအပေါက်ကနေ ဖောက်ထွင်းဝင်ရောက်ဖို့ Exploitation ပိုင်းမှာတော့ အားနည်းနေသေးတာပါတယ်။
Anthropic အဖွဲ့က API Credits ဒေါ်လာ ၄၀၀၀ ဖိုးလောက် သုံးပြီး Exploits တွေ ရေးခိုင်းကြည့်ပေမဲ့ ၂ ခုပဲ အောင်မြင်ခဲ့ပါတယ်။ ဆိုလိုတာက AI ဟာ "သူခိုး" ထက် "အိမ်စောင့်" အဖြစ် ပိုအသုံးဝင်နေသေးတဲ့ အခြေအနေမှာ ရှိနေပါသေးတယ်။
ဒီသတင်းကြောင့် Security လောကမှာ ဂယက်အတော်လေး ရိုက်သွားခဲ့တယ်။ Firefox လို ပရောဂျက်မျိုးတောင် ဒီလောက် အပေါက်အပြဲတွေ ထွက်လာတယ်ဆိုရင် တခြား Software တွေရဲ့ အခြေအနေက မတွေးဝံ့စရာပါပဲ။ အခုတော့ Firefox 148 version မှာ ဒီယိုပေါက်အများစုကို Patch လုပ်ပြီးသား ဖြစ်နေပါပြီ။
Developer တွေဘက်ကကြည့်ရင် software တွေ ပိုလုံခြုံလာဖို့ အထောက်အကူပြုပေမဲ့ နောက်တစ်ဖက်မှာတော့ AI ကို လက်နက်လို အသုံးချလာမယ့် Hacker တွေအတွက် လမ်းစဖြစ်သွားမှာကို စိုးရိမ်နေကြတာပါ။
အနာဂတ်မှာ software တစ်ခုကို လူကပဲ ရေးရေး၊ AI ကပဲ ရေးရေး၊ အဲဒီ code ထဲက အားနည်းချက်ကို စက္ကန့်ပိုင်းအတွင်း ရှာဖွေနိုင်တဲ့ algorithm တွေက အဆင်သင့်ရှိနေတော့မှာပါ။
နည်းပညာသမားတွေအတွက် အခွင့်အလမ်းထက်စာရင် ပိုပြီး တာဝန်ကြီးလာတဲ့၊ ပိုပြီး ဖိအားများလာတဲ့ ခေတ်တစ်ခုကို ရောက်နေပြီလို့ပဲ ပြောရတော့မှာပါ။
စာလေ့လာဖို့နဲ့ အလုပ်တွေလျှောက်ဖို့အတွက် Coursera နဲ့ LinkedIn လိုအပ်တယ်ဆိုရင် Page မှာ လာယူလို့ရပါပြီ။
Disclaimer: This post is intended for educational knowledge sharing about online learning platforms such as Coursera and LinkedIn. Our page does not engage in scams, fraud, or deceptive services.
Remote Job တွေအတွက် စိတ်ချယုံကြည်ရတဲ့ Platform ၁၀ ခု
Beginner တွေအတွက် Remote Job တွေ ပေါများလာပေမယ့် ကိုယ်နဲ့သင့်တော်ပြီး ယုံကြည်စိတ်ချရတဲ့ အလုပ်အကိုင်တွေကို ရှာဖွေတတ်ဖို့လည်း လိုပါသေးတယ်။
ဒီတော့ သိထားသင့်တဲ့ အကောင်းဆုံး Platform တွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို ယှဥ်ပြီး ပြောပြပေးသွားပါမယ်။
ပထမဆုံးအနေနဲ့ FlexJobs ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီ website ကတော့ remote job တွေ၊ အချိန်ပိုင်းအလုပ်တွေ၊ freelance project တွေကို အဓိကထားပြီး တင်ပေးတဲ့နေရာပါ။ သူ့ရဲ့အကောင်းဆုံးအချက်ကတော့ တင်ထားတဲ့အလုပ်တိုင်းကို သေချာစစ်ဆေးပေးထားတာကြောင့် scam (အလိမ်အညာ) ကင်းပြီး အရည်အသွေးကောင်းတဲ့ အလုပ်တွေကိုပဲတွေ့ရမှာပါ။ ဒါကြောင့် လစဉ်ကြေး အနည်းငယ်ပေးရပေမယ့် စိတ်ချရတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် ရင်းနှီးရကျိုးနပ်ပါတယ်။
ဒုတိယတစ်ခုကတော့ လူတိုင်းနီးပါး ကြားဖူးကြတဲ့ Upwork ပါ။ သူကတော့ ကမ္ဘာ့အကြီးဆုံး freelance marketplace တွေထဲက တစ်ခုဖြစ်ပြီး project-based တွေကနေ full-time remote အလုပ်တွေအထိ အမျိုးအစားစုံလင်စွာရှာဖွေနိုင်ပါတယ်။ ကိုယ့်ရဲ့ skill set နဲ့ သက်ဆိုင်တဲ့ profile ကောင်းကောင်းတစ်ခုတည်ဆောက်ပြီး ကမ္ဘာတစ်ဝှမ်းက client တွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်တာက သူ့ရဲ့အားသာချက်ပါပဲ။
ဒီလိုပဲ We Work Remotely ကလည်း remote အလုပ်အကိုင်တွေအတွက် သီးသန့်တင်ပေးတဲ့ ကမ္ဘာ့အကြီးဆုံး job board တွေထဲမှာ ပါဝင်ပါတယ်။ အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာ software development, design, marketing နဲ့ customer support အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာကို တစ်နေရာတည်းမှာ စုစည်းတွေ့ရှိနိုင်ပါတယ်။
နောက်တစ်ခုကတော့ Remote co ဖြစ်ပြီး သူက အလုပ်ကြော်ငြာတွေတင်ပေးရုံမကဘဲ remote work နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ၊ အကြံပြုချက်တွေ၊ ကုမ္ပဏီတွေအတွက် လမ်းညွှန်ချက်တွေကိုပါ ဖော်ပြပေးတဲ့ resource platform တစ်ခုလည်းဖြစ်ပါတယ်။ ကိုယ်လျှောက်မယ့် ကုမ္ပဏီရဲ့ remote culture ကိုပါ လေ့လာနိုင်တာမို့ အင်မတန်အသုံးဝင်ပါတယ်။
နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာက JustRemote ပါ။ ဒီ website မှာလည်း programming, design, writing, marketing စတဲ့ ကဏ္ဍစုံက remote jobs တွေကို ရှာနိုင်သလို၊ တချို့ကုမ္ပဏီတွေက လူသိရှင်ကြားမကြော်ငြာထားတဲ့ remote position တွေကိုပါ ရှာဖွေတွေ့ရှိနိုင်အောင် ကူညီပေးတဲ့ features တွေပါဝင်ပါတယ်။
အထူးသဖြင့် Software Developer တွေအတွက်ဆိုရင်တော့ Arc dev က အကောင်းဆုံးပါပဲ။ ဒီ platform က developer တွေကို သေချာစစ်ဆေးပြီး အရည်အချင်းပြည့်မီတဲ့သူတွေကိုမှ ကမ္ဘာ့ထိပ်တန်း tech company တွေရဲ့ remote developer အလုပ်တွေနဲ့ ချိတ်ဆက်ပေးတာဖြစ်ပါတယ်။ ကိုယ့်အရည်အချင်းကို ယုံကြည်မှုရှိတယ်ဆိုရင် ဒီမှာ အလုပ်ရှာသင့်ပါတယ်။
ထိပ်တန်းအရည်အချင်းရှိတဲ့ talent တွေအတွက် သီးသန့်နေရာတစ်ခုကို ပြောပါဆိုရင်တော့ Toptal ပါပဲ။ Tech, Design, Finance ကဏ္ဍတွေက ကမ္ဘာ့ထိပ်ဆုံး 3% ထဲဝင်တဲ့ freelancer တွေကိုပဲ လက်ခံပြီးတော့ Google, Microsoft တို့လို ကုမ္ပဏီကြီးတွေရဲ့ project တွေနဲ့ ချိတ်ဆက်ပေးတာဖြစ်လို့ အတွေ့အကြုံနဲ့ အရည်အချင်းရှိပြီးသားသူတွေအတွက် အခွင့်အလမ်းကောင်းတွေ အများကြီးရှိပါတယ်။
Freelance အသေးစားလေးတွေကနေ စချင်တဲ့သူတွေအတွက်တော့ Fiverr က နေရာကောင်းတစ်ခုပါ။ ကိုယ်ပေးနိုင်တဲ့ ဝန်ဆောင်မှု (ဥပမာ - logo ဒီဇိုင်းဆွဲခြင်း၊ ဘာသာပြန်ခြင်း) ကို "Gig" အနေနဲ့ တင်ထားပြီး client တွေက လာရောက်ငှားရမ်းတဲ့ပုံစံဖြစ်လို့ ကိုယ့်ရဲ့ portfolio ကို စတင်တည်ဆောက်ဖို့အတွက် အလွန်
အဆင်ပြေပါတယ်။
startup လောကကို စိတ်ဝင်စားသူတွေအတွက် AngelList (အခုနာမည်အသစ် Wellfound) ပါ။ ဒီ platform က ကမ္ဘာတစ်ဝှမ်းက အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ startup company တွေရဲ့ remote အလုပ်အကိုင်တွေကို အဓိကထားဖော်ပြပေးတာဖြစ်လို့ tech startup တွေနဲ့ လက်တွဲလုပ်ကိုင်ချင်သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်မှာပါ။
နောက်ပြီး လူတိုင်းသုံးနေတဲ့ LinkedIn Jobs ကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။ LinkedIn ရဲ့ job search filter မှာ "Remote" ဆိုတာကိုရွေးပြီး ကိုယ်နဲ့သက်ဆိုင်တဲ့ industry က အလုပ်တွေကို လွယ်လွယ်ကူကူရှာဖွေနိုင်ပါတယ်။ ကိုယ့်ရဲ့ LinkedIn profile ကို professional ကျကျ ပြင်ဆင်ထားဖို့ကတော့ အရေးကြီးဆုံးပါပဲ။
အချုပ်အနေနဲ့ပြောရရင် remote job ရှာတဲ့အခါမှာ ကိုယ့်ရဲ့ CV/Resume နဲ့ Portfolio ကို အမြဲ update ဖြစ်နေအောင်ပြင်ဆင်ထားဖို့၊ ကိုယ်လျှောက်မယ့် ကုမ္ပဏီနဲ့ ရာထူးအကြောင်းကို သေချာလေ့လာပြီး Cover Letter ကို သေချာရေးဖို့၊ ပြီးတော့ အပေါ်မှာပြောခဲ့တဲ့ platform တွေမှာ profile တွေကို ကောင်းကောင်းတည်ဆောက်ထားဖို့က အရေးကြီးပါတယ်။
ပုံမှန်ထက် စျေးသက်သာတဲ့ LinkedIn ကိုတော့ Page မှာ လာယူလို့ရပါပြီ။ အသေးစိတ်ကို ဒီမှာဖတ်ကြည့်ပါ။
https://www.facebook.com/share/p/1B35dMj5YE/
Disclaimer: This post is intended for educational knowledge sharing about online learning platforms such as Coursera and LinkedIn. Our page does not engage in scams, fraud, or deceptive services.
Click here to claim your Sponsored Listing.
Category
Address
Yangon