MGD Authentic Second-hand Senaker Shop

MGD Authentic Second-hand Senaker Shop

Share

Branded Authentic Secondhand

28/10/2021

သင့်ဖိနပ် ဘယ်ကလာလဲ.... Made in ကဘာလဲ?

အပေါ်ကခေါင်းစဉ်လေးနဲ့ပက်သက်ပြီးတော့ Page မှာအမေးများကျတဲ့ Made in ကဘာလဲ? ဆိုတဲ့ မေးခွန်းလေးလည်းဖြေပြီးသားဖြစ်ရင်းနဲ့ Knowledge Sharing လေးလည်းဖြစ်သွားအောင် ဒီ Article လေးကိုတင်ဆက်ပေးလိုက်ပါတယ်။

Nike ရဲ့ Production ကို US မှာမထုတ်တော့တာကြာလှပါပြီ အခွန်၊ အလုပ်သမားလုပ်ခလစာ နဲ့ Material တင်ပို့မှုစတာတွေအပြင် အခြားခြားသောကုန်ကျစားရိတ်များစွာသက်သာအောင် နေရာပြောင်းရွေ့ထုတ်လုပ်ရာမှာ China နဲ့ Vietnam က 36% စီ ၊ Indonesia က 22% နဲ့ Thailand က 6% ရှိပြီးတစ်ကမ္ဘာအလုံးအတွက် Manufacturing ကို စတဲ့ Region 4 နေရာက ထုတ်လုပ်ဖြန့်ချိပေးပါတယ်။

Nike ရဲ့ Official China Vietnam Indonesia Thailand စက်ရုံဆီတွေကလာတဲ့ အစစ် Product တွေမှာ ဘယ်ကထုတ်လို့ Quality ကမြင့်တယ် ဘယ်ကထုတ်လို့တော့ဖြင့်နိမ့်တယ် မကောင်းဘူးဆိုတာမျိုးက Authentic တွေမှာမရှိပါဘူး။ ဘယ်နေရာကပဲဖြစ်ဖြစ် စက်ရုံတွေအားလုံးဟာ Nike ရဲ့ Official Standard Quality အတိုင်း Material Use နဲ့ Production လုပ်ပြီး QC Pass နဲ့ဖြတ်ရတာပါ။ ဆိုတော့ဘယ်ကပဲလာလာအားလုံးကအတူတူပါပဲ Production Region ကွဲတာမျိုးပဲရှိတာပါ။ Quality အနိမ့်အမြင့်က Replica (Copies) တွေမှာသာရှိတာပါ... Authentic မှာမရှိပါဘူး။ ဒီမှာက အမှတ်မှားနေကျတာက Made in က China ဆိုရင် စိတ်ထဲကအလိုလိုမကောင်းဘူးမှတ်သွားကျတာမျိုးပါ။

နောက်ထပ်ရှိသေးတာက US Store ကဝယ်မှတို့ UK Store ကဝယ်မှတို့ Canada Store ကဝယ်မှ ပိုကောင်းတယ်ဆိုတာမျိုးလည်းမရှိပါဘူး။ US Store ကသွားဝယ်လည်း Made in China နဲ့ Made in Vietnam ပဲရရင်ရမှာပါ အဲ့လိုပဲ UK Store ကဝယ်လည်း Made in China ပဲရရင်လည်းရမှာပါ။ ကွာနိုင်တာဆိုလို့ Color Range မတူတာမျိုးရှိတာပဲဖြစ်မှာပါ .. ဥပမာ US Store မှာ ဒီဖိနပ်က ဒီအရောင်တွေရနိုင်ပေမဲ့ SG Store မှာ Same Model ကိုပဲ အဲ့အရောင်မဟုတ်ပဲတစ်ခြားမတူတဲ့အရောင်တွေရနေတာမျိုးတွေပဲရှိတာပါ။

ဆိုတော့ Authentic တွေဝယ်မယ်ဆိုရင် အဓိက အရေးကြီးတာက ကိုယ်ဝယ်မယ့်နေရာက အစစ်ရောင်းတာလား အတုရောင်းတာလား ဝယ်လိုက်တဲ့ကိုယ့်ဖိနပ်က အစစ်ဖြစ်နေဖို့ပဲအရေးကြီးပါတယ်။ Made in ကအရေးမကြီးပါဘူး။ Replica တွေအနေနဲ့လည်း Made in ဆိုတာက Label ပေါ်မှာရေးချင်တဲ့ Region ကောက်ရေးလို့ရနေတာဆိုတော့ Authentic တွေဝယ်မယ်ဆိုရင် စိတ်ချယုံကြည်ရတဲ့နေရာတွေကပဲ ဝယ်ယူပါလို့ပြောရင်း ဒီ Page မှာလည်း အစစ်တွေပဲရောင်းပါတယ်လို့ ကြေငြာဝင်လိုက်ပါတယ်။ (စိတ်မရှိနဲ့နော် Authentic လားလို့ မေးရင် စိတ်ဆိုးပါတယ်) 😅 .. စတာပါ စတာပါ .. အားလုံးပဲ ကိုယ်စိတ်နှလုံးရွှင်ပြုံးပြီး Authentic တွေများများဝယ်နိုင်ကျပါစေ။ 😊😊😊

Crd to Nike Myanmar Team.

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon