Inner Peace Books Hub
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Inner Peace Books Hub, Book shop, Yangon.
11/09/2022
Many Thanks for supporting us! Stay strong and just enjoy books with inner peace 💚
31/08/2022
The Paper Menagerie and Other Stories
Hugo award တွေများစွာရရှိထားတဲ့ စာရေးဆရာ Ken Liu ရဲ့လက်ရာ Short Stories 15 ခုကိုတအုပ်ထဲခံစားရမှာပါ။Netlfixကထုတ်လွင့်တဲ့ Love,Death and Robots Animated Series ကိုကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ Ken Liuရဲ့ ဖန်တီးမှုတွေဟာစာဖတ်သူကိုတူညီတဲ့အရသာကိုပေးနိုင်မှာပါ။L,D & R season 1 မှာပါ၀င်ခဲ့တဲ့Good Haunting ဆိုတဲ့ Storyလဲဒီစာအုပ်ထဲမှာပါ၀င်ပီးတခြား stories တွေ အကုန်လုံးနီးပါးကလဲ Hugo, Nebula award Finalists တွေပါပဲ။The Paper Menagerie မှာတော့ Jack ဆိုတဲ့ American- Chinese ကပြားကောင်လေးတစ်ယောက်အကြောင်းကိုအခြေပြုထားပါတယ်။Chinese လူမျိုးဖြစ်တဲ့ အမေဟာ Jack ကစားဖို့အတွက် စက္ကူရုပ်လေးတွေ လုပ်ပေးခဲ့ပါတယ်။အဲ့အရုပ်လေးတွေဟာအသက်၀င်လာပီးနောက်မှာဘယ်လိုဆက်ဖြစ်မလဲ...America မှာနေတဲ့ Chinese ကပြားတယောက်အတွက် ကြုံတွေ့လာတဲ့ လူမျိုးရေးခွဲခြားမှုတွေကိုJackတ ယောက်ဘယ်လိုရင်ဆိုင်မလဲ...အသက်ကြီးလာတာနဲ့အမျှအေးစက်သွားတဲ့ မိဘနဲ့သားသမီးကြားကဆက်ဆံရေးတွေ...စတဲ့ရသပေါင်းစုံနဲ့နောက်ဆုံးမှာစာဖတ်သူကို ရင်ထဲနင့်အောင်ခံစားစေရမှာဖြစ်ပါတယ်။
ဒီstoryဟာStand alone အနေနဲ့အရင်ထွက်ရှိခဲ့ပီး Sci-fi award တွေဖြစ်တဲ့ Hugo,Nebula,World Fantasy Award သုံးခုလုံးရရှိခဲ့တာပါ။Magic, Science Fiction, Fantasy စတဲ့ စိတ်၀င်စားဖို့ကောင်းတဲ့ stories တွေနဲ့ Ken Liu ရဲ့ဖန်တီးမှုတွေကိုခံစားချင်ရင်ပဲဖြစ်ဖြစ် English ဘာသာကိုစိတ်၀င်စားစရာကောင်းတဲ့ဇာတ်လမ်းတွေနဲ့ လေ့လာချင်ရင်ပဲဖြစ်ဖြစ် Inner Peace Books Hub မှာ Order တင်လို့ရပါပီ။
📖 High Quality
📖 Creamy
9000 MMK
We deliver within 5 days.Stay strong and enjoy books with inner peace 💚
30/08/2022
Elon Musk: Tesla, SpaceX, and the Quest for a Fantastic Future
Elon Musk ရဲ့ Biographyစာအုပ်ဖြစ်ပီးAshlee Vanceက2015 မှာရေးသားခဲ့တာပါ။Elon ရဲ့မွေးရပ်မြေ South Africa မှစပီးTesla, Space Xတို့နဲ့အောင်မြင်လာတဲ့ကာလတွေအထိElon ရဲ့ ဘ၀တလျောက်လုံးတီထွင်ကြိုးစားမှုတို့ကိုလေ့လာနိုင်မှာပါ။Real life Tony Starkလို့လူ တွေသတ်မှတ်ထားကြတဲ့ Elon ဟာ ဒီစာအုပ်အတွက် စာရေးသူ Ashleeနဲ့ နာရီ 30 ကျော်အောင်ကုန်ဆုံးခဲ့ရပါတယ်။
Innovator, Entrepreneur,Engineer, Billionaire တယောက်ရဲ့ ဘဝကိုလေ့လာချင်ရင်တော့ Inner Peace Books Hubမှာ မှာယူလို့ရပါပီ။
📚Hight Quality
📚Creamy
8300 MMK
We deliver within 5 days.Stay strong and enjoy books with inner peace 💚
25/08/2022
Zero to one
2014ကထွက်ရှိခဲ့တဲ့ဒီစာအုပ်ကဆိုရင်စီးပွားရေးလုပ်ငန်းစတင်လုပ်ကိုင်ဖို့ကြိုးစားနေသူတွေ၊လက်ရှိလုပ်ကိုင်နေတဲ့သူတွေအတွက်အကြံကောင်းဥာဏ်ကောင်းတွေပေးနိုင်တဲ့စာအုပ်တအုပ်ဖြစ်ပါတယ်။
PayPal co-founderတဦးလဲဖြစ် Billionaireတဦးလဲဖြစ်တဲ့Peter Thielရဲ့ဒီစာအုပ်ဟာဆိုရင်စီးပွားရေးတခုကိုစတင်ရန်ကြိုတင်စဥ်းစားသင့်တဲ့လိုအပ်ချက်တွေ ၊စီးပွားရေတခုရည်ရှည်အကျိုးမြတ်ရရန်နည်းလမ်းတွေ၊ပြိင်ဘက်စီးပွားရေးသမားတွေထက်အားသာအောင် ချမှတ်လိုက်နာရမယ့်အချက်တွေကို လက်တွေ့ကျကျ မျှဝေထားပီးMark Zuckerberg နဲ့ Elon Muskတို့ recommendလုပ်ထားတဲ့စာအုပ်တအုပ်လဲဖြစ်ပါတယ်။
6500 MMK
📖High Quality
📖 Creamy
We deliver within 5 days.Stay strong and enjoy books with inner peace.
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon