First Five Media

First Five Media

Share

သတင်းစုံလင် First Five တခွင်
အမှီအခိုကင်းသည့်မီဒီယာဖြစ်သည်

Photos from First Five Media's post 02/06/2026

ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှုကာလအတွင်း ကျောင်းသား၊ ကျောင်းသူ ၅၇ သိန်းကျော် လာရောက်အပ်နှံခဲ့
===========

နေပြည်တော်။ ဇွန် ၂။

ကျောင်းနေအရွယ်ကလေးတွေအားလုံး ကျောင်းကိုရောက်ရှိစေဖို့နဲ့ ပညာသင်ယူခွင့် မဆုံးရှုံးစေဖို့ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေရဲ့ ကျောင်းအပ်နှံ ရက်သတ္တပတ်လှုပ်ရှားမှုကို မေလ ၂၅ ရက်က‌ေန ၃၁ ရက်အထိသတ်မှတ်ကာ ကျောင်းအပ်နှံတာတွေ လက်ခံဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

အီလိုဆောင်ရွက်ရာမှာတစ်နိုင်ငံလုံးအနနဲ့ ကျောင်း
သား၊ ကျောင်းသူ ၅၇၉၈၇၂၅ ဦး လာရောက်အပ်နှံခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။

ပြီးခဲ့တဲ့ပညာသင်နှစ်က တစ်နိုင်ငံလုံးမှာ ကျောင်းအပ်နှံသူစုစုပေါင်း ၅၄၇၁၃၁၆ ဦးရှိခဲ့တာဖြစ်လို့ အခုပညာသင်နှစ်မှာ ကျောင်းအပ်နှံသူ ၃၂၇၄၀၉ ဦးအထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

အခြေခံပညာကျောင်း‌ေတွမှာ အခမဲ့ပညာရေးစနစ်ဖြစ်တာကြောင့် ကျောင်းအပ်နှံရာမှာ ကျောင်းဝင်ကြေးနဲ့ အခြားဘာအခ‌ေကြး‌ေငွမှပေးသွင်းဖို့မလိုဘဲ အခမဲ့အပ်နှံနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းအပ်နှံသူကြတဲ့ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ‌ေတွအတွက် သင်ရိုးပုံ
နှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်၊ ခဲတံ (၄) ချောင်းနဲ့ ကျောင်းဝတ်စုံ၊ အလယ်တန်းနဲ့ အထက်တန်းအဆင့်မှာ သင်ရိုးပုံနှိပ်စာအုပ် တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ (၂) ချောင်းနဲ့ ဘောပင်(၂)ချောင်းတို့ကို နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ပြီးကျောင်း
သား၊ ကျောင်းသူတွေဟာ ဇွန်လ ၁ ရက်နေ့က စတင်ပြီးပညာသင်ကြားနေကြပြီဖြစ်ပါတယ်။

02/06/2026

ရန်ကုန်တိုင်းအတွင်းကျောင်း‌ပေါင်း၃ ထောင်
ကျော်တွင်ကျောင်းသား‌ေကျာင်းသူ ၉ သိန်းကျာ်တက်ရောက်ပညာသင်ကြားနေ
===========

ရန်ကုန်။ ဇွန် ၂။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်ရဲ့ အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်ပေးခဲ့ရာမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကျောင်‌ေပါင်း ၃ ထောင်‌ေကျာ်မှာ ကျောင်းသား ကျောင်းသူ ၉ သိန်းကျာ် တက်ရောက်ပညာသင်ကြားလျက်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံကသိရပါတယ်။

ဖွင့်လှစ်သင်ကြားနတဲ့ အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်းကျောင်းတွေနဲ့ ဘုန်း‌ေတာ်ကြီးသင်ပညာ‌ေရး‌ေကျာင်းပါင်း ၃၃၂၆ ကျောင်းရှိပြီးကျောင်းသားကျောင်းသူ ၉၄၉၄၄၁ ဦး တက်ရောက်ပညာသင်ကြားနေတာဖြစ်တယ်လို့ သိရပါတယ်။

အခြေခံပညာကျောင်းတွေရဲ့ ကျောင်းအပ်နှံ‌ရေးရက်သတ္တပတ်အဖြစ် မေလ ၂၅ ရက်ကနေ ဇွန်လ ၃၁ ရက်အတွင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးအကြောင်း
အမျိုးမျိုးနဲ့ လာရောက်အပ်နှံဖို့ကျန်ရှိသေးတဲ့ကျောင်းသား‌ေကျာင်းသူတွေကိုလည်း ဆက်လက်လက်ခံ‌ေဆာင်ရွက်ပးနေတယ်လို့သိရပါတယ်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကစပြီး အကြောင်းအမျိုးမျိုးနဲ့ ကျောင်းပြင်ပရောက်ရှိနေတဲ့ အခြေခံ
ပညာမူလတန်းအဆင့်(Grade 2 မှ Grade 5)အထိနဲ့ အလယ်တန်းအဆင့် (Grade 6 မှ Grade 9)အထိ ကျောင်းသားကျောင်းသူတွေအတွက် Placement Test (အထူးအစီအစဉ်)ကို လည်းသက်ဆိုင်ရာမြို့နယ်တွမှာ ဇွန်လ ၁၅ ရက်ကစလို့ placement Test ဖြေဆိုကာ ကျောင်းဆက်တက်နိုင်ဖို့ ဆောင်
ရွက်နတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ပညာသင်နှစ်ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းသား ကျောင်းသူ ၁၀ သိန်းကျာ် တက်ရောက်ပညာသင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon