Paris Travel Service
ဗီဇာနှင့် လေယာဉ်လက်မှတ် အေဂျင်စီ
☎: 09 753506290 | +666 19800471 တို့ကို
ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 12Go Partner
24/05/2026
ဒီနေ့တော့ ထိုင်း E visa နဲ့ ဗီယက်နမ် E visa
ဘာကွာလဲဆိုတာပြောပြပေးမှာပါ။
၁။ထိုင်းနိုင်ငံ🇹🇭
- Arrival visa 14 ရက်ရပါတယ်။
- 14ရက်ထက်ပိုနေချင်ရင် ဗီဇာကြိုလျှောက်လို့ရပါတယ်။
- Bank Statement လိုပါတယ်။
- ဗီဇာရပြီဆိုရင် လေဆိပ်၊နယ်စပ်ဂိတ်ကနေ စတင်ခြေချဝင်တဲ့နေ့ကစပြီး ရက်ပေါင်း(၆၀)တိတိရပါတယ်။
- ထိုင်းနိုင်ငံအပြင်ထွက်စရာမလိုပဲ ၁ လချင်းစီသက်တမ်း အများကြီးတိုးနေလို့ရပါတယ်။
- လေဆိပ်မှာ စာရွက်စာတမ်း၊ show money သေချာစစ်ပြီး အရစ်ခံရ၊ပြန်လွှတ်ခံရတာမျိုးရှိတတ်ပါတယ်။
၂။ဗီယက်နမ်နိုင်ငံ🇻🇳
- Arrival visa 30 ရက်ရပါတယ်။
- 30ရက်ထပ်ပိုနေချင်ရင် ဗီဇာကြိုလျှောက်ရပါတယ်။
- ဗီဇာလျှောက်ဖို့ Bank Statement မလိုပါ။
- ဗီဇာလျှောက်စဉ်ကတည်းက ရွေးထားတဲ့နေ့စွဲကစပြီး သက်တမ်း ရက်(၉၀)ရပါတယ်။
- သက်တမ်းကုန်ရင်တော့ နိုင်ငံထဲမှာပဲတိုးမရလို့ Border run လုပ်ရပါတယ်။
- လေဆိပ်မှာ ရစ်ဖို့မပြောနဲ့ ဘာစကားမှတောင် ပြောစရာမလိုပါဘူး အေးဆေးပါပဲ။
Paris Travel မှာတော့ ဒီ E visa (၂) မျိုးလုံးကို ဝန်ဆောင်မှုရယူနိုင်ပါတယ်
📞 Myanmar Contact: 09 753 506 290
📞 Thai Contact: 06 1980 0471 See less
07/05/2026
🔑 ထိုင်းဗီဇာသက်တမ်းတိုးဖို့ အခန်းငှားစာချုပ် မပြနိုင်လို့ စိတ်ပူနေရပြီလား⁉️
ထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်းတိုးခြင်းဟာ
အရင်ကထက် ပိုမိုတင်းကျပ်လာပါတယ်။
အထူးသဖြင့် နေထိုင်ကြောင်းအထောက်အထားဖြစ်တဲ့ အခန်းငှားစာချုပ်၊အိမ်စာချုပ်ကိုပါ ပြခိုင်းတာကြောင့် စာချုပ်မရှိသူတွေအတွက် အခက်အခဲတွေ အများကြီးရှိလာပါတယ်။ ❌
ဒါပေမယ့် Paris Travel နဲ့ဆိုရင်
စာချုပ်မပြနိုင်လည်း ဗီဇာသက်တမ်းတိုးလို့ရပါတယ်။💯
စာရွက်စာတမ်းပြည့်စုံမှုမရှိလို့ ဗီဇာသက်တမ်းတိုးဖို့ အချိန်ကုန်ပြီး လူပင်ပန်းနေရတာကို စိတ်ပူစရာမလိုတော့ပါဘူး။ ကျွန်တော်တို့ရဲ့ 𝐕𝐈𝐏 𝐄𝐱𝐭𝐞𝐧𝐬𝐢𝐨𝐧 က လူကြီးမင်းအတွက် ဖြစ်ပါလိမ့်မယ်။
✨ "𝐕𝐈𝐏 𝐄𝐱𝐭𝐞𝐧𝐬𝐢𝐨𝐧" ရဲ့ အားသာချက်များ
ကျွန်တော်တို့ရဲ့ အတွေ့အကြုံရှိတဲ့ အဖွဲ့က
ဗီဇာသက်တမ်းတိုးခြင်း လုပ်ငန်းစဉ်ကို
လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးပါမယ်။
✅အခန်းငှားစာချုပ်၊အိမ်စာချုပ် သို့မဟုတ် လိပ်စာအထောက်အထား မပြည့်စုံတဲ့ ကိစ္စတွေကို ကျွန်တော်တို့က ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းပေးပါမယ်။
✅နိုင်ငံအပြင်ထွက်စရာမလိုပဲ (၁၀) ကြိမ်ထိ သက်တမ်းတိုးလို့ရပါမယ်။
ဒါကြောင့် လက်ရှိဗီဇာသက်တမ်း မကုန်ဆုံးခင် ရက်အနည်းငယ်အလို ဆက်သွယ်လိုက်ပါ။
စာချုပ်မရှိတဲ့အတွက် စိတ်ပူစရာမလိုဘဲ ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင်နိုင်ဖို့ ကူညီပေးပါမယ်ခင်ဗျ။
☎️ 09 753 506 290 သို့မဟုတ်
☎️ +666 19 800 471 သို့မဟုတ်
Page Messenger မှ တဆင့် ပိတ်ရက်မရှိဆက်သွယ်နိုင်ပါတယ်...
📞Thai Contact - 06-1980-0471
📞Myanmar Contact - 09 753 506 290
#ဗီဇာသက်တမ်းတိုး
28/04/2026
🛑 လေဆိပ် Security မှာ ပစ္စည်းတွေ အသိမ်းမခံရအောင် ခရီးဆောင်အိတ်ကို ဘယ်လို စနစ်တကျ ပြင်ဆင်မလဲ? 🧳✈️
ခရီးသွားဖို့ အိတ်တွေထုပ်ပြီးပြီလား? လေဆိပ်လုံခြုံရေး (Security Check) ရောက်မှ ကိုယ်ဝယ်ထားတဲ့ အလှကုန်တွေ၊ Power Bank တွေ အသိမ်းခံရပြီး အမှိုက်ပုံးထဲ အပစ်ခံရတဲ့ အဖြစ်မျိုး မကြုံချင်ရင်... လေယာဉ်ပေါ်ကို ဘာတွေ သယ်ခွင့်ရှိတယ်၊ ဘာတွေ သယ်ခွင့်မရှိဘူးလဲ ဆိုတာကို မဖြစ်မနေ သိထားဖို့ လိုပါတယ်။
Paris Travel ကနေ Hand Carry (လက်ဆွဲအိတ်) နဲ့ Checked Baggage (လေယာဉ်ဝမ်းဗိုက်ထဲ ထည့်ရမည့်အိတ်) တို့ရဲ့ ကွာခြားချက်တွေကို ရှင်းပြပေးလိုက်ပါတယ်။ 👇
🎒 ၁။ Hand Carry (လေယာဉ်ပေါ် ကိုယ်တိုင်သယ်သွားမည့် လက်ဆွဲအိတ်)
လေယာဉ်ပေါ် တိုက်ရိုက်သယ်မယ့် 7 kg အိတ်ထဲမှာ ဒါတွေကို သတိပြုပါ-
🔋 Power Bank များ: လက်ဆွဲအိတ်ထဲမှာ မဖြစ်မနေ ထည့်ရပါမယ်။ (လေယာဉ်ဝမ်းဗိုက်ထဲ ထည့်ခွင့် လုံးဝမရှိပါ)။ 20,000 mAh အောက် ဆိုရင် စိတ်ချလက်ချ သယ်လို့ရပြီး၊ စာတမ်း/ဂဏန်းများ ပျက်နေရင် အသိမ်းခံရတတ်ပါတယ်။
💧 အရည်များ (Liquids): ရေမွှေး၊ Lotion၊ ခေါင်းလျှော်ရည် စတဲ့ အရည်၊ အနှစ်၊ ဂျယ်လ် အားလုံးဟာ တစ်ဘူးကို 100 ml ထက် မကျော်ရပါဘူး။ (ဘူးခွံက 200 ml ဖြစ်ပြီး အထဲမှာ 100 ml ပဲ ပါရင်တောင် အသိမ်းခံရပါမယ်)။
💻 တန်ဖိုးကြီးပစ္စည်းများ: Laptop၊ ကင်မရာ၊ လက်ဝတ်ရတနာ၊ ငွေသားနဲ့ အရေးကြီး စာရွက်စာတမ်းတွေကို Hand Carry ထဲမှာပဲ အမြဲထားပါ။
❌ တားမြစ်ပစ္စည်းများ: ကတ်ကြေး၊ ဓား၊ လက်သည်းညှပ်၊ ဆံပင်ညှပ်စတဲ့ ချွန်ထက်သော ပစ္စည်းများ လုံးဝ (လုံးဝ) သယ်ခွင့်မရှိပါ။
🧳 ၂။ Checked Baggage (လေယာဉ်ဝမ်းဗိုက်ထဲ ပို့မည့် ဝန်စည်စလွယ်)
Check-in ကောင်တာမှာ အပ်ခဲ့မယ့် အိတ်ကြီးတွေထဲမှာ ဒါတွေကို သတိပြုပါ-
✂️ ချွန်ထက်သော ပစ္စည်းများ: Hand Carry မှာ သယ်ခွင့်မရှိတဲ့ ဓား၊ ကတ်ကြေး၊ အရည်ပမာဏများတဲ့ အလှကုန်ဘူးကြီးတွေ (100 ml အထက်) ကို ဒီအိတ်ကြီးထဲမှာ ထည့်သယ်လို့ ရပါတယ်။
❌ တားမြစ်ပစ္စည်းများ: Power Bank များ၊ E-cigarette (V**e) များ၊ မီးခြစ်နဲ့ မီးလောင်လွယ်သော ဓာတ်ငွေ့ဘူး (Aerosol) များကို လေယာဉ်ဝမ်းဗိုက်ထဲ ထည့်ခွင့် လုံးဝ မရှိပါဘူး။ X-ray အဖြတ်မှာ တွေ့ရင် အိတ်အဖောက်ခံရပြီး ပစ္စည်းအသိမ်းခံရပါလိမ့်မယ်။
💡 Paris Travel မှ အကြံပြုချက်:
လေဆိပ်မသွားခင် ကိုယ့်အိတ်ထဲမှာ ပါတဲ့ ပစ္စည်းတွေကို "ဘယ်အိတ်ထဲ ထည့်ရမလဲ" ဆိုတာ သေချာ ပြန်စစ်ဆေးပါ။ စည်းကမ်းချက်တွေကို လိုက်နာခြင်းက လေဆိပ်မှာ အချိန်ကြန့်ကြာမှုကို သက်သာစေသလို၊ မလိုအပ်ဘဲ ပစ္စည်းအသိမ်းခံရခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
ခရီးစဉ်တွေအတွက် အသက်သာဆုံး လေယာဉ်လက်မှတ်တွေနဲ့ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုတွေ လိုအပ်ရင် ချက်ချင်းဆက်သွယ်လိုက်ပါ! ✈️
👇 ခရီးစဉ်နဲ့ ဗီဇာကိစ္စများအတွက် Paris Travel သို့ ယုံကြည်စိတ်ချစွာ ဆက်သွယ်လိုက်ပါ
📞 Myanmar Contact: 09 753 506 290
📞 Thai Contact: 06 1980 0471
#ဘန်ကောက် #၂လဗီဇာ #လေယာဉ်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Latha Township
Yangon
Opening Hours
| Monday | 08:30 - 06:00 |
| Tuesday | 08:30 - 06:00 |
| Wednesday | 08:30 - 18:30 |
| Thursday | 08:30 - 18:30 |
| Friday | 08:30 - 18:30 |
| Saturday | 08:30 - 18:30 |