Books with Yee
for Bibliomaniacs
20/04/2023
20.4.2023❣️
စာအုပ်များရဲ့ ပိုင်ရှင်လေးတွေ ထွက်ပေါ်လာပါပြီ။ စာအုပ်လေးတွေ လက်ခံရယူဖို့ page messenger ကိုဆက်သွယ်ပေးပါနော်❣️❣️❣️❣️
(🔔🔔တစ်ခုကလေးပြောစရာရှိပါတယ်။ Admin Yeeရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဒီတစ်ပတ် အမှာစာအုပ်များပို့ဆောင်ပြီးရင် pageကလေးကို ခဏရပ်ထားမှာဖြစ်ပါတယ်။ အားအင်အပြည့်နဲ့ ပြန်လာမှာဖြစ်လို့ ကျွန်တော်တို့ ပြန်လာတဲ့အခါ ဆက်လက်အားပေးစေချင်ပါတယ်ဗျ)
ဒီpageလေးမှာ စာအုပ်လေးတွေဖတ်၊ မှတ်မိနားလည်သမျှကလေးကို ကျွန်တော့်အတွေးကလေးနဲ့ရေးထားတဲ့ စာအုပ်အညွှန်းလေးတွေကို ဖတ်ရှုပြီး စာအုပ်အားပေးဝယ်ယူသူတစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။
လစဉ်လတိုင်း Giveaways လေးတွေရှိနေမှာမို့ ပါဝင်ကံစမ်းပေးကြပါဦး။ကျေးဇူးတင်ပါတယ်ဗျ❣️📖💎
with Yee
11/04/2023
“အဲသည်လိုနဲ့
နေ့များရဲ့ အစိုအခြောက်
ရွှေသားနဲ့ နွေပိတောက်ကို
အပျိုပေါက်လို ငြိခဲ့ပြီ”
မောင်ချောနွယ်
အထက်တန်းကျတဲ့ရေ_မှ
10/04/2023
"အကိုနဲ့ညီမ ဆိုတဲ့နာမ်စားတွေကို သဘောမကျလို့
မပို့ဖြစ်ခဲ့တဲ့ conversationလေးတွေက နေ့တိုင်းပါပဲ"
ပျော်ရွင်စရာမွေးနေ့လေးကိုဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်...
ဆိုတဲ့အမှာစာလေးနဲ့အတူ လက်ဆောင်လေးပေးသွားပါတယ်ရှင့်❣️❣️
ချစ်ခြင်းမေတ္တာကြောင့် ပျော်ရွင်စရာ မွေးနေ့ကလေး ဖြစ်ပါစေရှင်……🤍❤️
09/04/2023
“suprise giftရဖို့ အမလည်းမရှာပါနဲ့တော့ အိပ်မက်တွေကိုသာအမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေ”
ဆိုတဲ့ အမှာစာလေးနဲ့ အတူ “ငယ်” လေးကို
လက်ဆောင်ရထားပါတယ်နော်❣️🥺
08/04/2023
“Suprise giftလေးပေးလိုက်ပါတယ်..လိုက်ပူဆာမနေပါနဲ့တော့… ပြီးတော့အစ်ကိုနဲ့လည်းအဆင်ပြေပါစေ”
ဆိုတဲ့အမှာစာလေးနဲ့အတူ လက်ဆောင်လေးပေးသွားတယ်ရှင့်❣️❣️
08/04/2023
“တွေ့ဆုံခဲ့ကြတာဟာ ရှေးရေစက်ကြောင့်ဆိုရင်
လက်ထပ်ဖို့အထိ ရည်ရွယ်တဲ့ထိ ချစ်သူတွေ ဖြစ်ခွင့်မရခဲ့ကြတာ
၀ဋ်ကြွေးလား အကို။
ပြီးတော့•••
ကမ္ဘာမြေတစ်ခုတည်းရဲ့ တစ်နေရာဆီမှာ
သီးခြားစီ ရှင်သန်နေကြဆဲဆိုတဲ့အကြောင်း
အပြန်အလှန် သိနေရုံလေးတောင်
ကျမတို့ အခွင့်အရေး မရခဲ့ကြဘူးနော်။
အရမ်း အထီးကျန်တဲ့အခါတိုင်း
ရီဝေဝေ အကို့မျက်လုံးတွေကို လွမ်းခဲ့ဖူးပါတယ်။
အရိပ်လိုမျိုး ရောက်ရောက်လာတတ်တဲ့
ပုံရိပ်တစ်ခုကို သတိတရ လွမ်းခဲ့ဖူးပါတယ်။
အစ်ကိုကြီးတစ်ယောက်ဟန်ပန်နဲ့
တစ်ခါတစ်လေ ဆိုဆုံးမတဲ့အခါ
ကြောက်ချင်ဟန်ဆောင်ပြီး ကြိတ်ပျော်ခဲ့ရဖူးတာတွေလည်း
တစ်ခါတစ်ရံ သတိရ လွမ်းခဲ့ဖူးပါတယ်။”
အကိုသို့(၁)
စကားဖြူ
အချစ်ဦး
စာအုပ်တန်ဖိုး- ၃၅၀၀ကျပ်
07/04/2023
“စာတွေများကြီးဖတ်ပီးစာတတ်ပေတတ်ကြီးလုပ်ပါ”
ဆိုတဲ့ အမှာစကားလေးနဲ့အတူ
တစ်ပြည်သူမရွှေထား”စာအုပ်ကလေးကို လက်ဆောင်ပေးသွားပါတယ်ရှင့်❤️❤️
06/04/2023
“နေရောင်နဲ့ ပွင့်ရတဲ့ကြာနဲ့ လရောင်နဲ့ ပွင့်ရတဲ့ကြာ… သူတို့ချင်း ဝေးလှပါလား… ဘာပဲဖြစ်ဖြစ် မေကတော့လရောင်ကိုမျှော်ပြီး ပွင့်နေရတဲ့ ပန်းကြာဝတ်မှုန် လိုဘဝမျိုးပါပဲ..။ ပန်းကြာဝတ်မှုန်တွေ ပွင့်ဖို့ ထိန်ထိန်သာနေတဲ့ လတစ်စင်းတော့ လိုမှာပေါ့လေ..။”
တက္ကသိုလ်ကျောင်းသူဘဝမှာ သိပ်သဘောကျရတဲ့ ဝတ္ထုလေးတစ်ပုဒ်ပါ။
မန္တလေးတက္ကသိုလ်ကြီးကို နောက်ခံထားပြီး
💎💎တက္ကသိုလ်ကျောင်းသူကျောင်းသား တွေရဲ့ သံယောဇဉ်၊ ပျော်ရွှင်မှုနဲ့ ပျိုမြစ်တဲ့ရင်ခုန်သံတွေ၊ မပွင့်လင်းခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေ….
💎💎အဓိကဇာတ်ဆောင် မြန်မာစာကျောင်းသား အောင်နိုင်သူ ခေါ် စဝ်ကြာပဒုမ်ရဲ့ အလှရသတင်စားခိုင်းနှိုင်းချက်နဲ့ စကားပြောဟန်ကလေးတွေ၊ စော်ဘွားလေးအောင်ရဲ့ ဘဝနဲ့ သူ့မိခင် စောနန်းမိုရဲ့ အချစ်ဇာတ်လမ်းတွေ…
💎💎မေ /သီရိမေရဲ့ ခံစားချက်နဲ့ ဆရာမကြည်အေးရဲ့ ကဗျာတွေကို လိုအပ်ချက်အလျှောက် သဘာဝကျကျ ထည့်သွင်းရေးဖွဲ့ပြီး စိတ်နှလုံးကို ဖမ်းစားနိုင်တဲ့ ….
မန္တလေးတက္ကသိုလ်၊ ကလော၊ လာရှိုးနဲ့ ပြင်ဦးလွင်တဲ့ စတဲ့နေရာဒေသအလှတွေနဲ့အတူ သီရိမေရဲ့ ဘဝနဲ့ ခံစားချက်ကိုပါ မျှဝေခံစားနိုင်တဲ့ ဝတ္ထုကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
“မြစ်ရေပြင် လှေလူးလို့
ချစ်ဦး မယ်နှင့်မောင်
ပန်းခူးရအောင်”
- ဆိုတဲ့ ဆရာမကြီးကြည်အေးရဲ့ကဗျာစာသားလေးနဲ့ အစချီထားပြီး
- ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ရဲ့ကဗျာများ၊အနှစ်သာရအပြည့်နဲ့ မြန်မာစာပေအလှရသများပြည့်လျှမ်းနေတဲ့
- “လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများ”နဲ့ “သူငယ်ချင်းလိုပဲ ဆက်၍ခေါ်မည်ခိုင်”ဝတ္ထုကြီးများရဲ့ လွှမ်းမိုးမှုအောက်က ဆရာမကြီး ခင်ခင်ထူးရဲ့ လက်ရာ ဝတ္ထုကောင်းလေးတစ်ပုဒ်လို့ ညွှန်းဆိုချင်ပါတယ်ရှင်….
“မတူညီသော ဘဝနှစ်ခုနှင့် မတူညီသော ဘဝနှစ်နေရာတွင် ရပ်တည်နေကြသော ချစ်သူ(သို့မဟုတ်) သူငယ်ချင်း နှစ်ဦး၏ပုံရိပ်ကို ဝတ္ထုဖွဲ့ခြင်းသာဖြစ်၍ ထိုချစ်သူနှစ်ဦး၏ နီးခြင်းဝေးခြင်းကိုမူ စာဖတ်သူများကသာ ဆန္ဒအလျောက် ခံစားနိုင်ကြရဖြစ်ပါ၏”
ပန်းကြာဝတ်မှုန်၊ ရနံ့ထုံ၊ လုံးစုံအေးမြကြပါစေ”
ဆရာမခင်ခင်ထူး၏ အမှာစာမှ_
စာအုပ်တန်ဖိုး- ၉၀၀၀ကျပ်
#စာဖတ်သူတစ်ဦးအမြင်မျှသာ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 946/B, Ngwe Sin Yaw Street, (88) Ward, Dagon Seikkan Township
Yangon
11442