LES - Engineering Training Center

LES - Engineering Training Center

Share

🔶Engineering Software Classes 🔶

11/06/2026

🚨 မြေငလျင်လှုပ်နေချိန်မှာ တံတားအောက်ကို ပြေးဝင်ခိုလှုံခြင်းဟာ အလွန်အန္တရာယ်များနိုင်ပါသည်။

အကြောင်းရင်းက Infrastructure တံတားရဲ့ ကွန်ကရစ်အပိုင်းတွေ၊ သံတန်းတွေ ပြုတ်ကျလာနိုင်ပြိီး မြေငလျင်အင်အားပြင်းထန်ပါက သံကူကွန်ကရစ်တံတားရဲ့ အစိတ်အပိုင်းကြီးများ ကြေမွကျိုးပဲ့ပြီး အောက်ကိုပြုတ်ကျနိုင်သည်။ ပြီးနောက် မြေငလျင်လှုပ်ရှားမှုကြောင့် ယာဉ်များဟာအရှိန်ထိန်းမနိုင်ဘဲ တံတားပေါ်ကနေ အောက်ပြုတ်ကျလာနိုင်တာလည်း ထည့်တွက်ထားရပါမည်။ မြေငလျင်ကြောင့် ကားတွေဟာ ထိန်းချုပ်ရခက်ခဲတက်ပြီး မတော်တဆမှုဖြစ်နိုင်တာကို အမြဲသတိရပါ။ Aftershock (နောက်ဆက်တွဲငလျင်) တွေ ဆက်ဖြစ်လာနိုင်လို့ ပထမ မြေငလျင်လှုပ်ခတ်ပြီးသွားသည့်တိုင် နောက်ထပ်ဖြစ်လာမည့် လှုပ်ခတ်မှုတွေကြောင့် တံတားပျက်စီးမှုကပိုဆိုးလာနိုင်သည်။

အဓိကလုပ်ဆောင်ရမည့်အရာ:-

#အပြင်မှာရှိနေချိန် _ အဆောက်အဦ၊ တံတား၊ လျှပ်စစ်မီးတိုင်၊ သစ်ပင်ကြီးတွေအနီနားကနေဝေးရာ ပွင့်လင်းကွင်းပြင်နေရာမျိုးကို ရွှေ့ပြီးနေပါ။ မြေပြင်ပေါ်မှာထိုင်ချပြီး ဦးခေါင်းကို ကာကွယ်ထားပါ။

#ကားမောင်းနေချိန်_ တံတား၊ မိုးပျံတံတား၊ Flyover၊ ဥမင်လိုဏ်ခေါင်း၊ လျှပ်စစ်ဓာတ်အားလိုင်းအောက်တွေကနေ ဝေးရာနေရာမှာ ကားကိုရပ်ထားပါ။ ကားအတွင်းမှာပဲ နေပြီး မြေငလျင်လှုပ်ခတ်မှုရပ်ဆိုင်းသွားသည်အထိ စောင့်ဆိုင်းပါ။

#အိမ်ထဲမှာရှိနေချိန် _ ပထမဆုံး "Drop, Cover, Hold On" ကို လိုက်နာပါ။ ခိုင်မာခိုင်ခံ့တဲ့ စားပွဲခုံအောက်ဝင်ပြီး ခေါင်းနဲ့ လည်ပင်းကို အထူးကာကွယ်ထားပါ။ လှုပ်ခတ်မှုခေတ္တငြိမ်သက်ချိန် အပြင်သိုတည်ငြိမ်လျင်မြန်စွာထွက်ခွာလိုက်ပါ။

🚨 အထူးအရေးကြီးသည့်အချက်က မိမိတည်ရှိရာ နေရာပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီး အသက်ဘေးကင်းနိုင်ရန် လိုအပ်သလိုဉာဏ်ပညာနှင့် ချက်ချင်းတုန့်ပြန်ဆောင်ရွက်ရပါမည်။

🚨 အကျဉ်းချုပ်ဆိုရပါက မြေငလျင်လှုပ်နေချိန် ကြီးမားတဲ့တံတားအောက်မှာ ခိုလှုံခြင်းထက် တံတားနဲ့ ဝေးရာ ပွင့်လင်းရာနေရာကားလမ်းမ၊ ကွင်းပြင်‌အရပ်ကိုအမြန်ဆုံးရွှေ့နေတာက သင့်အတွက်လုံခြုံမှုရှိစေပါသည်။

#ရန်ကုန်ငလျင်

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Kan Yeik Thar Street
Yangon
11222