Basic Nursing Online Class
အခြေ ခံ ပြုစုကုသမူ.သင်တန်း(Online Class)
မဖွင?
21/10/2021
(ပိုင်ရာစီတမ်) 400/800/1200mg
ဆေးအကြောင်း
+++++++++++++++++++++++++++++++++++
လေဖြတ်၊ အာရုံကြောရောဂါတွေ မှာအသုံးများလို့ အမေးလည်း များပါတယ်။
ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများတွင်အသုံးပြုလေ့ရှိသော ဆေးတစ်မျိုးဖြစ်ပါတယ်။
အသုံးပြုပုံ
အယ်လ်ဇိုင်းမားရောဂါ (ဖြည်းဖြည်းချင်းအတိတ်ကိုမေ့လာသော ရောဂါ)
မှတ်ဉာဏ်ချို့ယွင်းခြင်း ၊ အာရုံစူးစိုက်မှုမရှိခြင်း၊
စိတ်နေစိတ်ထား အမူအကျင့်များ ပြောင်းလာခြင်း
လေဖြတ်ခြင်း
အကြောဆွဲသောရောဂါ
အတက်ရောဂါ
စိတ်ကျန်းမာရေးဆေးများသောက်ရ၍ လှုပ်ရှားမှု ပုံမှန်မဟုတ်သော လူနာများ
စသည့်အထက်ပါအခြေအနေများတွင် ရောဂါပျောက်အောင် ကုသခြင်းမျိုးမဟုတ်ဘဲ မှတ်ဥာဏ်၊ အာရုံစူးစိုက်မှုနှင့် လှုပ်ရှားမှုများ တိုးတက်ကောင်းမွန်လာရုံ ပေးသော ဆေးဖြစ်ပါသည်။
ဆေးညွှန်း
စားဆေး
တစ်နေ့ (၁၆၀၀) မီလီဂရမ်မှ (၉၆၀၀) မီလီဂရမ်ထိ ပေးနိုင်သည်။ (၃ ကြိမ်ခွဲပေးရမည်)
ထိုးဆေး
အကြောထိုးဆေး (2) ဂရမ် မှ (4) ဂရမ် ကိုဖြည်းဖြည်းချင်းသွင်းရသည်။ ပုလင်းချိတ်တာများပါသည်။
သတိပြုရန်
ကျောက်ကပ်အားလျော့နေသူများတွင် သတိဖြင့်သုံးစွဲရသည်။
ကားမောင်းသည့်သူများနှင့် စက်ယန္တရားကြီး အသုံးပြုသူများ သတိထားသုံးစွဲရမည်။
ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲသင့်သည့် ဆေးဖြစ်ပါသည်။
အသဲမကောင်းသည့်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မသုံးစွဲကပါ..
ဘေးထွက်ဆိုးကျိုးများ
စိတ်လှုပ်ရှားခြင်း၊ ဂယောင်ခြောက်ခြားဖြစ်ခြင်း၊
အိပ်မပျော်ခြင်း၊ စိတ်ကျခြင်း
နုံးခြင်း၊ အိပ်ငိုက်ခြင်း၊ တအားအိပ်ခြင်း၊
ကိုယ်အလေးချိန်တိုးခြင်း
ပျို့ခြင်း၊ အန်ခြင်း၊ဝမ်းလျှောခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ခြေလက်တုန်ခြင်း တို.
ဖြစ်စေတတ်သည်..
ဈေးကွက်ထဲရှိ ဆေးအမည်အချို့
Nootropil, P-cetam, Ucetam
Like & Sharing နိုင်ပါသည်...
Nursing Online Class
19/10/2021
(အဇီသရိုမိုင်စင်) 500mg ဆေးအကြောင်း
+++++++++++++++++++++++++++++++++++++
မက်ခရိုလိုက် ပဠိဇီဝဆေးတစ်မျိုးဖြစ်ပါသည်..
အသုံးပြုပုံ
အသက်ရှူလမ်းကြောင်း ဘတ်တီးရီးယားပိုးဝင်ခြင်း၊ အလယ် နားရောင်ခြင်း၊
အရေပြားပိုးဝင်ခြင်း၊
လိင်အင်္ဂါ ကလယ်မိုင်ဒီရယ် ပိုးဝင်ခြင်း၊
ဂနိုပိုးကြောင့် မဟုတ်သော ဆီးသွားပြွန်ရောင်ခြင်း၊ အတန်အသင့်ပြင်းထန်သော တိုက်ဖွိုက်ရောဂါတို့တွင် အသုံးပြု သည်။
နှလုံးအတွင်းမြှေးနှင့် နှလုံးအဆို့ရောင်ခြင်းကာကွယ်ရန် ကလေးများတွင် အသုံးပြုနိုင်သည်။
မျက်ခမ်းစပ်ရောဂါ အတွက် လည်း အသုံးပြုနိုင်သည်။
ဆေးညွှန်း
၅၀၀မီလီဂရမ် ကိုတစ်နေ့လျှင်
တစ်ကြိမ် သုံးရက်သောက် ရသည်။
ဂနိုပိုးကြောင့် မဟုတ်သော ဆီးသွားပြွန်ရောင်ခြင်းတို့အတွက် ၁၀၀၀ မီလီ ဂရမ် ကို
တစ်ကြိမ်သာသောက်ရသည်။
သတိပြုရန်
အသည်းမကောင်းသူများ၊
ကျောက်ကပ်မကောင်းသူများ၊ ကိုယ် ဝန်ဆောင်များ၊ နို့တိုက်မိခင်များ နှလုံးခုန်စည်းချက်မမှန်ခြင်းတို့တွင် သတိပြုသုံးရပါသည်။
ဆေးအပြစ်များ
ပျို့ခြင်း၊ အန်ခြင်း၊
ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊
ဝမ်းလျှောခြင်းတို့ဖြစ်နိုင်သည်။
အင်ပျဉ်ထခြင်း၊အဖုအပိမ့်ထခြင်း နှင့် အခြား ဓာတ်မတည့်ခြင်း လက္ခဏာများပေါ်လာနိုင်သည်။
အစားအသောက်ပျက်ခြင်း၊ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်းတို့ဖြစ်စေတတ်သည်..
ရှောင်ရန်
အသည်းလုပ်ငန်းပုံမှန် မဟုတ်သူများ မသုံးသင်.
ပါ...
ဝယ်ယူရရှိနိုင်သောဆေးအမည်အချို့
ATM500 , AZT,Macromax, Odazyth, Rodamycin, Zimax, Zithrin, Aithromax, Zithrox.
ကျွန်တော် မှ ဆေးဝါးဗဟုသုတများစွာ ဖော်ပြပေးပါဦးမည်ခင်မျာ..
Like & Sharing နိုင်ပါသည်...
Nursing Online Class
18/10/2021
Tablet (Norflox) 400mg
နော်ဖလောက်ဆာစင် ဆေးပြားအကြောင်း
+++++++++++++++++++++++++++++++
BRAND NAME : Noroxin
GENERIC NAME: Norfloxacin
အသုံးပြုပုံ
- ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (urinary tract infections)
- E. coli ကြောင့် ကျားဆီးကျိတ်ရောင်ခြင်း (Prostatitis Due to E. coli)
- လိင်မှတစ်ဆင့် ကူးစက်သောရောဂါ (gonorrhea)
- ဗက်တီးရီးယားပိုးများကြောင့် ဝမ်းသွားခြင်း
- ဝမ်းကိုက်ခြင်း (Shigellosis)
- ကျောက်ကပ်ရောင်ခြင်း (Pyelonephritis)
- အူရောင်ငန်းဖျားရောဂါ - တိုက်ဖွိုက်ရောဂါ (Salmonella Enteric Fever)
- ဆာလ်မိုနဲလာကြောင့် ဝမ်းပျက်ခြင်း (Salmonella Gastroenteritis)
- ဆီးအိမ်ရောင်ခြင်း (Cystitis)
လိင်မှတစ်ဆင့် ကူးစက်သောရောဂါ (gonorrhea)
များအတွက် အသူံးပြုသည်...
ဆေးညွန်း
400 mg ကို (၁၂) နာရီခြားတိုင်း
- ပုံမှန် ကိုယ်ခံစွမ်းအားရှိသူ - (၃) ရက် သောက်ရန်
- ကိုယ်ခံစွမ်းအား လျော့နည်းသူ - (၇ - ၁၀) ရက် သောက်ရန်
ကျောက်ကပ်ရောင်ခြင်း (Pyelonephritis) အတွက်
400 mg ကို (၁၂) နာရီခြားတိုင်း (၁ ၄) ရက် သောက်ရန်
ဝမ်းကိုက်ခြင်း (Shigellosis) အတွက်
400 mg ကို (၁၂) နာရီခြားတိုင်း (၃) ရက် သောက်ရန်
အူရောင်ငန်းဖျားရောဂါ - တိုက်ဖွိုက်ရောဂါ အတွက်
400 mg ကို (၁၂) နာရီခြားတိုင်း(၅ - ၇) ရက် သောက်ရန်
ဆာလ်မိုနဲလာကြောင့် ဝမ်းပျက်ခြင်း (Salmonella Gastroenteritis) အတွက်
400 mg ကို (၁၂) နာရီခြားတိုင်း(၅ - ၇) ရက် သောက်ရန်
E. coli ကြောင့် ကျားဆီးကျိတ်ရောင်ခြင်း (Prostatitis )အတွက်
400 mg ကို (၁၂) နာရီခြားတိုင်း (28) ရက် သောက်ရန်
ဆီးလမ်းကြောင်းပိုးဝင်ခြင်း အတွက်
400 mg ကို (၁၂) နာရီခြားတိုင်း သောက်ရန်
အသက် (၁၈) နှစ်အောက် ကလေးများအတွက် စိတ်ချရသော ဆေးညွှန်း မရှိသေးပါ။
ဘေးထွက်ဆိုးကျိုးများ
- ပျို့ခြင်း၊ အန်ခြင်း (nausea and vomiting)
- ရင်ပူခြင်း (heartburn)
- ဝမ်းသွားခြင်း (diarrhea)
- အိပ်ငိုက်ခြင်း (Drowsiness)
- ခေါင်းကိုက်ခြင်း (headache)
- မူးဝေခြင်း (dizziness)
- ဗိုက်နာခြင်း (stomach cramps)
- လိင်အင်္ဂါလမ်းကြောင်း ယားယံခြင်း (Vaginal itching)
တို. ဖြစ်စေတတ်သည်..
သတိပြုရန်
- ကလေးငယ်များသည် Norfloxacin ကိုသောက်ပါက အဆစ်နှင့် အရွတ်များအတွက် အန္တရာယ်ဖြစ်နိုင်မှု ပိုကြီးမားသဖြင့် အကျိုးနှင့်ဆိုးကျိုးကို ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။
ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများအနက် တစ်ခုခုဖြစ်လာပါက ဆေးသောက်ခြင်းကို ချက်ခြင်း ရပ်တန့်ပါ။
ကိုယ်ဝန်ဆောင်များ ဆရာဝန်ညွန်းကြားချက် ဖြင်.သာ အသူံးပြုကမည်...
တခြားသော ဆေးဝါးဗဟုသုတများစွာကို ဖော်ပြပေးပါဦးမည်
Like @ Sharing နိုင်ပါတယ်ခင်မျာ...
Nursing Online Class
15/10/2021
💊 ဆေးရောင်းချမည်.သူများ/ဆေးဆိုင်ပိုင်ရှင်များသို.ပေးစာ 💊
လူတိုင်းမှာ ကိုယ်ချစ်မြတ်နိုးတန်ဖိုးထားတဲ. အရာတစ်ခုဆီတော.ရှိကြမှာပါ...
ကျွန်တော်ကတော. ဆေးကဒ်လေးတွေကို ချစ်တယ် 😍
ဆေးကဒ်လေးတွေ ဘေးမှာရှိနေရင် ကျွန်တော်အလိုလိုပျော်တယ်..☺
ဆေးကဒ်လေးတစ်ကဒ် ဘယ်နေရာမှာဖြစ်ဖြစ်တွေ.ပြီဆိုရင်
စိတ်ဝင်စားတယ်...
ဒီဆေးကဒ်လေးက ဘာသုံးတာလဲ သိချင်လွန်းလို.
Generic Name (ဆေးဝါးမျိုးရိုးအမည်) ကို တန်းဖတ်ကြည်.မိတယ်...
မသိသော Generic Name များဆိုလျင် Note လေးနဲ.ရေးကာ
Google က ပြန်ရှာဖတ်တတ်တယ်...
တခါတလေ Ph ထဲမှာ မှတ်ထားတဲ. မသိတဲ. ဆေး Name လေးတွေရှိရင် အချိန်ပေးပြီးတော.ကိုရှာတယ်....
ဘာလို.လဲ ဆိုတော. "ကျွန်တော်ချစ်တာကိုး "
ဆေးကဒ်တစ်ခုကို ကျွန်တော် ဘယ်တော.မှ ခြေဖြင်.ကျော်မသွားတတ်ပါဘူး....
မသိလို.ဖြတ်ကျော်မိရင်လဲ "ကန်တော. "ဆိုပြီး ပြန်တောင်းပန်ရတာပေါ.🙏
ဆေးထည်.ထားတဲ. ဆေးဘုံး တစ်ခုကို ကျွန်တော် ဘယ်တော.မှ မထိုင်ဘူး....
ကျွန်တော်.ကို မသိလို. မေးတဲ. ဆေးကဒ် လေးတွေဆို တစ်ချို.ဆေး
Name တွေ မသိလို. မရှာဖြစ် မပြောပြ ဖြစ်ခဲ.ရင်တောင်
တာဝန်တစ်ခု ရှိနေသလိုပါပဲ....
ကျွန်တော် အောင်မြင် ပြီလား ဆိုတော မအောင်မြင်သေးပါဘူးခင်မျာ...
သို.သော်
ဆေးကဒ်လေးတွေကို ချစ်တဲ. စိတ်ကြောင်. တန်ဖိုးထားတတ်သောကြောင်.
တချို.သော အရာများ အဆင်ပြေ ခဲ.ပါတယ်....
ဆေးဆိုင်လုပ်ငန်းရှင်များနဲ.
ဆေးဆိုင် စတင်ဖွင်.မည်.သူများ
ဆေးဝါးသင်တန်း တက်ရောက်နေသူများ
ကျွန်တော်. သင်တန်းသို. တက်ရောက်သင်ကြားနေသူများ
တက်ရောက်ပြီးသူများ
လုပ်ငန်းအဆင်ပြေ အောင်မြင်မူ.ရစေရန် အတွက်
(ဆေးဝါးလေးများကို ချစ်ရင် သူပြန်ချစ်တဲ. တန်ဖိုးက အလွန်လေးနက် ပြီးအောင်မြင် မူ.ရစေမှာပါ )လို. ကျွန်တော် ယုံကြည်စွာနဲ.
တိုက်တွန်း ပါတယ်ခင်မျာ😊
Nursing Online Class
15/10/2021
Cyproheptadine (ဆိုင်ပရိုဟက်ပ်တာဒင်း) ဆေးအကြောင်း
+++++++++++++++++++++++++++++++++++
(စားဝင်အိပ်ပျော် ဆေးဟူ၍ နာမည်ကြီးသော ဆေးဝါးဖြစ်သည်)
ဆေးအမျိုးအစား
တစ်ခုခုနှင့်ဓါတ်မတည့်ခြင်းဖြစ်ပါက ပေးသောဆေးတစ်မျိုးဖြစ်သည်။ ခံတွင်း ကောင်းစေသောအာနိသင်လည်းရှိသည်။
ပါဝင်မှုဆေးပမာဏ
ဆေးအတောင့်ဆိုပါက ၄ မီလီဂရမ်၊ အရည်ဆိုပါက ၅ မီလီလီတာ အဖုံးတစ်ခွက်လျှင် ၂ မီလီဂရမ် ပါဝင်ပါသည်။
ဆေးအသုံးပြုပုံ
ဓာတ်မတည့်၍ ဖြစ်သော အရေပြားအကွက်ထွက်ခြင်း၊အဖုအပိမ့်ထွက်ခြင်း၊ ယားယံခြင်း၊ စသည်တို့တွင် အသုံးပြုသည်။
နာတာရှည်ရောဂါသည်များတွင်***အစားအသောက်ပျက်ပါက၊ စားချင်သောက်ချင် စိတ်ပေါ် လာအောင် ခံတွင်းကောင်းဆေးအဖြစ် အသုံးပြုလေ့ရှိသည်။
ဆေးအချိန်အဆ
ဓာတ်မတည့်ခြင်းအတွက် ဆေးချိန်မှာ တစ်ခါသောက် (၄) မီလီဂရမ် တစ်နေ့သုံးကြိမ် ဖြင့်စ၍ အများဆုံး တနေ့လျှင် (၃၂) မီလီဂရမ်ထက် မပိုရပါ။ နာတာရှည်ရောဂါသည်များအတွက်လည်း
အစာစားချင်စိတ်ဖြစ်ပေါ်စေရန် အသူံးပြုကြပါသည်..
အသက် (၁၃) နှစ်အောက် ကလေးများတွင် ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ သောက်သင့်ပါသည်။ (ကလေးအားဆေးများတွင် ပုံမှန်ပါဝင်လေ့ ရှိသည်)
သတိပြုရန်
ဦးနှောက်မကြည် အိပ်ချင်စေသဖြင့် ယာဉ်မောင်းသူများ၊ စက်ယန္တရားကြီးများဖြင့် အလုပ်လုပ်သူများ သတိထားရမည်။
အသက်အရွက်ကြီးရင့်သူများ နှင့် ကျောက်ကပ်အားနည်းသူများ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ သောက်သင့်သည်။
ဘေးထွက်ဆိုးကျိုးများ
စိတ်ကျခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်ငိုက်ခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း၊ အာခြောက်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ သွေးတိုးခြင်း၊ သွေးကျခြင်း၊ အော့အန်ခြင်း၊
တို.ဖြစ်စေတတ်ပါသည်..
စျေးကွက်ထဲရှိ အလားတူဆေးများ-
, , , , , , , , , , , , , , , .
ဆေးဝါးများစွာ /ဆေးပညာဗဟုသုတများစွာ
ဖော်ပြပေးဦးမည် ဖြစ်ပါသဖြင်.
Like @ Sharing နိုင်ပါသည်...
Nursing Online Class
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon