Myo Mtk

Myo Mtk

Share

hobby electric

27/11/2025

Germini AI

Gemini free training (7 ရက်) လုပ်ပေးဖို့ရှိပါတယ်။ 💯

Chatgpt ထက်စာရင် Gemini က မြန်မာ‌တွေအတွက် daily သုံးဖို့အဆင်ပြေဆုံး All in one AI ဖြစ်လာပါပြီ။

Gemini ကိုတော်တော်များများက ပုံထုတ်ဖို့ပဲ သုံးနေကြပေမယ့် မြန်မာစာတော်တော်ကောင်းလာတာကြောင့် ဘာသာပြန်တာတွေ၊ ကိုယ်နားမလည်တာတွေကို မြန်မာလိုရှင်းပြ သင်ခိုင်းတာတွေလုပ်လို့ရတယ်။ Guided Learning mode က မြန်မာလို သင်ပေးတာတော်တော်ကောင်းတယ်။

Deep Research လဲပါတာမို့ ကျောင်း project၊ အလုပ်project တွေအတွက် research လုပ်ရတာလဲ အဆင်ပြေတယ်။ Canvas mode မှာPowerPoint slide တွေ လုပ်ခိုင်းလို့ရတယ်။ One Page website တွေလုပ်လဲ လုပ်လို့ရမယ်။

Gemini 3 Pro မှာဆိုရင် ပုံတွေမှာပါ မြန်မာစာမှန်လာတာမို့ Graphic Design တွေအတွက် အချိန်ကုန်ပိုသက်သာလာတယ်။

ဒီဟာတွေ အကုန်လုပ်တတ်အောင် ဒီ training မှာsharing လုပ်ပေးသွားပါမယ်။ Totally Free ပါ ✨

✅ Page ကို follow လုပ်၊ ဒီ post ကို like and share လုပ်ထားရုံနဲ့ joinလို့ရပါမယ်။

✅ Follow, like and share လုပ်ထားတဲ့screenshot ကို page cb မှလာပြတာနဲ့ training ပေးမယ့်Telegram Channel linkကို ပို့ပေးပါမယ်။

🗓️ဒီဇင်ဘာ ၁ ရက်နေ့စပါမယ်။

Photos from Myo Mtk's post 26/10/2025

Change over switch နဲ့ 11 pin inverter Relay

အခု ဒီ postလေးမှာ Relayလေးတွေအကြောင်း ထပ်ပြော ရင်းနဲ့ Changeover or change over switchတွေအကြောင်းဆွေးနွေးပါရစေ။ Change over ဆိုတာက main power နဲ့ Back up power ဒါမှမဟုတ် EPC မီးနဲ့ မီးစက်မီး။ဒါမှမဟုတ် EPCမီးနဲ့ inverter မီး တစ်ခုခုကပြတ်တောက်သွားရင်နောက်တစ်ခု ကို chage ပေး (ပြောင်းပေး)တာကို Manualလုပ်မလား။ Auto လုပ်မလား ဆိုပြီးဆင်ပေးရပါတယ်။နဲနဲလေး မြင့်လာတော့ ATS auto transfer switch ဆိုပြီးသုံးလာကြပါတယ်။ဒါကတော့ main power ကိုစောင့်ကြည့်ပြီး voltတွေကျသွားရင်ဖြုတ်ချပြီး back up power ကို နိုးပေး။ရပ်ပေးတာတွေ ပါ ပါတယ်။
ကျွန်တော်တို့ အိမ်တွေမှာတော့ 2 pole change over switchတွေ။ ဒါး မိန်းတွေကို change overအဖြစ်သုံးကြပါတယ်။
ဒါတွေက ကိုယ်က လက်နဲ့ သွားပြီး အတင်အချလုပ်ပေးရပါတယ်။ ဒါကို မလုပ်ချင်ပဲ Auto လုပ်ချင်ရင်တော့ Relayတွေ Timerတွေကို သုံးရပါမယ်။ ဒီ postလေးမှာတော့ ဒါ တွေဘယ်လို ဆင်တာလဲဆိုတာအကြမ်းဖျင်းတင်ပြသွားမှာပါ။

Fig.1 ပုံ(1) ကတော့

အခု ကျွန်တော်တို့က အလယ် ဘုံစကနေ L & N ထုတ်ပါတယ်။Loadဖြစ်တဲ့ အိမ်သုံးပစ္စည်းတွေကိုပေးပါတယ်။
Handle ကိုအပေါ်ဖက်ကို ဖိချလိုက်ရင် EPC power ရမှာပါ။
Handle ကိုအောက်ချလိုက်ရင် Generator power ရမှာပါ။

Fig.2ပုံ(2) ကတော့

ဒီပုံလေးကတော့ 2Pole change over switch ကို သုံးပြီး အိမ်မီးကို power Source ၂ခုနဲ့ ဆက်သွယ်ပြထားပါတယ်
ခလုတ်ကိုအပေါ်တင် လိုက်ရင် 3&2 6&7 ဆက်ပြီး Epc power ရမှာပါ။

ခလုတ်ကိုအောက်ချလိုက်ရင် 3& 4 8&7 ဆက်ပြီး generator power ရမှာပါ

Fig.3ပုံ(၃) ကတော့

11 pin relay ကို သုံးပြီး Epc power နဲ့ Generator ကို auto ပြောင်း ပေးပါတယ်။
ဒီ Video ကို အပြည့် အစုံ ကိုအောက်က you tube link မှာ သွားကြည့်ပါ။

https://youtube.com/playlist?list=PLRCMgf4gSuln7yUcSk1lxLwwyZVnjbvMs&si=zEaX9eFoMsd1JmUt

Photos from Myo Mtk's post 07/10/2025

5V relay driver ရဲ့ Ib, Ic, Rb base resistance ကြည့်ပုံ

အခု ကျွန်တော်တို့က ဒီ 5V relayလေးရဲ့ Driver Circuitလေးကို တွက်ပြမှာဖြစ်ပါတယ်။
ပထမဆုံး 5 V relay တစ်လုံး
C945 Transistor တစ်လုံး
Base current ကို ထိန်းချုပ်ဖို့ resistor တစ်လုံး
Relay ရဲ့ Emf ကို ထိန်းဖို့ 1N 4007 Diode တစ်လုံး
5V supply တို့ လိုပါတယ်။

C945 Transistorလေးရဲ့ Symbolလေးကိုအောက်ပါအတိုင်းကြည့်ပါ။ ပုံ(၁)
Circuitလေးကို ပုံပါအတိုင်းဆက်လိုက်ပါ။ပုံ(၂)
Relay coil ရဲ့ Resistanceကို မီတာ နဲ့ တိုင်းထားပါ။(ပုံ၃)
C945 Transistor ရဲ့ hfeနဲ့ Vbeကို specification မှာကြည့်ပါ။(ပုံ၄)

Coil ရဲ့ ခုခံမှုကိုကြည့်ပြီးအောက်ပါ ပုံသေနည်းနဲ့ RBကို တွက်ပါ

Vs= IbRb+ Vbe
hfe=IC/ IB
IC= Vcc/ Coil resistance= 5/ 72 ohm= 0.069A
IB= IC/hfe= 0.069/50
RB=Vs-Vbe/IB

ဟိုဖက် ဒီဖက်တွေရွေ့မယ်ဆိုရင်

RB= (5-0.6) * 50/0.069= 3188 Ohms

အနီးစပ်ဆုံး RBကို 3 K ယူလိုက်ပါတယ်။

အောက်က ပုံမှာ တွက်ပြထားပါတယ်။

BJT Astable multivibratorမှိတ်တုတ်မှိတ်တုတ် မီးလေး နဲ့ အဆက်မပြတ်Alarm sound လေးအလွယ်တကူ လုပ်နည်း 20/09/2025

Astable multivibrator circuit ကို သုံးပြီး မှိတ်တုတ်မှိတ်တုတ် မီးလေး နဲ့ အဆက်မပြတ်Alarm sound လေးအလွယ်တကူ လုပ်နည်း

Astable Multivibrator ဆိုတာဘာလဲ?

Astable multivibrator ဆိုတာက ကျွန်တော်တို့ရဲ့ လိုအပ်ချက်အရ အချိန်ကို သတ်မှတ်ပြီး ထုတ်လွှတ်နိုင်တဲ့ oscillator circuit တစ်မျိုးဖြစ်ပါတယ်။ သူ့ကို free-running multivibrator လို့လည်း ခေါ်ပါတယ်။

ဒီ circuit က stable state မရှိပါဘူး။ ဒါကြောင့် သူ့ဘာသာသူ ON/OFF ဖြစ်နေပြီး စတုရန်းလှိုင်း (square wave) output ကို ထုတ်ပေးနေတာဖြစ်ပါတယ်

BJT transistor type Astable multivibrator ကို နားလည်သလို ဆက်ပြောရရင်တော့
Astable ဆိုတာက stable state မဖြစ်တာကိုပြောတာပါ။😀😀😀။circuitရဲ့ outputက on ဖြစ်လိုက် ၊off ဖြစ်လိုက်။0ဖြစ်လိုက်1ဖြစ်လိုက်နဲ.ပေါ့။ဒီ circuit မှာတော့ multivibrator က square wave formလေးထွက်လာတာပေါ့။ဒီ output waveform ရဲ့ ကြာချိန် ကိုတော့ passive device တွေဖြစ်တဲ့ resistor ၊capacitor တွေသုံးပြီး controlလုပ်နိုင်ပါတယ်။

မီးလုံး တွေကို ဖွင့်လိုက်။ပိတ်လိုက် နဲ့ အိမ်မှာ အပျော်တမ်းDisco light လေး လုပ်လို့ရပါတယ်။
လမ်းမှာ ကားပျက်နေရင် အရေးပေါ် signal မီး လုပ်လို့ရပါတယ်။

သင်္ဘောကြီးတွေမှာတော့ အန္တရာယ်ရှိတဲ့ ကုန်ပစ္စည်းတွေ တင်တဲ့ အခါ ဒီလို မှိတ်လိုက်ဖွင့်လိုက် အနီရောင် မီးလေးကို ထွန်းထားပေးရပါတယ်

Alarm system တွေမှာ alarm လာရင် အသံလဲမြည်။ မှိတ်တုတ်မှိတ်တုတ်မီးလေးလဲ လင်း ရတယ်ဆိုတာ တွေ့ဖူးကြမှာပါ။ ဒါလေးကို ဒီ circuitလေးကို အခြေခံပြီးလုပ်တာပါ။

oscillation circuit တွေရဲ့ အခြေခံပါ။ မိတ်ဆွေတို့ vfd တွေ။ inverter circuit တွေ။ led driver တွေ။ smps လို့ ခေါ်တဲ့ switching mode power supply တွေလေ့လာကြရင် oscillator ,oscillator လို့ အမြဲကြားနေရတဲ့ circuit လေးတွေရဲ့ အခြေခံပါ။

ပုံမှာပြတဲ့အတိုင်း square waveလှိုင်းတွေထုတ်တော့ Clock pulse လိုတဲ့ Digital logic circuit (cpu ,counter) တွေအတွက်Timing signal တွေ ပေး လို့ရပါတယ်။
Frequency Generator လိုမျိုး လိုချင်တဲ့ကြိမ်နှုန်းရှိတဲ့ square wave ကိုထုပ်ပေးနိုင်ပါတယ်။

BJT Astable multivibratorမှိတ်တုတ်မှိတ်တုတ် မီးလေး နဲ့ အဆက်မပြတ်Alarm sound လေးအလွယ်တကူ လုပ်နည်း Astable Multivibrator ဆိုတာဘာလဲ?Astable multivibrator ဆိုတာက ကျွန်တော်တို့ရဲ့ လိုအပ်ချက်အရ အချိန်ကို သတ်မှတ်ပြီး ထုတ်လွှတ်နိုင်တဲ့ oscillato...

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon