Rangoon Soap Studio
သဘာဝဆပ်ပြာနှင့်အလှကုန်ပစ္စည်းများ? Since 2017
08/07/2021
Soap Maker တွေအတွက် pH Level အကြောင်း
ဒီအကြောင်းက အငြင်းပွားစရာ သဘောထားကွဲစရာများတဲ့ ခေါင်းစဉ်ဖြစ်လို့ ဖတ်ပီးတဲ့အခါမှာ မိမိသဘောကျသလို ဆုံးဖြတ်လုပ်ကိုင်နိုင်ပါတယ်။ အဓိကကတော့ ကုမ္ပဏီကြီးတွေရဲ့ pH Balanced ဖြစ်ရမယ်၊ ဒါမှအသားအရေအတွက်ဘေးကင်းကင်းသုံးနိုင်မယ်ဆိုတဲ့ သဘောထားနဲ့ Natural Handmade Soap ထုတ်လုပ်သူအများစုရဲ့ pH level 8-10 အတွင်းရှိတဲ့ ဆပ်ပြာတွေဟာ အသားအရေအတွက်ဘေးကင်းစွာ သုံးစွဲနိုင်တဲ့အပြင် ပိုလို့
တောင်မှ အကျိုးရှိပါသေးတယ်ဆိုတဲ့ ရှုမြင်ချက်တွေက ဆန့်ကျင်
ဘက်လုံးလုံးကိုဖြစ်နေကြပါတယ်။ ဒါပေမယ့် ဆပ်ပြာလုပ်တော့မယ်ဆိုရင် ဘက်နှစ်ဘက်စလုံးကိုသိထားသင့်တာမို့ ရေးရခြင်းဖြစ်
ပါတယ်။ နောက်တချက်က ဆပ်ပြာလုပ်မယ့်သူတွေအနေနဲ့ လုပ်ငန်းကို တရား၀င်လုပ်ကိုင်တဲ့အခါမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တင်ပြရမယ့်အချက်တခုအနေနဲ့ သိထားသင့်တာလဲပါပါတယ်။
pH (Potential Hydrogen) ဆိုတာ အရည်ရဲ့ acidity or alkalinity ကိုတိုင်းတာခြင်းပါ။ 0-14 အတွင်းသက်မှတ်ပါတယ်။ ပေါင်းခံရည်မှာဆိုရင် 7 ရှိပီး မျှခြေ (neutral) ဖြစ်ပါတယ်။ 7 ထက်နည်းရင် အက်ဆစ်အဖြစ်သက်မှတ်ပီး၊ အထက်ဆို
ရင်တော့ alkali/base အဖြစ်သက်မှတ်ပါတယ်။ လူ့အစာအိမ်မှာဆိုရင် Hydrochloric acid (HCI) ဟာ pH 1-2, အူသိမ်
ငယ်လေးမှာဆိုရင် 9, ပင်လယ်ရေဟာ ပျမ်းမျှခြင်း 8-8.4, Hydrochloric Acid – 0, Lemon Juice – 2, Baking Soda – 9, Milk of Magnesiaa – 10 ၊ အရေပြားက 5.5 ဖြစ်ပါတယ်။ အဲ့ဒီအရေပြားဆိုတဲ့သက်မှတ်ချက်မှာ ကွဲပြားတာဖြစ်ပါတယ်။
စမ်းသပ်ချက်အချို့အရ နိုင်ငံတကာမှာ အစိုးရရေလိုင်း ရေဘုံဘိုင်ကရေဟာ pH 6-8.5 လောက်ရှိပါတယ်။ ဘာဆပ်ပြာ၊ ဘာချေးချွတ် ပစ္စည်းမှမသုံးပဲချိုးရင်တောင် pH က နည်းနည်းတက်
လေ့ရှိပါတယ်။ လသားကလေးငယ်ကို ရေချိုးချိန် တိုင်းတာချက်အရ ဒီအတိုင်းရေပဲချိုးရင် 1.1 လောက်တက်ပီး၊ Handmade soap နဲ့ချိုးပေးရင် 1.2 လောက်တက်ပါတယ်။
အရေပြားသက်သက်ပေါ်မှာတော့ pH မရှိပါဘူး။ ရှိတာက Acid Mantle ဖြစ်ပီး pH 4.5-6.2 ဖြစ်ပါတယ်။ ဒါကိုပဲ Marketing point အနေနဲ့ skin pH ဆိုပီးပြောနေကြတာဖြစ်ပါတယ်။ ဒီ pH ပမာဏကလည်း လူမျိုး၊ အသက်၊ ကျား/မ၊ အလိုက်ကွဲပြားတက်သလို ခန္ဓာကိုယ်တခုတည်းမှာတင် နေရာအလိုက်
ကွဲပြားနိုင်ပါသေးတယ်။
အရေပြားဟာ တကယ်တော့ သဘာ၀အတိုင်းကိုက acidic ဖြစ်နေပါတယ်။ နေ့စဉ်ကြုံနေကျ ဘတ်တီးရီးယားတွေကို ကာကွယ်
နိုင်ဖို့ ဖြစ်ပါတယ်။ အရေပြားရဲ့လုပ်ဆောင်ချက်ဟာ တကယ့်အံ့ဘနန်းပါ။ အရေပြားကသူ့သဘာအတိုင်း acid secretion ကို ပုံမှန်ထုတ်လုပ်ပေး နေပါတယ်။ ဒါကို Acid Mantle လို့ခေါ်ဝေါ်ပါ
တယ်။ အရေပြားပေါ်က အဆီတွေ၊ အညစ်အကြေးတွေ၊ ပိုးမွှားတွေကို မှန်မှန်ကြီးသန့်စင်ပေးနေတဲ့အလွှာပါ။ သုတေသနများအရ
ဆပ်ပြာနဲ့ဆေးကြောပီးနောက် ၁၅ မိနစ်လောက်အတွင်းမှာတင်
ဆေးလိုက်တဲ့ဧရိယာ သုံးပုံတစ်ပုံလောက်ကို acid အကာအကွယ် ပြန်လည်ဖြည့်တင်းနိုင်ပီး 1-2 နာရီကြာအချိန်အတွင်း အားလုံးက
ို ပြန်လည်ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားရေဓါတ် မဆုံးရှုံး
အောင်လည်း ကာကွယ်ပေးပါတယ်။
ကုမ္ပဏီကြီးများရဲ့အမြင်ကတော့ pH 4.5-5.5 ဆပ်ပြာတွေကသာ ဒါမှမဟုတ် 7 အောက်ရှိတဲ့သန့်ရှင်းရေးသုံးပစ္စည်းတွေကသာ စိတ်ချ ရတယ်။ အသားအရေနဲ့သင့်တော်တယ်လို့ဆိုကြပါတယ်။
ထုတ်ကုန်မှာ ပါ၀င်တဲ့ ingredients တွေရဲ့အားသာချက်
အားနည်းချက်ထက် pH နိမ့် ဖို့ကအဓိကဖြစ်ပါတယ်။
Natural Handmade Soaper အမြင်ရှူထောင့်များ
- Low pH ဆပ်ပြာကိုပဲသုံးရမယ်လို့လဲ ဘယ်ဆေးဘက်ဆိုင်ရာ
အကြံပြုချက်ကမှ တိုက်တွန်းထားတာမရှိပါဘူး။
- pH 7-10 ဖြစ်တဲ့သဘာ၀ဆပ်ပြာက အရေပြားကိုဘေးမဖြစ်စေ
နိုင်တဲ့အပြင် ပိုတောင်သန့်စင်မှုပေးနိုင်ပါတယ်။
- သဘာ၀ဆပ်ပြာတွေဟာ အရေပြားကို ကြမ်းတမ်းစေနိုင်တယ်လို့ ခြောက်လှန့်နေကြပေမယ့် တကယ်တမ်းတော့ စျေးကွက်ထဲက
ဆပ်ပြာတွေထက် ပိုကောင်းနေတာ ဘယ်လိုမှမငြင်းနိုင်ပါဘူး။
- တကယ်တော့ pH ကိစ္စဟာ အရေပြားအတွက် တကယ့်ပြသနာမဟုတ်ပါဘူး။ တကယ့်ပြသနာက pH balanced ဖြစ်စေဖို့အတွက် ဆပ်ပြာ၊ ခေါင်းလျှော်ရည်တွေမှာ ထည့်လိုက်တဲ synthetic detergents တွေနဲ့ အခြားဓါတုပစ္စည်းတွေကသာ အရေပြားကို တကယ် ဒုက္ခဖြစ်စေတာဖြစ်ပါတယ်။
- စျေးကွက်မှာ အမြောက်အများရောင်းချနေတဲ့ ဆပ်ပြာတုံးတွေမှာ coconut ပမာဏအများအပြားပါ၀င်ခြင်း၊ အရောင်တုများ၊ အနံ့တု များပါ၀င်ခြင်းကြောင့် ဆပ်ပြာသုံးစွဲပီးနောက် အရေပြားခြောက်သွေ့
ကြမ်းတမ်းသွားလေ့ရှိသည်။
- စျေးကွက်ထဲက အခြားဆပ်ပြာနဲ့ cleanser တွေကိုလေ့လာချက်အရလည်း Acid မြင့်မားတဲ့ပစ္စည်းတွေကိုသုံးတာက Alkali မြင့်တဲ့ ပစ္စည်းကိုသုံးတာထက် ပိုပီးအရေပြားကို ယားယံစေတာတွေ့ရပါ
တယ်။ ဥပမာ- Johnson’s Baby Oat soap ဆိုရင် pH 12.35 လောက်ရှိပီး အရေပြားယားယံစေမှု အနည်းဆုံးအဖြစ် ရပ်တည်နေတာတွေ့ရမှာပါ။
- သဘာ၀ဆပ်ပြာမှာ alkali ပိုနေခြင်းဟာ ဆပ်ပြာကို မြန်မြန်မာ
ကြောစေပါတယ်။ သက်တမ်းပိုကြာကြာထားလို့ရပါတယ်။ အမြုတ် လည်း ပိုထွက်ပါတယ်။ ဒါပေမယ့် pH နည်းစေဖို့ Excess alkali နဲ့ Detergent ပေါင်းစပ်လိုက်ရင် sensitive skin type ကို အသား ခြောက်စေပါတယ်။ အရေပြားကို ပျက်စီးစေနိုင်ပါတယ်။ Stratum cornium ဆိုတဲ့ အကာအကွယ်အလွှာကို ပျက်စီးစေ
နိုင်ပါတယ်။ ဒီအလွှာခြောက်သွားရင်အောက်ကအရေပြားလည်း
လိုက်ခြောက်သွေ့လာစေပါတယ်။
- တကယ်တော့ pH balanced ဆိုတဲ့ဝေါဟာရဟာ ကုမ္ပဏီကြီး
တွေက သူတို့ထုတ်တဲ့ပစ္စည်းတွေကို၀ယ်ဖို့ ကြော်ငြာတဲ့စကားလုံးမျှ သာဖြစ်ပီး သုံးစွဲမယ့်သူတွေကို ခြောက်လှန့်ဖို့ ရည်ရွယ်ထားတာသာ
ဖြစ်တယ်လို့ ပညာရှင်အတော်များများကဆိုကြပါတယ်။ ဒီနေရာမှာ ပညာရှင်ဆိုတာ ဓါတုဗေဒနဲ့ပတ်သက်ပီးတော့ တက်ကျွမ်းနားလည်တဲ့အပြင် ဓါတ်ခွဲခန်းအတွေ့အကြုံလည်း တကယ့်ကိုများများစားစားရှိနေကြတဲ့သူတွေကိုဆိုလိုပါတယ်။ ဘာလို့ဒီလိုမျိုး ကုမ္ပဏီကြီးတွေက ကြော်ငြာကြသလဲဆိုရင် Natural Handmade Soap စျေးကွက်ကို မကြီးထွားစေချင်လို့ဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင်
ဗီတာမင်ဖြည့်စွက်ဆေးဝါးတွေဟာ မသုံးစွဲသင့်ဘူးလို့ နိုင်ငံတကာ
ဆေးဝါးကုမ္ပဏီတွေနဲ့ဆရာ၀န်အများအပြားက ပြောဆိုတာနဲ့အလားတူပါပဲ။ စျေးကွက်ကြီးထွားလာမှာကို မလိုလားတာကြောင့် ခြောက်လှန့်တာမျိုးပါပဲ။
Natural Handmade Soap ပြုလုပ်သူများအတွက် သတိပြု
ရန်အချက်များ
- ကိုယ်လုပ်မဲ့ဆပ်ပြာ recipe ကကောင်းရမယ်။ လုပ်ရင်လည်း အဲ့ဒီအတိုင်းအတိအကျလုပ်နိုင်မှကောင်းတယ်။
- No Free lye ဆိုတာ 7-10 range ကိုဆိုလိုတာပါ။ ဒီအတွင်း
၀င်တဲ့ဆပ်ပြာဟာ အသုံးပြုဖို့ဘေးကင်းပါတယ်။ 10 အထက်ကို
ကျော်သွားရင်တော့ Free Lye တနည်းအားဖြင့် လုပ်တဲ့အဆီတွေနဲ့ဓါတ်မပြုပဲ ကျန်နေသေးတဲ့ lye ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ Lye Heavy ဖြစ်နေပါပီ။ အသုံးပြုရင် ချောမွတ်မှုမရှိပဲ ကြမ်းတမ်း
ခြောက်သွေ့မှုကိုဖြစ်စေမှာပါ။ ဒါကိုသတိထားဖို့က ထည့်သင့်တဲ့ Lye ပိုမသွားဖို့နဲ့၊ အဆီပမာဏထည့်သင့်တာထက် လိုမသွားဖို့ပါပဲ။ ဒါကြောင့် Lye calculator ကို သေသေချာချာအသုံးပြုဖို့လိုပါ
တယ်။
- Handmade soap pH ကို 7 ဒါမှမဟုတ် 7 အောက်က
ိုရောက်ဖို့ဆိုတာ emulsifier တမျိုးမျိုးမသုံးပဲနဲ့ ဘယ်လိုမှမရနိုင်ပါဘူး။
- Oils, Butter ကို NaOH/KoH နဲ့လုပ်ပီး higt superfat 8% လိုချင်ရင်တော့ pH နိမ့်နိမ့်ဘယ်လိုမှမရနိုင်ပါဘူး။ Citric acid 1-5% နဲ့ lactic acid ထည့်ရင်တော့ နည်းနည်းပိုကျလာပါလိမ့်မယ်။ ဒါပေမယ့် 4.5-5.5 ကိုတော့မရနိုင်ပါဘူး။ rebatch ထဲကို တခြား additives တွေထည့်လုပ်ရင်လည်း မရနိုင်ပါဘူး။ cleansing cream, lotion တွေမှာရပေမယ့် natural soap တွေမှာတော့မရပါဘူး။
pH ကိုစမ်းသပ်ဖို့နည်းလမ်း ၄ သွယ်
- လျှာနဲ့တို့ကြည့်တဲ့ မိရိုးဖလာနည်းဖြစ်ပါတယ်။ ဘက်ထရီခေါင်းကိုလျှာနဲ့တို့ကြည့်တဲ့ အထိအတွေ့ဆိုရင် Lye Heavy soap ဖြစ်နေတဲ့ သဘောပါ။ ခုနောက်ပိုင်းမသုံးကြတော့ပါဘူး။
- pH test strips နဲ့စမ်းသပ်တာဖြစ်ပါတယ်။ ဆပ်ပြာကို ပေါင်းခံရည်နဲ့ပွတ် ထွက်လာတဲ့ဆပ်ပြာရည်ကိုတိုင်းပီး သက်မှတ်ချက်
အတိုင်း မှန်းဆတာပါ။ သိပ်တော့မတိကျပါဘူး။ pH က လျော့နေ
လေ့ရှိပါတယ်။ ဆပ်ပြာတုံးကို နည်းနည်းခြစ်ချပီး ရေထဲမှာ အမြုတ်ထအောင်လုပ်ပီး pH စမ်းတဲ့အတံကိုနှစ်၊ သေချာစိမ့်၀င်တဲ့အထိနှစ်ပါ။ အခြားတဘက်မှာ အရောင်ပြောင်းလာပါလိမ့်မယ်။ ဒါကိုသူ့သက်မှတ် ချက်အရောင်အဆင့်နဲ့တိုက်ကြည့်နိုင်ပါတယ်။ ပုံမှန်ဆပ်ပြာတုံးတခုဟာ 8-10 အတွင်းမှာရှိတက်ပါတယ်။ တချို့ကလည်း 7-10 လို့ဆိုတာတွေရှိပါတယ်။
- စမ်းတိုင်း distilled water သာသုံးပါ။
- Phenolphthalein နဲ့စမ်းတာပါ။ သူက အရည်တမျိုးပါ။ Cure လုပ်ပီးသားဆပ်ပြာကို လှီး၊ အတွင်းသားပေါ်ကို တစက်လောက်ချ
ကြည့်ပါ။ Base နဲ့ထိတွေ့ရင် ပန်းရောင်ကိုပြောင်းပါတယ်။ အနု
အရင့်ပေါ်မူတည်ပါတယ်။ ရင့်ရင် pH များပါတယ်။ အရောင်မတက်လာဘူး၊ ပန်းရောင်နုတယ်ဆိုရင် safe to use soap ဖြစ်ပ
ါတယ်။ ဒါလဲ မတိကျပါဘူး။ ဒါပေမယ့် မြန်မြန်သိနိုင်တဲ့တနည်းပါ။
- တိတိကျကျဖြစ်ဖို့ဆိုရင်တော့ pH meter pen ဒါမှမဟုတ် အလားတူကိရိယာကိုသုံးနိုင်ပါတယ်။
- တကယ့်အကောင်းစား ဓါတ်ခွဲခန်းသုံးပစ္စည်းတွေနဲ့ စစ်ဆေးတာမျိုးမဟုတ်ရင် ရိုးရိုးသာမာန် pH test တွေဟာ တိကျမှန်ကန်မှုမရှိပါ ဘူး။
ခုရေးသားချက်တွေက လက်လှမ်းတမှီဖတ်ဖြစ်တာတွေထဲက လိုမယ်ထင်သလောက်ကိုပဲ ထုတ်နှုတ်ရေးသားထားတာမို့ ပညာရပ်တခုအဆင့်မဟုတ်တာ ၀န်ခံပါတယ်။ ဒါပေမယ့် လေ့လာစသူတွေအတွက်တော့ တစုံတရာအထောက်အကူပြုနိုင်မယ်လို့
ယုံကြည်ပါတယ်။
Credit to... K*K herbal land
08/07/2021
*ဘက်စုံသုံးဆပ်ပြာဆီလုပ်နည်း*
ပါ၀င်ပစ္စည်းများ
1. SLES - ဂျယ်လီလိုပုံစံအထုပ်........1 kg
2. SLS - ဂျုံမှုန့်လိုပုံစံ......................300g
3. NaCL - ဆားလိုပုံစံ......................600g
4. သန့်စင်ပြီသားရေသန့်..................13 Liter
5. အရောင်
6. အနံ့
ပထမဆုံး ရေ 12 literထဲကို SLES ထည့်ပြီး
ပျော်အောင်မွှေထားလိုက်ပါ။
နောက်ပုံးတစ်ပုံးထဲမှာရေ 1 liter ထဲ SLSထည့်မွှေပါ။
အမှုန့်ပျော်၀င်သွားသည်ထိ နာရီလက်တံအတိုင်းတဖက်တည်းမွှေပါ။
ပျော်၀င်သွားပြီဆိုတာနဲ့ SLES ပုံး ထဲရောထည့်လိုက်ပါ။
NACL ထည့်ပြီး ထက်မွေပါ။
အရောင်ထည့်အနံ့ထည့်ပါ။
နာရီလက်တံ လိုမွေပါ တဖက်ထဲမွေပါ မိနစ်၂၀ လောက်ထိမွေပြီးရင် ဆပ်ပြာမြုပ်တွေ တိမ်သွားအောင်လို့ တစ်ည ထားလိုက်ပါ နောက်နေ့သုံးလို့ရပါပြီ။
ဆပ်ပြာဆီ တစ်ဖုံ ကို 4200 ကနေ 5200 ထိ ရှိပါတယ်
ဆပ်ပြာဆီ တစ်ဖုံဆိုရင် 1 liter ဘူးနဲ့ 16 ဘူးထိ ရပါတယ် ဆပ်ပြာဆီ ကုန်ကြမ်းကို ရန်ကုန်မြို့
၂၇ လမ်း အလယ်ဘလောက်ဆိုင်တိုင်းနီးပါး၀ယ်ရပါသည်။
ONLINE မှာလဲ၀ယ်ယူနိူင်ပါသည်
မရှင်းပါက CB မှ မေမြန်းနိူင်ပါသည်
သေချာပြောပြပေးပါမည်။
ပညာဒါန ဖြစ်ပါသည်။
မိမိအတွက်မဟုတ်သည့်တိုင်အောင် သူတစ်ပါးအတွက် မသိသေးသောသူများအတွက်အကျိုးရှိမည်ဆိုပါက ဒီ Post လေးကို Share ပေးပါနော်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
1112