LAM - Self Learning Centre
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LAM - Self Learning Centre, Education & Learning, Yangon.
04/10/2024
"LAM" ရဲ့ ပထမဦးဆုံး "Childhood" နဲ့ပတ်သက်ပီး ဆွေးနွေးခဲ့တဲ့ တွေ့ဆုံပွဲလေးကတော့ လူနည်းပေမဲ့လည်း ပျော်ပျော်ရွှင်ရွှင် နဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ် နောက်အပတ် သောကြာနေ့ည ၈နာရီတိုင်းမှာလည်း နောက်ထပ် အသစ်သစ် ခေါင်းစဉ်လေးတွေနဲ့ အတူ မိမိအတွေ့ကြုံတွေမျှဝေရင်း မိမိရဲ့ English Speaking skill က်ု မြှင့်ချင်တယ်ဆိုရင်တော့ တူတူ Join ဖို့ ဖိတ်ခေါ်ပါတယ်နော် 😀
14/09/2024
ဒီ page လေးကို ဖွင့်တာကြာပီဆိုပေမဲ့ ခုမှပဲ စပီး အသက်သွင်းဖြစ်ပါမယ် 😊
ဒီpage လေးရဲ့ နာမည်က "LAM" မြန်မာလို "လမ်း" ဖြစ်ပီး အဓိက ရည်ရွယ်ချက်ကတော့ ခုကာလ မြန်မာပြည်အနေထားအရ လမ်းပျောက်သလိုခံစားနေရတဲ့ လမ်းပျောက်နေတဲ့ လူငယ် , လူရွယ် တွေကို အဓိကထားပီး ကိုယ့်ကိုယ်ကိုယ်လည်း အားပေးရင်း အချင်းချင်းလည်း အားပေးနိုင်ဖို့ရာအတွက် "အသိပညာ" ဆိုတဲ့ ပညာရေးအုတ်မြစ်ကို အခြေခံပီး သင်ကြားသင်ယူခြင်းအရ ရော မိမိတ်ု့ ခံစားချက် ခံယူချက်တွေကို ဆွေးနွေးခြင်း ဆ်ုင်ရာ workshop တွေကို ပြုလုပ်သွားရင်း နဲ့ မိမိကိုယ်ကိုယ် ရှာဖွေနိုင်မယ့် နေရာလေးဖြစ်ဖို့ ရည်ရွယ်ပါတယ်
လောလောဆယ်တော့ ကျွန်မတို့ "LAM" က နောက်အပတ်ကစပီး Free Workshop လေးတွေ လုပ်သွားပေးပါမယ် ရှင့်
Free workshop ဆိုပေမဲ့ တတ်နိုင်သလောက် kpay အားဖြင့်ပါဝင်ရင်းနဲ့ (မပါမနေရမဟုတ်ပါ) လက်ရှိ ဖြစ်ပျက်နေတဲ့ မြန်မာပြည်ရေဘေးကိုလည်း တစ်တပ်တစ်အား ပါဝင်ရာရောက်သလို အချင်းချင်းလည်း ခံစားချက် အသိပညာ ဘဝအတွေ့ကြုံတွေ က်ု ဖလှယ်နိုင်တဲ့ နေရာကောင်းတစ်ခုအဖြစ် ဖန်တီးချင်ပါတယ်
Workshop မှာ အသုံးပြုမယ့် ဘာသာစကားကတော့ English ဘာသာစကားပဲဖြစ်ပါတယ်
English လို အသုံးပြုရတဲ့ ရည်ရွယ်ချက်ကလည်း အဓိက Speaking skill ကို အချင်းချင်း သင်ယူရင်း မျှဝေရင်း နဲ့ improve ဖြစ်ဖို့ရည်ရွယ်လို့ပါရှင် Grammar မှန်စရာမလိုပါ Broken English ကနေ စပြောကြမယ်ရှင့် 💃
ဆွေးနွေးမယ့်အကြောင်းအရာ နဲ့ Zoom Link က်ုတော့ နောက်အပတ် ပြန်ကြေငြာပေးသွားမှာဖြစ်လို့ ကျွန်မတို့ Page ကိုလေးကို Like & Follow လုပ်ပေးသွားပါဦးရှင် 🙏😊
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon