Finance For Future

Finance For Future

Share

Available Services : Coaching, Consulting, Training, Workshops, Worksheets for Life Goals Setting &

07/11/2022

1 Week ရှိလာပြီ ဆိုတော့ Activities လေးတွေ လုပ်ရတာ အဆင်ပြေလား Comment or Message မှာ ပြောခဲ့ပါဦးနော်။

Hello …

ကိုယ့်ရဲ့ Cash & Bank Balance တွေကို စစ်ဖို့ မနေ့ညက သတိပေးခဲ့တာ ဘယ်သူတွေ လုပ်ဖြစ်လဲ ?

ဒီနေ့ 1.Nov Day 1 ကနေ Day by Day, Week by Week မှာ လုပ်သင့်တဲ့ 3 Money Activities ကို မျှတေပေးချင်ပါတယ်။

~~~~~~~

Activity (1)
Money Flow In & Out ကို ကြည့်ပါ။

တချို့အတွက် တစ်လမှာ လကုန်မှ လစာဝင်တာ ရှိသလို တချို့အတွက် project by project အနေနဲ့ ငွေဝင်တာတွေ ရှိတာကြောင့် ကိုယ့်ရဲ့ Money Flow အလိုက် In & Out ကို မှတ်ထားပြီး ကြည့်ပါ။

Money Flow လို့ ပြောတာကြောင့် ပိုက်ဆံဆိုတာ အဝင် နဲ့ အထွက် ရှိနေပြီး Flow စီးဆင်းနေဖို့ လိုအပ်ပါတယ်။ ငွေ အဝင်ကြီးပဲ လိုချင်နေလို့ မရသလို၊ ငွေ အထွက်ကြီးပဲ သုံးနေမိလို့လည်း မဖြစ်သင့်ပါဘူး။

ဒါကြောင့် ကိုယ့်ရဲ့ ငွေဝင်၊ ငွေထွက် ကို ကြည့်ပါ။

~~~~~~~

Activity (2)
သုံးလိုက်တဲ့ Categories အလိုက် (ဥပမာ။ Foods, Snacks, Clothes, Transport, Phone Bill etc) ခွဲပြီး Amount ပမာဏ ကို မှတ်ထားပါ။

တစ်ရက် တစ်ရက်၊ တစ်ပတ် တစ်ပတ် နဲ့ မှတ်ရင်း တစ်လ ပြည့်တဲ့အခါ ကိုယ့်ရဲ့ အသုံးစရိတ်တွေက ဘယ်နေရာတွေမှာ ဘယ်လောက်သုံးမိနေလဲ ဆိုတာကို သတိထား ကြည့်နိုင်ပါလိမ့်မယ်။

ကိုယ်နဲ့ အဆင်ပြေမယ့် Application ကို သုံးရင်လည်း လွယ်ကူ အဆင်ပြေနိုင်ပါတယ်။

~~~~~~~

Activity (3)
Wants : လိုချင်တာ နဲ့ Needs : လိုအပ်တာ ကို ကွဲပြား သိပါစေ။

အသုံးစရိတ်တွေထဲမှာ ဘယ်အရာတွေကို Wants လိုချင်တဲ့ ဆန္ဒကြောင့် ဝယ်လိုက်တာ ရှိလဲ ? ဘယ်အရာတွေကတော့ Needs လိုအပ်ချက်အရ မဖြစ်မနေ ဝယ်ရတာလဲ ?

ဒီလို ကြည့်ရင်းနဲ့ ကိုယ့်ရဲ့ မလိုတာ အပိုသုံးတတ်တဲ့ အကျင့် Money Habits ကို တွေ့နိုင်ပြီး ပြောင်းလဲ ပြင်ယူနိုင်ပါလိမ့်မယ်။

31/10/2022

Hello,

ဒီ Page လေး Active မဖြစ်တာ တော်တော်ကြာသွားပြီနော်။
How are you, everyone?

Coaching နဲ့ ပတ်သက်တဲ့ Page မှာ Contents & Program Offers လေးတွေ တင်ဖြစ်တာကြောင့် စိတ်ဝင်စားရင် ဒီ Link ကနေ Kz ရဲ့ Coaching Page ကို အလည်လာနိုင်ပါတယ်နော်။

https://www.facebook.com/kzlifewealthcoach

ဒီနေ့က 31.Oct.2022 ဆိုတော့ လကုန်ရက်မှာ Money, Finance နဲ့ ပတ်သက်ပြီး ဘာတွေ လုပ်လေ့ရှိကြလဲ ?
Let me know in the comment.

Kz နဲ့ Personal Finance Consulting လုပ်တဲ့ Clients တွေကို အမြဲ ပြောလေ့ရှိတဲ့ Financial Management Activity တစ်ခုက လကုန်ရက် ကိုယ့်မှာ Cash In Hand, Cash At Bank ( Balance ) ဘယ်လောက်ရှိလဲ ကြည့်ပါ။

နောက်ရက် ၁ ရက်နေ့က စပြီး အသုံးစရိတ်တွေကို မှတ်ထားပြီး နောက်လ ကုန်တဲ့အခါ အဲ့ဒီလ အတွက် ဘယ်လောက် ငွေဝင်၊ ငွေထွက် ရှိခဲ့လဲ သိရနိုင်ပြီး တစ်လကို ဘာတွေ အသုံးစရိတ် ရှိလဲ၊ ဘယ်က ဝင်ငွေရ လမ်းကြောင်းတွေရှိလဲ ဆိုတာ သိနိုင်မှာပါ။

ငွေကြေးစီမံ တတ်ဖို့ အရေးကြီးဆုံး အချက်က ကိုယ့်ငွေကို ကြည့်ဖို့ပါ။ ၅၀၀၊ ၁၀၀၀ က အစ အသည်းအသန် လိုက်ကြည့်နေရမယ် မဆိုလိုပါဘူး။ ကိုယ့်ရဲ့ ဝင်ငွေ၊ ထွက်ငွေ၊ လက်ကျန်ငွေတွေကို သိမှ မကုန်သင့်တာ မကုန်ရအောင် ထိန်းနိုင်မယ်၊ သုံးသင့်တဲ့ ပမာဏအတွင်း သုံးနိုင်ပြီး ဘဝမှာ နေပျော်မယ်၊ အနာဂတ် ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်အောင် ငွေစုဖို့ ငွေပွါးဖို့ အစီအစဉ်ဆွဲနိုင်မှာပါ။

Today Activity အနေနဲ့ လကုန်ရက် ကိုယ့်မှာ Cash In Hand, Cash At Bank ( Balance ) ဘယ်လောက်ရှိလဲ ကြည့်ပါ။

01/06/2022

You deserve love, peace, and calm.
Wishing you a wonderful June ...
from Kz

Join Telegram Channel
for Audio contents about Life & Wealth
https://t.me/kztcoaching

01/05/2022

Wishing You A Wonderful Month of May .. 🥰

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon