Chuu's Life
Hangul Life
29/11/2022
Hello admin ပြန်လာပါပြီနော် 12လပိုင်းသံရုံးဝင်ရမယ့်listပါ
🙂 English သို့မဟုတ် ဂျပန် လိုပါဝင်ခွင့်ဖြေလို့ရမယ့် ဆေးကျောင်းscholarship
ဂျပန်မှာဆေးတက္ကသိုလ်တက်ချင်တဲ့ဆန္ဒရှိတဲ့လူငယ်အတွက် သတင်းထူးပါ။
ဂျပန်မှာနာမည်ကြီးတက္ကသိုလ်အုပ်စုတစ်ခုဖြစ်တဲ့ International University of Health and Welfareမှ School of Medicine မှာ ပညာတော်သင်အဖြစ်သွားလို့ရတဲ့အခွင့်ထူးပါ။
Full Scholarship နဲ့ Half Scholarship (၂)မျိုးရှိပါတယ်။
Full Scholarship ရခဲ့ရင် ကျောင်းစရိတ် (၆)နှစ်စာကို ပေးစရာမလိုပဲ အခမဲ့တက်လို့ရပါတယ်။
အဆောင်စရိတ်လည်းပေးစရာမလိုပဲ မနက်စာနဲ့ ညစာကိုလည်းကျွေးပါမယ်။
တန်ဖိုးအားဖြင့် ကျပ်သိန်း(၃၀၀၀)ကျော်တန်တဲ့Scholarship ပါ။
အဓိကအချက်အလက်ကအောက်ပါအတိုင်းဖြစ်တယ်။
(အသေးစိတ်ဆိုရင်အောက်ပါ Link ကိုဝင်ပြီးဖတ်စေလိုပါတယ်။)
https://narita.iuhw.ac.jp/gakubu/igakubu/admission/foreigners.html?fbclid=IwAR0R9XfxY97zSEDFC2ZdKfO5SUyIf1z4fwKBGdrM2a32NJIwRI4tePNNiF0
၁) မြန်မာပြည်မှာ အနည်းဆုံးတက္ကသိုလ်ပထမနှစ်အောင်တဲ့လူဖြစ်ရမယ်။
၂) အသက်ကန့်သတ်ချက်မရှိပေမယ့် ငယ်တဲ့လူကိုဦးစားပေးနိုင်တယ်။
၃) EJU စာမေးပွဲမှာ သင်္ချာ အပြင် physic, bio, chemical မှ (၂)ဘာသာကိုရွေးပြီး အမှတ် စုစုပေါင်း (၃၅၀)ကျော်ရှိရမယ်။
၄) လျှောက်လွှာလက်ခံတဲ့ကာလက (၁၀)လပိုင်း(၂၆)ရက်မှ (၁၁)လပိုင်း(၅)ရက်အထိဖြစ်ပါတယ်။
၅) ဝင်ခွင့်စာမေးပွဲက Essay နဲ့ Interview ဖြစ်ပြီး (၁၁)လပိုင်း (၁၃)ရက်နဲ့ (၂၁)ရက်မှာဖြေရမယ်။
စာမေးပွဲကြေးက ယန်း(၁၅၀၀၀)
(ဂျပန်လိုဖြစ်ဖြစ် အင်္ဂလိပ်လိုဖြစ်ဖြစ်ဖြေလို့ရတယ်။)
Online နဲ့ဖြေလို့ရတယ်။
၆) ဂျပန်စကား (သို့) အင်္ဂလိပ်စကားအရည်အချင်းပြတဲ့ certificate တင်ရမယ်
၇) အောင်စာရင်းကို (၁၂)လပိုင်း(၆)ရက်မှာကြေငြာပါမယ်။
၈)အောင်တဲ့လူအနေနဲ့ ဝင်ကြေး ယန်းသောင်း(၁၅၀)ကို (၁၂)လပိုင်း(၁၃)ရက်ကိုနောက်ဆုံးထားပြီး သွင်းရမယ်။
သွင်းထားတဲ့ဝင်ကြေးကို နောက်နှစ် (၅)လပိုင်းမှာပြန်အမ်းပါမယ်။
၆) တက္ကသိုလ်မှ ဘွဲ့ရရင် သတ်မှတ်ထားတဲ့ဆေးရုံမှာ အနည်းဆုံး(၄)နှစ်ကြာအလုပ်လုပ်ရပါမယ်။
မလုပ်နိုင်ပါက ကျောင်းစရိတ်အားလုံး လျော်ရပါမယ်။
🌼 🌼 🌼 🌼 🌼 🌼 🌼 🌼
ဒီတက္ကသိုလ်အောင်ဖို့အဓိကအရေးကြီးတာက EJU ပါ။
ဒီနှစ်အတွက်မမှီဘူးဆိုရင် နောက်နှစ်အတွက်ကြိုးစားပါ။
အမတစ်ယောက်တင်ထားတာပါ Japanအတွက်
外国人特別奨学生選抜|成田キャンパス|国際医療福祉大学 医学部・成田看護学部・成田保健医療学部 国際医療福祉大学 成田キャンパスのホームページです。成田キャンパスで学べる3つの学部、6つの学科をご紹介します。
Click here to claim your Sponsored Listing.
Category
Website
Address
Yangon