Real Youth Initiate
Real Youth Initiate is committed to providing fundamental education accessible to youth in Myanmar.
21/04/2025
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဧပြီ ၂၁ ရက်၊ တနင်္လာနေ့နံနက် ၇ နာရီ ၃၅ မိနစ်တွင် ဗာတီကန်၏ ကာဆာ ဆန်တာ မာတာရှိ ၎င်းနေအိမ်၌ ကွယ်လွန်သွားကြောင်း သိရသည်။ ကွယ်လွန်ချိန်တွင် သက်တော် ၈၈ နှစ် ရှိပြီ ဖြစ်သည်။
ရိုမန်ကက်သလစ်ချာ့ချ်၏ ပထမဆုံး လက်တင်အမေရိကခေါင်းဆောင် ပိုပ်ဖရန်စစ်သည် ဧပြီ ၂၁ ရက်တွင် ဗာတီကန်မှ ဗီဒီယိုထုတ်ပြန်ချက်အရ ကွယ်လွန်သွားပြီဖြစ်ပါသည်။ ၎င်းသည် ဗာတီကန်အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းစဉ်အတွင်း အငြင်းပွားမှုများနှင့် တင်းမာမှုများဖြင့် ကိုလည်းမကြာခဏဆိုသလို ရင်ဆိုင်ခဲ့ရသူဖြစ်ပါသည်။
သူသည် အသက် ၈၈ နှစ်ရှိပြီး မကြာသေးမီက အဆုတ်ရောင်ရောဂါ နှစ်မျိုးကို ပြင်းထန်စွာ ခံစားခဲ့ရသည်။
“ချစ်လှစွာသော ညီအစ်ကို မောင်နှမများ၊ ကျွန်ုပ်တို့၏ သန့်ရှင်းသောဖခင် ဖရန်စစ် ကွယ်လွန်သွားကြောင်း ဝမ်းနည်းစွာ ကြေညာရပါသည်” ဟု ကာဒီနယ် ကယ်ဗင်ဖာရယ်လ်က ဗာတီကန် ရုပ်သံလိုင်းတွင် ကြေညာခဲ့သည်။
“ယနေ့ နံနက် ၇ နာရီ ၃၅ မိနစ်တွင် ရုမ်းမြို့၏ ဘုန်းတော်ကြီး ဖရန်စစ်သည် ဖခင်၏အိမ်သို့ ပြန်လည်ရောက်ရှိသွားပါပြီ။”
ဆင်းရဲနွမ်းပါးသူများနှင့် ထိခိုက်လွယ်သော လူအဖွဲ့အစည်းအပေါ် မေတ္တာထား၍ မြန်မာနိုင်ငံအရေးနှင့်ပတ်သတ်၍ မကြာခဏ ဆုတောင်းမေတ္တာပို့သပေးခြင်းနှင့် မကြာသေးမီက ထုတ်ပြန်ခဲ့သော အဖမ်းဆီးခံနိုင့်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ခိုလှုံခွင့်ပေးရန်ကမ်းလှမ်းမှုများကြောင့် မြန်မာနိုင်ငံတွင်ပင် လူသိများ၍ လေးစားမှုခံရသော ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါသည်။
PHOTO BY Vatican News
PHOTO BY YE AUNG
17/04/2025
“အခုအချိန်မှာ အလိုအပ်ဆုံးက အမြန်ဆုံးပြန်လည်ပြုပြင်မွန်းမံပြီး နေထိုင်နိုင်ဖို့ဆိုတာ သိပါတယ်။ ဒါပေမယ့်ဗျာ စျေးမပေါတဲ့ အသက်တွေအတွက် အမှားတွေထပ်မလုပ်မိသေးခင် အချိန်မှီလေး ဒီအစီအစဉ်ကို လာခဲ့ပေးပါဗျာ”
ငလျင်ကြောင့်ထိခိုက်ခဲ့ရသော အိမ်ရှင်များအတွက် ပြုပြင်မွန်းမံခြင်းဆိုင်ရာ အကောင်းအဆိုး အကြောင်းအကျိုးများ အွန်လိုင်းဆွေးနွေးပွဲ (Retrofitting for Homeowners)
ကုန်ကျစရိတ်သက်သာပြီး ထိရောက်တဲ့ ပြုပြင်မွန်းမံခြင်းဖြစ်ဖို့ ဘာတွေပြင်ဆင်ဆောင်ရွက်ရမလဲ ❓
မြေပြင်မှာ အခမဲ့လာစစ်ပေးနေတဲ့ အဖွဲ့တွေနဲ့ ရလာတဲ့ စစ်ဆေးချက်တွေက ဘာအတွက်လဲ ❓
စစ်ဆေးချက်တွေ ရလာပြီးရင် ဘာတွေဆက်လုပ်လို့ ရမလဲ။ ဘာတွေအထောက်အပံ့ရနိုင်မလဲ ❓
စစ်ဆေးပေးတဲ့အဖွဲ့တွေ မလာနိုင်တဲ့ နေရာတွေက (အခုထိမလာသေးတဲ့) အိမ်ရှင်တွေအနေနဲ့ ဘာတွေ ဆောင်ရွက်သင့်သလဲ ❓
ပြုပြင်မွန်းမံပြီးတဲ့အခါ ကြုံတွေ့နိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေက ဘာတွေလဲ။ ဘယ်လိုကြိုတင်ကာကွယ်နိုင်မလဲ ❓
ပြုပြင်မွန်းမံရန်လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများမှ ရရှိနိုင်ရန် မည်ကဲ့သို့ ပြင်ဆင်ဆောင်ရွက်ကြရမလဲ ❓
ပြုပြင်မွန်းမံထားတဲ့ အိမ်တွေကို ပြန်လည်ရောင်းချတဲ့ အခါမှာ ဘယ်လိုအာမခံချက်တွေပေးပြီး စျေးကောင်းရအောင် ဘယ်လိုတွေ ပြင်ဆင်ဆောင်ရွက်ကြသလဲ ❓
အစရှိတဲ့ အချက်တွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။
ဆွေးနွေးမည့်သူ၏ ကိုယ်ရေးအကျဉ်း (𝐒𝐩𝐞𝐚𝐤𝐞𝐫 𝐏𝐫𝐨f𝐢𝐥𝐞)
ဆွေးနွေးမည့်ဆရာကတော့ ယူကေနိုင်ငံတွင် Retrofit Assessor အဖြစ် ဆောင်ရွက်လျက်ရှိသော ဆရာဦးကျော်မြတ်ဟိန်း ဖြစ်ပါတယ်။ ဆရာသည် မြို့ပြအင်ဂျင်နီယာတစ်ဦးအဖြစ် အဆောက်အဦများဆောက်လုပ်ခြင်းနှင့် ပြုပြင်မွန်းမံခြင်းအတွေ့အကြုံ ဆယ့်လေးနှစ်ခန့်ရှိသူဖြစ်ပြီး လက်ရှိအချိန်တွင် Retrofit Assessor ၊ Domestic Energy Assessor အဖြစ်သာမက Algebra International Group ၏ Principle Consultant အဖြစ်ပါ ဆောင်ရွက်နေသူတစ်ဦး ဖြစ်ပါသည်။
တက်ရောက်သင့်သူများ
ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရပြီး ပြင်ဆင်မွမ်းမံရန် လိုအပ်နေသော အာစီအိမ် (RC)၊ အုတ်ညှပ်အိမ်၊ အုတ်အိမ် အမျိုးအစား အိမ်ရှင်များအတွက်သင့်တော်ပါသည်။ (မြန်မာဘာသာဖြင့် ရိုးရှင်းလွယ်ကူစွာနားလည်စေရန် ဆွေးနွေးပေးမှာဖြစ်ပါတယ်။)
လူဦးရေကန့်သတ်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
အခမဲ့အစီအစဉ်
ယခုဆွေးနွေးပွဲ အစီအစဉ်သည် မြေပြင်ကွင်းဆင်း အင်ဂျင်နီယာများသွားရောက်ရန်ခက်ခဲ့သော ဒေသများရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသည့် ငွေကြေး အခက်အခဲရှိသော အိမ်ရှင်များအတွက် အခမဲ့ ဖြစ်ပါသည်။ အောက်ဖော်ပြပါလင့်မှ အခမဲ့ စာရင်းပေးသွင်းပါ။ https://forms.gle/yYSZsySkpQKbCzKx9
အလှူငွေဖြင့်တက်ရောက်ရန် (Donation Pathway)
Real Youth Initiate သည် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်ပြီး အခုကဲ့သို့သော အစီစဉ်များကို ဆက်လက်ဆောင်ရွက်နိုင်ရန် မိဘပြည်သူများ၏ ပံ့ပိုးကူညီမှုလိုအပ်ပါသည်။ ပံ့ပိုးကူညီမှုအတွက် အနည်းဆုံးပမာဏ သတ်မှတ်ထားခြင်းမရှိပါ။ Donation Pathway ဖြင့်ပါဝင်လိုပါက အောက်ဖော်ပြပါ လင့်မှ စာရင်းပေးသွင်းပါ။
https://forms.gle/fHbgK3sKdnfzyt6C9
အင်ဂျင်နီယာများ၊ ကျွမ်းကျင်နည်းပညာရှင်များနှင့် ဆောက်လုပ်ရေးကန်ထရိုက်တာများ ကြိုတင်စာရင်းပေးသွင်းလိုပါက အောက်ဖော်ပြပါ လင့်မှ စာရင်းပေးသွင်းပါ။
https://forms.gle/C34TNgm6WhRBfpbK6
လိုအပ်နေသူများထံ သတင်းစကားရောက်ရှိနိုင်ဖို့ ပြန်လည်မျှဝေပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
နှစ်သစ်မှာ ဆွေတော်မျိုးတော်များအားလုံး ကျန်းမာ ဘေးကင်းလုံခြုံစွာ ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။
06/09/2024
ကော်ဖီစိုက်ပျိုးရေးကဏ္ဍပိုမိုတိုးတက်ဖို့ မျှဝေပေးသွားမယ့်
𝗚𝗿𝗼𝘄 𝗙𝘂𝘁𝘂𝗿𝗲 🌱( Real Youth Initiate )
ကော်ဖီလုပ်ငန်းရှင်များနှင့် ကော်ဖီချစ်သူတို့အတွက် Coffee Fair ကြီးတခုဖြစ်တဲ့" 2024's Coffee Stories " မှာ Knowledge Sharing Session တစ်ခုပါဝင်မျှဝေပေးသွားမယ့် 𝗚𝗿𝗼𝘄 𝗙𝘂𝘁𝘂𝗿𝗲
STP Event Management Team ကကျင်းပတဲ့ 2024's Coffee Stories ပွဲမှာ 𝗚𝗿𝗼𝘄 𝗙𝘂𝘁𝘂𝗿𝗲 ကပါဝင်ထားပါတယ်။
မြေဆီကောင်းမှ အပင်သန်မယ်ဆိုသလိုပါပဲ မြန်မာနိုင်ငံရဲ့ကော်ဖီလုပ်ငန်းပိုမိုတိုးတက်လာဖို့ဆိုရင် စိုက်ပျိုးရေးကဏ္ဍကလဲအဓိကပါဝင်နေတာကြောင့် Importance of Capacity Development in the Agriculture Sector ဆိုတဲ့ ဗဟုသုတလေးကို မျှဝေသွားမှာပါ။
𝗚𝗿𝗼𝘄 𝗙𝘂𝘁𝘂𝗿𝗲 ဆိုတာ U.S. Department of Agriculture (USDA) ရဲ့ အော်ဂဲနစ်စိုက်ပျိုးရေးနည်းစနစ်တွေကို အသုံးချပြီး သဘာဝပတ်ဝန်းကျင်နဲ့ မြေဆီလွှာအရည်အသွေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်း အလေ့အထတွေ ပြန့်ပွါးလာစေဖို့နဲ့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ရေရှည်လက်တွေ့ကျင့်သုံးနိုင်စေဖို့ ရည်ရွယ်တဲ့ စီမံကိန်းတခု ဖြစ်ပါတယ်။
2024's Coffee Stories Event Mission အရ မြန်မာနိုင်ငံရဲ့ကော်ဖီထုတ်လုပ်မှုနဲ့ ကွာလတီမြင့်တင်ဖို့ အကောင်အထည်ဖော်တဲ့နေရာမှာ Local Coffee လုပ်ငန်းရှင်အချင်းချင်း networking & interacting တိုးလာစေဖို့ရည်ရွယ်တာမလို့ -
𝗚𝗿𝗼𝘄 𝗙𝘂𝘁𝘂𝗿𝗲 နဲ့အတူ ဒီပွဲဖြစ်မြာက်ရေးအတွက် အကောင်းဆုံးကြိုးစားပေးနိုင်မယ်လို့ယုံကြည်ပါတယ်။
“Let’s support each other and grow together."🍀😊
We're proud to welcome 𝗚𝗿𝗼𝘄 𝗙𝘂𝘁𝘂𝗿𝗲.
ကော်ဖီချစ်မြတ်နိုးသူတွေကိုလဲ 2024's Coffee Stories Event မှာမိုးအေးအေးလေးနဲ့ ကော်ဖီလာသောက်ကြဖို့ ဖိတ်ခေါ်ပါတယ်နော်။
Date : 7th, 8th Sep 2024
Time : 9AM - 6PM
Location : Times City, Jewellery Mall, Level-1,
indoor promotion area
တစ်ခြားသောပူးပေါင်းပါဝင်ချင်သူလုပ်ငန်းရှင်များအနေနဲ့စုံစမ်းချင်တယ်ဆိုရင်တော့ -
Page’s messenger (or)
📲Call 09967732864, 09955080011, 09773029890
Click here to claim your Sponsored Listing.
Contact the school
Telephone
Address
Yangon
Opening Hours
| Monday | 09:30 - 16:30 |
| Tuesday | 09:30 - 16:30 |
| Wednesday | 09:30 - 16:30 |
| Thursday | 09:30 - 16:30 |
| Friday | 09:30 - 16:30 |