Milestone Training School
Life is what happens when you’re busy making other plans. - John Lennon
23/04/2026
ပညာဒါန(၁၇)📌 Word Power စကားလုံးလေးတွေရဲ့အကြောင်း (Part 13)
💡perk /ပါ့ခ်/ ပုံမှန်ဝင်ငွေအပြင် အလုပ်ရှင်ကပေးသောအခွင့်အရေး၊ ရာထူးလုပ်ငန်းအရ ရရှိသောအကျိုး။
✅ She regards free stationery as one of the perks of the job.
Ⓜ️ သူက ရာထူးအရ အကျိုးခံစားမှုအနေဖြင့် စာရေးကိရိယာအသုံးပြုခွင့်ရရှိထားပါသည်။
💡 perk /ပါ့ခ်/ ပြန်လည်လန်းဆန်းရွှင်ပျလာသည်။
✅ She felt depressed but soon perked up when her friends arrived.
Ⓜ️ သူစိတ်ကျဝေဒနာခံစားခဲ့ရသော်လည်း သူ့သူငယ်ချင်းတွေရောက်ရှိလာပြီးမကြာခင်မှာပဲ ပြန်လည်ရွှင်ပျလာခဲ့သည်။
💡perk /ပါ့ခ်/ သက်ဝင်လှုပ်ရှားလာသည်။
✅ Share prices perked up a little towards the end of day trading.
Ⓜ️ ရှယ်ယာစျေးတွေက တနေ့တာကုန်သွယ်လုပ်ငန်းအပြီး အနည်းငယ် လှုပ်ရှားသက်ဝင်လာခဲ့သည်။
💡perk + somebody/something+ up - ပိုကြည့်ကောင်းလာစေသည်၊ လန်းဆန်းလာစေသည်။
✅ A cup of coffee will perk you up.
Ⓜ️ ကော်ဖီတခွက်က မင်းကိုလန်းဆန်းလာစေပါမယ်။
💡 pernicious /ပါနီးရှပ်စ်/ မသိမသာဖြင့် ဖျက်လိုဖျက်ဆီးလုပ်သည့်သဘော။
✅ A pernicious influence on society is very dangerous.
Ⓜ️ လူမှုအသိုင်းအဝိုင်းမှာ ဖျက်လိုဖျက်ဆီးသဘောလွှမ်းမိုးလာလျှင် အလွန်အန္တရာယ်များပါသည်။
💡persnickety /ပါစ်နစ်ခ်တီး/ ဇီဇာကြောင်လွန်းသော၊ ဇာချဲ့လွန်းသော။
✅ I think he is so persnickety.
Ⓜ️ သူအရမ်းဇာချဲ့လွန်းတယ်လို့ ကျွန်မထင်တယ်။
💡privacy /ပရိုင်ဗစီ/ လွတ်လပ်ခွင့်။
✅ Please respect my privacy!
Ⓜ️ လွတ်လပ်ခွင့်ကိုလေးစားပါ။
Tr. Phyo Mon Win
09-761401212
ပညာဒါန(၁၆)📌 Word Power စကားလုံးလေးတွေရဲ့အကြောင်း (Part 12)
💡superiority /ဆူပီရီရော့ရတီး/ ကောင်းမွန်သာလွန်သော။
✅ She’s got an idea of superiority.
Ⓜ️ ကောင်းမွန်သာလွန်တဲ့အကြံအစည်အတွေးအခေါ်ကို သူရထားတယ်။
💡 superiority complex - ဘဝင်မြင့်စိတ်၊ အစွဲ။
✅ He has superiority complex.
Ⓜ️ သူ့မှာ ဘဝင်မြင့်စိတ်ရှိတယ်။
💡inferiority /အင်ဖီရီရော့ရတီး/ သိမ်ငယ်ခြင်း။
✅ You should avoid inferiority.
Ⓜ️ မင်း သိမ်ငယ်စိတ်ကို ဖယ်လိုက်သင့်တယ်။
💡 inferiority complex - သိမ်ငယ်စိတ်ထား။
✅ She’s got a real inferiority complex.
Ⓜ️ သူမမှာ တကယ့်ကို သိမ်ငယ်စိတ်ရှိနေတယ်။
💡 clue /ကလူး/ သဲလွန်စ။
✅ The detective is finding the clue concerning with the murder.
