EXCELLENT FORTUNE DEVELOPMENT GROUP
Excellent Fortune Development Group Co., Ltd.
27/06/2023
EFD Group Step Challenge – 2022 နှစ်ပတ်လည် ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပခြင်း
EFD Group ၏ Founder, Chairman & Group CEO အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်း၏ လမ်းညွှန်ချက်ဖြင့် " ကျန်းမာပျော်ရွှင်ပြီး တိုးတက်အောင်မြင်သော EFD Group မိသားစု အသိုက်အဝန်းကို ဖော်ဆောင်ရန် " ရည်ရွယ်၍ (၁.၂.၂၀၂၂)ရက်နေ့မှ (၃၁.၁၂.၂၀၂၂)ရက်နေ့အထိ (၁၁)လတိုင်တိုင် ကျင်းပခဲ့သည့် " ကျန်းမာရေးအတွက် နေ့စဉ်ခြေလှမ်းများ စိန်ခေါ်ခြင်း (EFD Group Step Challenge – 2022) " အစီအစဉ်၏ နှစ်ပတ်လည် ဆုချီးမြှင့်ခြင်း အခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲကို (၁၆.၆.၂၀၂၃)ရက်နေ့တွင် LOTTE Hotel Yangon ၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
ပြိုင်ပွဲကာလအတွင်း EFD Group နှင့် မိသားစုဝင်ကုမ္ပဏီခွဲများ ဖြစ်သည့် Excellent Fortune Life Insurance (EFI Life), Excellent Fortune General Insurance (EFIG), Farmers Development Bank (FDB Bank), Excellent Fortune Finance (EFF Finance) နှင့် အခြားသော မိသားစုဝင် ကုမ္ပဏီခွဲများ အပါအဝင် ပြိုင်ပွဲဝင် ၅၀၀ ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
လစဉ် အကောင်းဆုံး ကြိုးစားခဲ့ကြသည့် မိသားစုဝင်များအတွက် လစဉ် ပထမဆု ကျပ်ငွေ ၁၀၀,၀၀၀၊ ဒုတိယဆု ကျပ်ငွေ ၉၀,၀၀၀၊ တတိယဆု ကျပ်ငွေ ၈၀,၀၀၀၊ စတုတ္ထဆု ကျပ်ငွေ ၇၀,၀၀၀၊ ပဉ္စမဆု ကျပ်ငွေ ၆၀,၀၀၀၊ ဆဋ္ဌမ ကျပ်ငွေ ၅၀,၀၀၀၊ သတ္တမဆု ကျပ်ငွေ ၄၅,၀၀၀၊ အဋ္ဌမဆု ကျပ်ငွေ ၄၀,၀၀၀၊ နဝမဆု ကျပ်ငွေ ၃၅,၀၀၀ နှင့် ဒဿမဆု ကျပ်ငွေ ၃၀,၀၀၀ တို့ကို အသီးသီး ချီးမြှင့်ခဲ့ပြီး နေ့စဉ် ခြေလှမ်း ၂၀,၀၀၀ ပုံမှန်လမ်းလျှောက်သူ အားလုံးအတွက် ဂုဏ်ပြုဆုအဖြစ် ကျပ်ငွေ ၂၀,၀၀၀ စီ ကိုလည်း အရေအတွက် အကန့်အသတ်မရှိ လစဉ် ချီးမြှင့်ပေးခဲ့ပါသည်။
ပြိုင်ပွဲ စတင်ချိန်မှ ပြီးဆုံးသည်အထိ လစဉ် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့် မိသားစုဝင်များအတွက် အထူးဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ရာတွင် -
၁။ ပထမဆု (၁၀)သိန်းကျပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို EFD Group စီမံရေးရာဌာနမှ ဦးသူရဦး၊
၂။ ဒုတိယဆု (၉)သိန်းကျပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို EFD Group ဥက္ကဋ္ဌရုံးမှ ဦးဝေဖြိုးဇော်၊
၃။ တတိယဆု (၈)သိန်းကျပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို EFD Group စီမံရေးရာဌာနမှ ဦးကျော်ကျော်ထွန်း၊
၄။ စတုတ္ထဆု (၇)သိန်းကျပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို EFD Group မြေယာဌာနမှ ဦးတင်ထွန်းဦး၊
၅။ ပဉ္စမဆု (၆)သိန်းကျပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို EFD Group စီမံရေးရာဌာနမှ ဦးနေလင်း၊
၆။ ဆဋ္ဌမဆု (၅)သိန်းကျပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို EFI Life အသက်အာမခံဌာနမှ ဦးမြင့်ဆွေ၊
၇။ သတ္တမဆု (၄)သိန်းကျပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို EFD Group သတ္တုဌာနမှ ဦးတင့်ဇော်အေး
၈။ အဋ္ဌမဆု (၃)သိန်းကျပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို EFI Life စီမံရေးရာဌာနမှ ဦးတင့်လွင်၊
၉။ နဝမဆု (၂)သိန်းကျပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို EFD Group စီမံရေးရာဌာနမှ ဦးနေလင်းထွန်း၊
၁၀။ ဒဿမဆု (၁)သိန်းကျပ်၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို FDB Bank ICTဌာနမှ ဒေါ်နှင်းအိရွှေရည်
တို့မှ အသီးသီး ထိုက်တန်စွာ ဆွတ်ခူး ရရှိခဲ့ပါသည်။
ပြိုင်ပွဲကာလတစ်လျှောက် လစဉ် ခြေလှမ်း ၂၀၀,၀၀၀ နှင့်အထက် မပျက်မကွက် လမ်းလျှောက်သူ (၁၅၁)ဦး အတွက် ဗလာမပါ အထူးကံစမ်းမဲများကိုလည်း အဆိုပါအခမ်းအနားတွင် ဖွင့်ဖောက် ရွေးချယ်ပေးခဲ့ကြပါသည်။
အထူးကံစမ်းမဲအနေဖြင့် Apple Watch Series - 8 ကို ရွေးချယ်ချီးမြှင့်ခဲ့ရာ EFD Group စီမံရေးရာဌာနမှ ဦးအာကာအောင်ဆန်းမှ ကံထူးခဲ့ပြီး အခမ်းအနားကို ည (၈:၃၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
26/01/2021
၁,၀၀၀,၀၀၀,၀၀၀/- ကျပ် (သိန်းပေါင်းတစ်သောင်းကျပ်) 1-Billion Kyats အလှူတော် …
ကျွန်တော်များ Excellent Fortune Development Group (EFD Group)နှင့် Excellent Fortune Foundation (EFF Foundation)တို့၏ ပဲ့ကိုင်ရှင် Founder, Chairman & CEO အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်းနှင့် မိသားစုသည် နိုင်ငံတော်မှ COVID-19 ကာကွယ်ဆေး ဝယ်ယူရေးရန်ပုံငွေအတွက် မြန်မာ့စီးပွားရေးဘဏ် ငွေစာရင်းအမှတ် OA 013733 သို့ ငွေကျပ် ၁,၀၀၀,၀၀၀,၀၀၀/- (သိန်းပေါင်းတစ်သောင်းကျပ် တိတိ) 1-Billion Kyats ကို ၂၅.၁.၂၀၂၁ ရက်နေ့၊ တနင်္လာနေ့တွင် လှူဒါန်းခဲ့ပါသည်။
ယခုလို COVID ကာလအတွင်း ဇီဝိတဒါနနှင့် ကာလဒါန လုပ်ငန်းများအား စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်နေသော ကျွန်တော်များ EFD Groupနှင့် EFF Foundation တို့၏ Founder, Chairman & CEO ဦးစိုင်းမျိုးဝင်း၊ ဇနီး Senior Vice Chairman & Co-Founder ဒေါ်နန်းခင်မြင့်ရီ နှင့် မိသားစုတို့သည် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများ တစ်လုံးတစ်ဝတည်း ပြည့်စုံပြီး ကောင်းမြတ်သည့် အနာဂတ်ကို ပိုင်ဆိုင်ပါစေ၊ ကြီးမြတ်တဲ့ ဂုဏ်သတင်းနှင့် ကျော်ကြားပါစေကြောင်း လေးစား ချစ်ခင်စွာဖြင့် EFD Groupနှင့် EFF Foundationတို့၏ မိသားစုဝင်များနှင့် တာဝန်ရှိသူများ အားလုံးတို့မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
1,000,000,000/- Kyats (One Billion Kyats) Donation to the National COVID-19 Vaccination Fund...
Aggamahāsīrisudhammamaṇijotadhara U Sai Myo Win, Founder, Chairman and CEO of Excellent Fortune Development Group Co., Ltd. (EFD Group) and Excellent Fortune Foundation (EFF) deposited 1,000,000,000/- Kyats (One Billion Kyats) to the National COVID-19 Vaccination Fund Account, OA 013733 of Myanma Economic Bank on 25th January 2021.
We, members of EFD Group and EFF Foundation, wish Aggamahāsīrisudhammamaṇijotadhara U Sai Myo Win, Founder, Chairman and CEO and Aggamahāsīrisudhammasiṅgī Daw Nang Khin Myint Yee, Co-Founder, Senior Vice Chairman of EFD Group and EFF Foundation, attain fame, honour, good health and happiness.
, SAI MYO WIN, Sai Myo Win,
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 5-A, Pyay Road, Ward 10, Hlaing Township
Yangon
11051
Opening Hours
| Monday | 08:30 - 17:00 |
| Tuesday | 08:30 - 17:30 |
| Wednesday | 08:30 - 17:30 |
| Thursday | 08:30 - 17:30 |
| Friday | 08:30 - 17:30 |