Mr.Li Travels & Tours

Mr.Li Travels & Tours

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mr.Li Travels & Tours, Travel Company, 50th Street, BoTaHtaung, Yangon.

16/04/2026

Happy Song Kran 2026
မိတ်ဆွေများ အားလုံး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကျပါစေရှင်။

Photos from Mr.Li Travels & Tours's post 27/02/2026

လေယာဉ်စီးစရာမလိုဘဲ တိမ်တွေဆီ အတူတူတက်ဖို့ ထိုင်းရဲ့အမြင့်ဆုံးနေရာများ ☁⛰

စွန့်စားရတာတွေ ရင်ခုန်ရတာတွေကိုကြိုက်တဲ့သူတွေအတွက် အမြင့်ဆုံးမှာ ခံစားရတဲ့ လွတ်လပ်မှု၊ မြင်ကွင်းကျယ်ကျယ်နဲ့ အမှတ်တရသစ်တွေကို ရှာဖွေဖို့ 𝐌𝐫.𝐋𝐢 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬 က အမြင့်ဆုံးဆိုတဲ့နေရာ (၃) ခုကိုဝေမျှပေးထားပါတယ်။

📍 𝐃𝐨𝐢 𝐈𝐧𝐭𝐡𝐚𝐧𝐨𝐧
ဒါကတော့ ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးတောင်ထိပ်ပါ။ ချင်းမိုင်မြို့မှာ ရှိတာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂,၅၆၅ မီတာ အမြင့်မှာ ရှိပါတယ်။ ဒီမှာဆိုရင် တစ်နှစ်ပတ်လုံး အေးစိမ့်နေတဲ့ ရာသီဥတုကို ခံစားရမှာပါ။ အထူးသဖြင့် နာမည်ကြီးတဲ့ စေတီနှစ်ဆူ (𝐓𝐰𝐢𝐧 𝐏𝐚𝐠𝐨𝐝𝐚𝐬) နဲ့ ပန်းခြံလေးက ဓာတ်ပုံရိုက်လို့ အကောင်းဆုံးပဲ။ မနက်အစောကြီးသွားရင် နေထွက်တာကို တိမ်ပင်လယ်တွေကြားထဲ မြင်ရမှာဖြစ်လို့ တကယ့်ကို နတ်ပြည်ရောက်နေသလား အောက်မေ့ရပါတယ်။

📍 𝐌𝐚𝐡𝐚𝐧𝐚𝐤𝐡𝐨𝐧 𝐒𝐤𝐲𝐖𝐚𝐥𝐤
သဘာဝတောင်တန်းတွေထက် မြို့ပြရဲ့ အမိုက်စား 𝐕𝐢𝐞𝐰 ကိုမှ ကြိုက်တယ်ဆိုရင်တော့ ဒါကို ရွေးရပါမယ်။ ဘန်ကောက်မြို့လယ်က အထပ် ၇၈ ထပ်ရှိတဲ့ အမြင့်ဆုံး အဆောက်အဦးပေါ်မှာ ရှိတာပါ။ အဓိကကတော့ 𝐆𝐥𝐚𝐬𝐬 𝐓𝐫𝐚𝐲 လို့ခေါ်တဲ့ မှန်ကြမ်းပြင်ပေါ်မှာ လမ်းလျှောက်ရမှာပါ။ ပေ ၃၀၀ ကျော်အမြင့်ကနေ အောက်က ကားလေးတွေကို ငုံ့ကြည့်ရတာ ရင်တဖိုဖိုနဲ့ အရမ်းမိုက်ပါတယ်။ ညနေဘက် 𝐒𝐮𝐧𝐬𝐞𝐭 ကြည့်ရင်း 𝐂𝐨𝐜𝐤𝐭𝐚𝐢𝐥 လေးသောက်ဖို့အတွက် ဒီနေရာကအရွေးသင့်ဆုံးပါပဲ။

📍 𝐏𝐡𝐮 𝐂𝐡𝐢 𝐅𝐚
စွန့်စားရတာ ကြိုက်တဲ့သူတွေအတွက်တော့ ချင်းရိုင်က ဒီနေရာကို ညွှန်းပါရစေ။ လာအိုနိုင်ငံနဲ့ နယ်စပ်နားမှာ ရှိတဲ့ တောင်တန်းကြီးပါ။ သူ့ရဲ့ ထူးခြားချက်က တောင်ထိပ်က ကောင်းကင်ယံထဲကို ထိုးထွက်နေတဲ့ ပုံစံမျိုးပါ။ မနက်အစောကြီး တောင်တက်ပြီး တိမ်ပင်လယ်ကို ကြည့်ရတာက စကားလုံးနဲ့ ဖော်ပြလို့ မရအောင် လှပါတယ်။ အောက်ခြေက တိမ်တွေကို ငုံ့ကြည့်ရတဲ့ ခံစားချက်ကလည်းအပန်းပြေစေမှာ အသေအချာပါပဲ။

အမြင့်ဆုံးနေရာတွေကို သွားချင်ပေမယ့် လမ်းခရီးအတွက် စိတ်မပူချင်ဘူးဆိုရင်တော့ 𝐌𝐫.𝐋𝐢 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐓𝐨𝐮𝐫𝐬 က ထိုင်းအနှံ့ကို စိတ်ကြိုက်သွားလို့ရအောင် ကားအငှားဝန်ဆောင်မှုတွေကို အကောင်းဆုံး ပေးနေတာပါ။ 🚗💨

✅ ကျွမ်းကျင်တဲ့ ဒရိုင်ဘာတွေနဲ့မို့ တောင်တက်လမ်းတွေလည်း စိတ်ချရသလို ကိုယ်တိုင်မောင်းပြီးလည်း စိတ်ကြိုက်လွင့်နိုင်ပါတယ်။

အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက
📞 +𝟗𝟓𝟗𝟗𝟔𝟓𝟎𝟐𝟑𝟐𝟒𝟐
📞 +𝟗𝟓𝟗𝟗𝟔𝟓𝟎𝟐𝟑𝟐𝟒𝟐 ( 𝐕𝐢𝐛𝐞𝐫 )

#ခရီးသွားခြင်း

Want your business to be the top-listed Transport Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


50th Street, BoTaHtaung
Yangon

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00