RBDR v.1
Right Brain Education At Home
06/02/2022
ကလေးလေးတွေဥာဏ်ကောင်းဖို့၊ပညာတတ်ကြီးဖြစ်ဖို့ထက်ပိုအရေးကြီးတဲ့ personal & behavioural development လေးတွေပါ။ print ထုတ်ပြီး card လေးတွေညှပ်ပါ၊ အောက်ပါမေးခွန်းလေးတွေနဲ့ရှင်းပြဆော့ကစားလို့ရပါတယ်။
How to Use the Cards _
Read through the value cards. Consider the following questions:
Which values do you choose to guide your behaviors?
Which values does your family put first?
Are your personal and family values similar, or do they differ?
Have your personal or family values changed over time? If so, why? Do you and your friends share values?
Admin ကတော့ကလေးတွေကိုညသိပ်ရင်းဒီထဲက topic တစ်ခုလောက်ကိုစိတ်ဝင်စားစရာကောင်းအောင်ပြောပြပေးတာမျိုးလေးလုပ်ပါတယ်။
pdf လေးရရင် MPH group လေးထဲမှာရှယ်ပေးပါမယ်။
22/09/2021
✡️𝐓𝐡𝐞 𝐏𝐮𝐫𝐩𝐨𝐬𝐞 𝐨𝐟 𝐅𝐥𝐚𝐬𝐡 𝐂𝐚𝐫𝐝𝐬 𝐒𝐩𝐞𝐞𝐝 𝐏𝐥𝐚𝐲 ✡️
သတိပြုရန်မှာ flash ကတ်များပြခြင်းသည်ကလေးများအား vocabulary ကိုနားလည်ဖို့မရည်ရွယ်ပါဘူး။ flash ကတ်များပြသခြင်းဆိုင်ရာအရေးကြီးသောအကြောင်းရင်းလေးချက်ရှိပါတယ်။
1. မြန်နှုန်းမြင့် flash card များသည်ညာဘက် ဦး နှောက်ကိုဖွင့်ဖြိုးစေခြင်း။
2. ၎င်းသည်ကလေး၏ photographic memory ဓာတ်ပုံရိုက်သကဲ့သို့မှတ်ဉာဏ်စွမ်းရည်ကိုဖွံ့ဖြိုးစေခြင်း။ (photographic memory နဲ့ပက်သက်လို့အသေးစိတ်ပို့စ်လေးရှိပါတယ်)
3. ကလေးတွေဟာများသောအားဖြင့်သူတို့ရဲ့ဘယ်ဘက် ဦး နှောက်ဆိုင်ရာမှတ်ဥာဏ်များဖြင့်သင်ယူကြပါတယ်။ ဒါပေမယ့်သူတို့သင်ယူတဲ့အချက်အလက်တွေ (input တွေ)ကိုအရှိန်မြင့်ပေးလိုက်ခြင်းဖြင့်ညာဘက် ဦး နှောက်မှတ်ဥာဏ်ကနိုးကြားဖွံ့ဖြိုးလာခြင်း။
4. ဒါ့အပြင် flash card ပြခြင်းဟာဘယ်နှင့်ညာ ဦး နှောက်အကြားဆက်သွယ်မှုဖွံ့ဖြိုးရန်ကူညီပေးပါတယ်။ flash card session တစ်ခုမှာစကားပြောရင်ပုံများကိုတ်ပြိုင်နက်ပြသခြင်းဖြင့် ကလေးရဲ့ညာဖက်ဉီးနှောက်ကရုပ်ပုံများကို process လုပ်စေပါတယ်။ ဘာသာစကားကိုတော့ဘယ်ဖက်ဦး နှောက်က process လုပ်ပါတယ်။ ဒီလိုနည်းနဲ့ဦး နှောက်နှစ်ခုအကြားဆက်သွယ်မှုရှိလာအောင်ကူညီပေးပါတယ်။ တစ်နည်းအားဖြင့်မှန်ကန်ထိရောက်စွာ Flash card ပြခြင်းသည်ဉီးနှောက်ရဲ့လုပ်ငန်းစဉ်နှစ်ခုလုံးကိုအားကောင်းစေခြင်း။ ======================
ဘယ်လိုပြကြမလဲ?
======================
Flash card အတွဲတိုင်းအတွက်ခေါင်းစဉ်တစ်ခုပေးပါ။ ကတ်များကိုမပြသမီ flash card တစ်ခုစီကိုမိတ်ဆက်ပေးပါ။ ဥပမာ “ ကားများ”၊ “ ကုန်တင်ကား”၊ “ လေယာဉ်” စသည့်ကတ်များကိုရှေ့မှနောက်သို့ ယူ၍ ၎င်းသည်ဘာလဲဆိုတာပြောပြပါ။ ကတ်များကိုကလေး၏မျက်စိထက်အနည်းငယ်ပိုမြင့်ထားပါ။ ======================
ဘယ်လောက်မြန်မြန်ပြမလဲ?
======================
နာမည်ကျော် Right Brain School များအနေဖြင့်ယေဘုယျသဘောတူညီချက်မှာတစ်စက္ကန့်လျှင် ၃ ကဒ်ပြရန်ဖြစ်ပါတယ်။ အထူးသဖြင့်အတွေ့အကြုံမရှိရင် flash card session တစ်ခုအောင်မြင်ဖို့ခက်နိုင်ပါတယ်။ အဲဒါကိုမှီဖို့ထက်ကဒ်တွေကိုဖြည်းဖြည်းချင်းမှန်မှန်ကန်ကန်ပြနိုင်အောင်အရင်လုပ်ပါ။ ကိုယ်တိုင်ဖန်တီးထားတဲ့ကဒ်တွေဆိုရင်စာလုံးပေါင်းမှန်ဖို့နဲ့ကဒ်အထူအပါးမှန်ဖို့သတိပြုပါ။ စမယ်ဆိုရင် ၁ကဒ် ၁ စက္ကန့်နှုန်းကစပါ။ ၁ စက္ကန့်ထက်ပိုနည်းအောင်ပြပေးနိုင်ရင်တော့ပိုကောင်းပါတယ်။ ကျင့်သားရလာတာနဲ့အဆင်ပြေလာပါလိမ့်မယ်။ ======================
ဘယ်နှစ်ကြိမ်ပြရမလဲ?
======================
တစ်နေ့တစ်ကြိမ်ကလုံလောက်ပါတယ် သို့သော်ကလေးကတစ်ကြိမ်ထဲအချိန်ကြာကြာအာရုံမစိုက်နိုင်ဘူးဆိုရင် ၂-၃ ကြိမ်ပြလို့ရပါတယ်။အာရုံစိုက်တယ်ဆိုတဲ့နေရာမှာလဲတစ်ကြိမ်အတွင်းအာရုံစိုက်တဲ့ကြိမ်နှုန်းကိုပြောတာပါ။ကလေးငယ်တစ်ယောက်ရဲ့အာရုံစိုက်နိုင်နှုန်းကိုလဲပိုစ့်တစ်ခုမှာဖော်ပြထားပါတယ်။ ပထမလမှာ ပျမ်းမျှကဒ် ၁၀၀ကနေစပါ။ ၃လအတွင်းမှာ ၂၅၀ သို့ တိုးသွားပါ။ ပြီးရင် ၁၀၀၀ အထိဖြည်းဖြည်းချင်းတိုးပါ။ အကြောင်းအရာများကိုတတ်နိုင်သမျှစုံအောင်ပြပါ။
======================
ဘယ်လောက် repeat လုပ်ရမလဲ? ======================
Right brain ကျောင်းများရဲ့ဆွေးနွေးထားတဲ့အချက်အလက်များကိုအခြေခံပြီးပြောရရင် ကဒ်တစ်ခုစီအတွက် ၄ ကြိမ် repeat လုပ်နိုင်ရင်ကောင်းပါတယ်။ ဒါကလဲကျောင်းတစ်ခုနဲ့တစ်ခုယူဆချက်ခြင်းမတူပြန်ပါဘူး။ တစ်ချို့ကလဲကလေးအထူးနှစ်သက်တဲ့ပစ္စည်းတွေကိုပိုပြီးများများပြတာပိုကောင်းတယ်ဆိုပါတယ်။ ကလေးရဲ့ attention ပိုရလို့လို့ထင်ပါတယ်။ RBDR အနေနဲ့ကတော့ 4 times per card ကိုပိုပြီးအားပေးပါတယ်။ ၂-၃ နှစ်အရွယ်ကလေးများသည်ယေဘုယျအားဖြင့်အခြားအသက်အပိုင်းအခြားများထက်ပိုမိုတက်ကြွလေ့ရှိပါတယ်။ သင့်ကလေးသည်ကတ်များအားလုံးကိုတစ်ထိုင်တည်း attention မပေးပါက same group ကို ၂ စု ခွဲ၍ ခဏနားပြီးနောက်ခွဲပြလို့ရပါတယ်။
======================
ဘယ်လိုအကြောင်းအရာတွေပြရမလဲ? ======================
Thematic topics တွေဖြစ်တဲ့ types of vehicles, types of animals တွေကိုလဲပြပါ။ အရေးကြီးတဲ့အခြေခံ concept တွေကိုလဲမကျန်ခဲ့စေဖို့သတိပြုပါ။
Basic Concepts a child should learn
• Colour • Shape • Size • Number • Volume • Space recognition • Order • Comparison • Time • Money ======================
flashcard ပြတာကိုဘယ်အရွယ်ထိလုပ်ရမလဲ? ======================
အသက် ၃ လမှ ၁၀ နှစ်လောက်ထိပြနိုင်ပါတယ်။သင့်ကလေးအသက်အရွယ်နှင့်တိုးတက်မှုအဆင့်အလိုက် materials များကိုပြောင်းလဲစီစဉ်ပါ။
မွေးကင်းစမှ(၁၀)ကျော်သက်ထိနားထောင်နိုင်တဲ့ Child Positive Affirmation Sound နမူနာလေးဖြစ်ပါတယ်။
Right brain education မှာ alpha music (different post တင်ပြီး) ၊ positive affirmation sounds ၊ imaginary music တွေဟာအလွန်ပဲအရေးပါလှပါတယ်။
ဒီလို sound track လေးတွေကို အိပ်ခါနီး(သို့) Right brain လေ့ကျင့်ခန်းတွေလုပ်ပြီးတဲ့အခါ၊ ကလေးကြီးတွေဆိုရင် တစ်ခုခု challenging ဖြစ်တဲ့အခါတိုင်းနားထောင်ခိုင်းလို့ရပါတယ်။ နားမလည်လဲမကြာခဏဖွင့်ပေးပါ။ ကြားရပါများတဲ့အခါ ကလေးကို feel loved, safe and strong ဖြစ်စေပါတယ်။ ကလေးကမေးတတ်တဲ့အရွယ်လဲဖြစ်တယ် ဘာပြောတာလဲနားမလည်ဘူးဆိုရင် မေမေကရှင်းပြပေးလို့ရပါတယ် ။
Script လေးပါထည့်ပေးထားပါတယ်။👇👇
My baby, close your little EYES and listen
Mommy and daddy love you
You are so kind and lovely.
You are important.
You are precious.
You have great ideas.
We are proud of you.
Mommy believes in you!
You make daddy and mommy happy.
We are grateful for you.
You did that all by yourself? Amazing!
You are so brave!
You are so strong!
You have such a big heart!
You are shining like a star.
Mommy loves spending time with you.
You make us smile!
You get better every single day.
You make the world a better place.
My baby
Mommy and daddy love you so much.
13/07/2021
𝐌𝐞𝐧𝐭𝐚𝐥 𝐌𝐚𝐭𝐡𝐬 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐢𝐞𝐬 စိတ်တွက်သချႅာနည်းတွေဖြစ်ပါတယ်။ စုစုပေါင်း (၁၁) နည်းရှိပါတယ်။ နားလည်လွယ်ပါတယ်။ ပေါင်းနှုတ်မြှောက်စားရတဲ့ဘယ်အရွယ်မဆိုကို poster လေးတွေကြည့်ပြီးသင်ပေးလို့ရပါတယ်။
Addition & subtracting လောက်ပဲရသေးတယ်ဆိုလဲ အပေါင်းအနှုတ်နဲ့ဆိုင်တဲ့ method တွေကိုအရင်သင်ထားလို့ရပါတယ်။
Counting On
Counting Back
Near Doubles
Near Halves
Using Pairs to Ten
Part, Part, Whole
Make Ten and Then Some
Front-end Adding
Compensation for 8 or 9
Use Multiples of 25
Common Zeros
Poster ၁၁ ခုကို pdf လိုချင်တယ်ဆိုရင် ( Page မှာ share ဖို့အဆင်မပြေလို့ ) Myanmar Parent Hub (MPH) group ထဲမှာလာယူပါ။ "maria rbdr" account ရဲ့ပိုစ့်တစ်ခုခုအောက်မှာ တောင်းယူလို့ရပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon