Emi Japanese Language School
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Emi Japanese Language School, School, No(A-33), Thazin( 1 )street, FMI City, Hlaing Tharyar, Yangon.
မင်္ဂလာပါရှင် 🎗
Emi Japanese Language Academy မှစတင် ကြိုဆိုလိုက်ပါတယ်။ 🤝
ပထမဦးစွာအနေနဲ့ သင့်မှာ "ဂျပန်အိမ်မက်"ရှိနေပါက ဒီပိုစ့်လေးကို ခတ္တခဏ အချိန်ပေးလို့ အဆုံးထိ ဖတ်ရှုပေးစေလိုပါတယ်။ 🤗
ဂျပန်နိုင်ငံမှာ သွားရောက်လို့ အလုပ်လုပ်ကိုင်လိုသူတွေ ၊ ကျောင်းသွားတက်ချင်သူတွေအပြင် မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်ကုမ္ပဏီတွေမှာ အလုပ်လုပ်ချင်သူတွေ ၊ online သင်တန်းတွေမှာ တက်ရတာအဆင်မပြေသူတွေနဲ့ တကယ် ဂျပန်စာ၊စကားကို လိုက်လုပ်လိုသူတွေအတွက် ကျွန်မတို့ရဲ့ Emi Japanese Language Academy ဂျပန်စာသင်တန်းကျောင်းကို မကြာမီကာလအတွင်း စတင်လို့ ဖွင့်လှစ်ပေးတော့မှာပဲ ဖြစ်ပါတယ်။
🏔🌨
ပထမအနေနဲ့ ဘာသာစကား သင်တန်းကျောင်းတစ်ခုအတွက် အရေးအကြီးဆုံးဖြစ်တဲ့ သင်ကြားရေးပိုင်းကို လေ့လာချင်ပါသလား။ Emi မှ ဆရာ၊ ဆရာမများက Certificate အသိအမှတ်ပြု လက်မှတ်များ ရရှိထားရုံသာမက လေ့လာခဲ့ သင်ကြားခဲ့တဲ့အတွေ့အကြုံနဲ့ စာတွေ့ လက်တွေ့မှန်သမျှကို မချွင်းမချန် အကုန်သင်ကြားပေးမှာဆိုတော့ ဂျပန်စာ မတတ်မှာတော့ စိတ်ပူစရာ လုံးဝကို မလိုပါဘူးနော်။
🏔🌨
နောက်တစ်ခုဖြစ်တဲ့ သင်တန်းအချိန်များကို ဘယ်လိုစီစဥ်ပေးနိုင်မှာလဲ ?
ကျောင်းသားများရဲ့လိုအပ်ချက်၊ တောင်းဆိုမှုများအပေါ် ဦးစားပေးလို့ ရုံးတက်နေသူများအတွက် အဆင်ပြေစေရန် ရုံးပိတ်ရက်အတန်းခွဲများ၊ အတန်းအချိန်ညှိနှိုင်းမှုများကိုလည်း ဆွေးနွေး လုပ်ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ယခုသြဂုတ်လအတွင်းမှာလည်း sat,sun N5 တန်းခွဲလေးကို စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး တစ်တန်းချင်းစီမှာ လူဦးရေ ကန့်သတ်ထားတဲ့အတွက် လူအရမ်းများလို့ အာရုံမစိုက်နိုင်တာမျိုးလည်း စိတ်မပူရပါဘူးနော်။
ဒါကြောင့် ကျောင်းသားတို့ရဲ့ လိုအပ်ချက်အတိုင်း Emi pageရဲ့ messenger မှာ လာရောက်ဆွေးနွေးတိုင်ပင်လို့ရပါတယ်ရှင်။
🏔🌨
ဒါ့အပြင် Emi မှကျောင်းသားတွေအတွက် ဘယ်လိုဝန်ဆောင်မှုတွေ ပေးသွားဦးမှာလဲ?
ဂျပန်စာနှင့် ပတ်သက်သော စာမေးပွဲများ ဖြေဆိုရန်အတွက် ဖောင်တင်တာကအစ တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပြီး အလုပ်အကိုင်များကိုလည်း ကူညီရွေးချယ်ပေးသွားမှာပါနော်။ ကျောင်းတက်ရန် သွားရောက်လိုသူများ၊ ဘိုးဘွားစောင့်ရှောက်ရေး ဖြင့် သွားရောက်လိုသူများ ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာ ၊ Tokutekiginou/ Training visa များဖြင့် သွားရောက်နိုင်ရန်အတွက်လည်း စိတ်ချယုံကြည်ရသော အေဂျင်စီနှင့် ချိတ်ဆက်ပေးပြီး တာဝန်ယူဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီအတွက် ကျောင်းသားတို့အနေနဲ့ စာ၊ စကားကို တကယ်လိုက်လုပ်ဖို့ပဲလိုပါတော့တယ်နော်။
🏔🌨
သင်တန်းကြေးကရော ဘယ်လိုမျိုးပေးသွင်းရမှာလဲ။?
ခက်ခဲကြပ်တည်းစွာ ရုန်းကန်နေကြရတဲ့ လက်ရှိကာလအနေအထားမှာ ဂျပန်အိမ်မက်ရှိနေတဲ့ လူငယ်တွေအနေနဲ့ ကြိုးစားချင်စိတ်ရဲ့ နောက်ကွယ်က ငွေကြေးမလိုက်နိုင်တဲ့ ပြသနာဟာ ကြီးမားလို့နေပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ Emi Janpense Language Academy မှ N5 class သီးသန့်တန်းခွဲများမှစတင်၍ ကျောင်းသားများအနေဖြင့်သင်တန်းကြေးများကို အဆင်ပြေစွာပေးဆောင်နိုင်ရန်လည်း စီစဥ်ဆောင်ရွက်ပေးသွားပါမယ်ရှင့်။
🏔🌨
သင်တန်းရဲ့ တည်နေရာကရော။?
သင်တန်းနေရာလေးကတော့
No (A33),Thazin 1 Street ,
FMI city
Hlaing Tharyar Township ,Yangon.
09960770214
လှိုင်သာယာမှ သင်တန်းတက်ရောက်လိုသူများ အနေနဲ့လည်း မြို့ထဲအထိ သွားစရာမလိုဘဲ အဆင်ပြေတဲ့ အခွင့်အရေးလေးပါနော်။
အသေးစိတ် ဆက်လက်လို့ တန်းခွဲများ၊ အတန်းချိန်များ၊ စျေးနှုံးများနဲ့ စတင်ဖွင့်လှစ်မယ့် ရက်စွဲများကို Emi Japanese Language Academy page မှ ထပ်မံ အသိပေးကြေငြာသွားမည် ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများ အနေနဲ့ ph (သို့) page messengerမှတဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။
Your efforts are our best reward🎉
Japanese Language Academy 💙
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
No(A-33), Thazin( 1 )street, FMI City, Hlaing Tharyar
Yangon