Ⓜ️ စုံထောက်က လူသတ်မှုနဲ့စပ်လျဉ်းတဲ့သဲလွန်စကိုရှာနေပါတယ်။
💡trace /ထရေ့စ်/ ခြေရာခံလိုက်သည်။
✅ No need to trace me.
Ⓜ️ ကျွန်မကိုခြေရာခံလိုက်စရာမလိုဘူး။
💡source /စို့စ်/ တစုံတခုစတင်ဖြစ်ပွါးရာနေရာ၊ အစ၊ ဇာတိ၊ ရင်းမြစ်၊ ပင်ရင်း၊ သံယံဇာတ။
✅ Where is the source of market?
Ⓜ️ စျေးကွက်အရင်းအမြစ်က ဘယ်မှာလဲ။
Tr. Phyo Mon Win
09-761401212
ပညာဒါန(၁၅)📌 Word Power စကားလုံးလေးတွေရဲ့အကြောင်း (Part 11)
💡sharp /ရှာ့ပ်/ ချွန်ထက်သော၊ စူးကနဲဖြစ်သော။ တိကျသော၊ ထက်မြက်သော။
✅ What is your sharp dream?
Ⓜ️ မင်းရဲ့တိကျတဲ့ရည်ရွယ်ချက်ကဘာလဲ။
✅ He is sharp.
Ⓜ️ သူက ထက်ထက်မြက်မြက်ရှိသည်။
💡 humbly /ဟမ်ဘလီး/ နှိမ့်ချစွာ၊ ကျိုးနွံစွာ။
✅ May I humbly request you?
Ⓜ️ ကျွန်တော် ရိုသေစွာ တောင်းဆိုပါရစေ။
💡aloft /အလော့ဖ်တ်/ အထက်သို့။
✅ You should throw aloft it.
Ⓜ️ မင်း အဲ့ဒါကို အပေါ် ပစ်လိုက်သင့်တယ်။
💡 chain action, chain effect, domino effect - တခုပြီးတခုဆက်တိုက်ဖြစ်ခြင်း။
✅ We must take care of chain action.
Ⓜ️ ဆက်တိုက်ဖြစ်နေတာကို ကျွန်တော်တို့ဂရုစိုက်ရပါမယ်။
💡 don /ဒွန်/ ဝတ်ဆင်သည်။
✅ T-shirt is easy to don.
Ⓜ️ တီရှပ်က ဝတ်ရလွယ်ပါတယ်။
💡sticker /စတစ်ကာ/ တပူးတတွဲတွဲနေသူ။
✅ He is my sticker.
Ⓜ️ သူက ကျွန်တော်နဲ့တတွဲတွဲနေတတ်တဲ့သူပါ။
💡key /ကီး/ သော့။ အဓိကဖြစ်သော။
✅ She is a key person.
Ⓜ️ သူမက အဓိကလူပဲ။
Tr. Phyo Mon Win
09-761401212
ပညာဒါန(၁၄)📌 Word Power စကားလုံးလေးတွေရဲ့အကြောင်း (Part 10)
💡initiative /အစ်နစ်ရှီရိတ်တစ်ဗ်/ ပဏာမခြေလှမ်း၊ကိုယ်စွမ်းကိုယ်စ။
✅ Our company negotiated with the clients as initiative.
Ⓜ️ ကျွန်တော်တို့ကုမ္ပဏီသည် ပဏာမခြေလှမ်းအနေဖြင့် ဖောက်သည်ကုမ္ပဏီများနှင့်ညှိနှိုင်းခဲ့ပါသည်။
✅ She did it on her own initiative.
Ⓜ️ သူမက သူ့အစွမ်းအစပေါ်မူတည်ပြီး ဤကိစ္စကိုလုပ်ဆောင်ခဲ့သည်။
💡 the initiative /သီး အစ်နစ်ရှီရိတ်တစ်ဗ်/ လက်ဦးမှု။
✅ Women football team got the score in the initiative.
Ⓜ️ အမျိုးသမီးဘောလုံးအသင်းက လက်ဦးမှုအနေဖြင့် ဂိုးရရှိခဲ့သည်။
💡initiate /အစ်နစ်ရှီရိတ်/ အစပျိုးသော၊လူသစ်။
✅ Do you have initiate plan?
Ⓜ️ မင်းမှာ အစပြုထားတဲ့အစီအစဉ်ရှိလား။
✅ She is an initiate.
Ⓜ️ သူမက လူသစ်တယောက်ဖြစ်သည်။
💡 novice /နော့ဗစ်/ သာမဏေ။ လူသစ်။
✅ He is a novice programmer.
Ⓜ️ သူက ပရိုဂရမ်မာအသစ်တယောက်ဖြစ်သည်။
💡born yesterday (idiom) သူငယ်နှပ်စား။
✅ She was born at yesterday.
Ⓜ️ သူမက သူငယ်နှပ်စားတယောက်ပဲ။
Tr. Phyo Mon Win
09-761401212
ပညာဒါန(၁၃)📌 Word Power စကားလုံးလေးတွေရဲ့အကြောင်း (Part 9)
💡castle /ခါစယ်လ်/ ရဲတိုက်။
✅ The castle is set on a steep hill.
Ⓜ️ ရဲတိုက်ကို မတ်စောက်သောတောင်ကုန်းတခုမှာ ဆောက်ထားသည်။
💡whistle /ဝှစ်စယ်လ်/ လေချွန်သည်။
✅ You should never whistle at night.
Ⓜ️ မင်း ညဘက်လေမချွန်သင့်ဘူး။
💡nestle /နက်စယ်လ်/ နွေးအောင်ကွေးသည်။
✅ They nestled in front of the fire.
Ⓜ️ မီးပုံရှေ့မှာ သူတို့နွေးနွေးထွေးထွေးသွားနေခဲ့ကြသည်။
💡nestling /နက်စလင်း/ မပျံနိုင်သေးသောငှက်ပေါက်စ။
✅ Just you’re an only nestling.
Ⓜ️ မင်းက အရွယ်မရောက်သေးသည့်ကလေးလေးပါပဲ။
💡cuddle /ခပ်ဒယ်လ်/ ပွေ့ချီသည်၊ ပွေ့ဖက်သည်၊ ပိုက်ဖက်သည်။
✅ They are cuddling each other.
Ⓜ️ သူတို့တယောက်နှင့်တယောက်ပွေ့ဖက်ထားကြသည်။
💡 embrace /အင်မ်ဘရေ့စ်/ ပွေ့ဖက်သည်။
✅ She leaned over to embrace the child
Ⓜ️ ကလေးကိုဖက်ဖို့ သူမ ကိုယ်ကိုကွေးညွှတ်ခဲ့သည်။
💡embarrass /အင်မ်ဘာရက်စ်/ ကသိကအောက်ဖြစ်စေသည်၊ စိတ်အနှောင့်အယှက်ဖြစ်စေသည်၊ ရှက်ကိုးရှက်ကန်းဖြစ်သည်။
✅ Are you trying to embarrass me?
Ⓜ️ မင်း ငါ့ကို စိတ်ကသိကအောက်ဖြစ်အောင် လုပ်နေတာလား။
Tr. Phyo Mon Win
09-761401212
ပညာဒါန(၁၀)📌 Word Power စကားလုံးလေးတွေရဲ့အကြောင်း (Part 6)
💡 superstition /စူပါစတေးရှင်း/ အယူသီးခြင်း၊ အစွဲအလန်းကြီးခြင်း။
✅ There’s an old superstition that killing a spider brings you bad luck.
Ⓜ️ ပင့်ကူကို သတ်လျှင် မင်းအတွက်ကံမကောင်းဘူးဆိုတာက ဟောင်းနွမ်းနေတဲ့အယူသီးမှုတခုပဲ။
💡 supervene /စူပါဗီးန်/ ကျော်လွန်လွှမ်းမိုးသည်။
✅ She was working well until illness supervened.
Ⓜ️ သူမက ဖျားနာလွန်းနေခဲ့သည့်တိုင် အလုပ်ကောင်းကောင်းလုပ်နေခဲ့သည်။
💡devotion /ဒစ်ဗိုးရှင်း/ ဝတ်တက်ခြင်း၊ ယုံကြည်သက်ဝင်ခြင်း၊ မြှုပ်နှံခြင်း။
✅ He has night devotion.
Ⓜ️ သူ့အနေနဲ့ ညဘက်ဘုရားဝတ်ပြုခြင်းရှိသည်။
💡 devour /ဒစ်ဗားရ်/ အငမ်းမရဝါးမျိုသည်။
✅ He devoured the entire plate of spaghetti.
Ⓜ️ စပါဂတီတပန်းကန်လုံးကို သူအငမ်းမရစားခဲ့သည်။
Tr. Phyo Mon Win
09-761401212
Click here to claim your Sponsored Listing.
Category
Website
Address
Yangon