Next Level Training Center

Next Level Training Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Next Level Training Center, Computer training school, Sagawar Pin Street, Yangon.

08/06/2026

Computer ဝယ်မယ်ဆို အဓိက သိသင့်တဲ့ အချက်များ

1. ဘာအတွက် သုံးမလဲဆိုတာ အရင်ဆုံး သတ်မှတ်ပါ

* Office / Online Class
* Graphic Design
* Video Editing
* Programming
* Gaming

အသုံးပြုမယ့် ရည်ရွယ်ချက်ပေါ်မူတည်ပြီး Specification ကို ရွေးသင့်ပါတယ်။

2. CPU (Processor)

Computer ရဲ့ ဦးနှောက်ဖြစ်ပါတယ်။

* Intel Core i3 / i5 / i7
* AMD Ryzen 3 / 5 / 7

✅ Office သုံးမယ်ဆို i3 / Ryzen 3 လုံလောက်ပါတယ်။
✅ Design, Editing, Programming အတွက် i5 / Ryzen 5 အနည်းဆုံး ရွေးသင့်ပါတယ်။

3. RAM

Computer အလုပ်လုပ်နှုန်းကို သက်ရောက်စေပါတယ်။

* 8GB – Office, Online Class
* 16GB – Design, Programming, Gaming
* 32GB+ – Professional Work

✅ ယနေ့ခေတ်မှာ 16GB RAM ကို အကြံပြုပါတယ်။

4. Storage

* SSD = မြန်နှုန်းမြင့်
* HDD = Storage များ

✅ SSD ပါတဲ့ Computer ကို ရွေးပါ။
✅ 512GB SSD က အဆင်ပြေဆုံး ဖြစ်ပါတယ်။

5. Graphics Card (GPU)

Gaming၊ Design၊ Video Editing အတွက် အရေးကြီးပါတယ်။

* NVIDIA GeForce RTX Series
* AMD Radeon Series

Office သုံးရုံဆို Integrated Graphics နဲ့ လုံလောက်ပါတယ်။

6. Display (Screen)

* Full HD (1920×1080) အနည်းဆုံး
* IPS Panel ဖြစ်ရင် အရောင်ပိုကောင်း
* 15.6” Laptop / 24” Monitor က လူသုံးများ

7. Battery (Laptop)

* Battery Health စစ်ပါ
* Battery Backup 5-8 Hours ရှိရင် ပိုကောင်း

8. Warranty

* Official Warranty ပါမပါ စစ်ပါ
* Service Center ရှိတဲ့ Brand ရွေးပါ

06/06/2026

Online Shop တွေအတွက် ရောင်းအားတက်စေမယ့် Viber Channel ဘယ်လိုဖွင့်မလဲ
အခုခေတ်မှာ page တစ်ခုတည်းကိုပဲ အားကိုးနေလို့ မရတော့ပါဘူး။ ဖောက်သည်တွေဆီကို ကိုယ့်ရဲ့ Product အသစ်တွေ၊ Promotion တွေ တိုက်ရိုက်ရောက်ဖို့ဆိုရင် Viber Channel က မရှိမဖြစ် လိုအပ်လာပါပြီ။ ဒါကြောင့် Online Shop လုပ်နေသူတွေအတွက် Viber Channel ကို အလွယ်တကူ ဘယ်လိုဖွင့်ရမလဲဆိုတာ ဝေမျှပေးလိုက်ပါတယ်။
အဆင့် (၁) ဖုန်းထဲမှာ Viber App ကို ဖွင့်ပြီး Chat list မျက်နှာပြင်ကို သွားပါ။
အဆင့် (၂) ညာဘက်အောက်ထောင့်နားက Message အသစ်ပို့တဲ့ ဘောပင်ပုံစံ Icon လေးကို နှိပ်ပါ။
အဆင့် (၃) အပေါ်ဆုံးမှာပေါ်လာမယ့် New Channel ဆိုတာကို ရွေးချယ်ပေးပါ။
အဆင့် (၄) Channel Name နေရာမှာ ကိုယ့်ရဲ့ Online Shop နာမည်ကို မှန်ကန်အောင် ရေးပါ။
အဆင့် (၅) ကင်မရာပုံစံ Icon ကိုနှိပ်ပြီး ကိုယ့်ဆိုင်ရဲ့ Logo ဒါမှမဟုတ် အလှဆုံး Product ပုံကို Profile အဖြစ် ထည့်ပါ။
အဆင့် (၆) Description နေရာမှာ ကိုယ့်ဆိုင်က ဘာတွေအဓိကရောင်းလဲ၊ ဖုန်းနံပါတ် ဘယ်လောက်ကို ဆက်သွယ်ရမလဲ ဆိုတာကို အတိုချုပ် ရေးသားပေးပါ။
အဆင့် (၇) အားလုံးပြည့်စုံပြီဆိုရင် ညာဘက်အပေါ်ထောင့်က အမှန်ခြစ် (Create) ကို နှိပ်လိုက်တာနဲ့ ကိုယ်ပိုင် Viber Channel လေး တစ်ခု အောင်မြင်စွာ ရရှိသွားပါပြီ။
Viber Channel ရဲ့ အားသာချက်ကတော့ Member အရေအတွက် ကန့်သတ်ချက်မရှိသလို၊ Post တွေတင်လိုက်တိုင်း Member တိုင်းရဲ့ ဖုန်းထဲကို Notification တိုက်ရိုက်ဝင်တဲ့အတွက် လူမြင်များပြီး ရောင်းအားပိုတက်စေပါတယ်။ Channel လေး ဖွင့်ပြီးသွားရင် ကိုယ့်ရဲ့ ဖောက်သည်ဟောင်းတွေကို Channel Link လေးပို့ပြီး Member အဖြစ် ဖိတ်ခေါ်ဖို့လည်း မမေ့နဲ့နော်။
ဒီလိုမျိုး လုပ်ငန်းအတွက် တကယ်အသုံးတည့်မယ့် Marketing နည်းပညာတွေ၊ Content ဖန်တီးနည်းတွေကို စာတွေ့သက်သက်မဟုတ်ဘဲ စာသင်ခန်းထဲမှာတင် လက်တွေ့ကျကျ လေ့လာချင်တယ်ဆိုရင်တော့ Next Level Training Center က ဖွင့်လှစ်ထားတဲ့ လက်တွေ့ ၉၀% အသားပေး Social Media Marketing Class ကို လာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
ဆက်သွယ်ရန် ဖုန်း - 09962753849
တည်နေရာ - အမှတ် (၂၇)၊ စကားဝါပင်လမ်း၊ ကြည့်မြင်တိုင်။ (Next Level Training Center)

29/05/2026

ဒီနေ့မှာတော့ Email မသုံးတတ်သူတွေ Email နဲ့ အလုပ်လျှောက်ချင်တဲ့သူတွေအတွက်အနီးစပ်ဆုံး ပြောပြပေးသွားမှာ
ဖြစ်ပါတယ် 🎊

Email ဆိုတာ Internet ကနေ စာပို့/စာလက်ခံ လုပ်တဲ့စနစ်ပါ။
ဥပမာ - အလုပ်လျှောက်တာ၊ Facebook Account ဖွင့်တာ၊ သင်တန်းတက်တာတွေမှာ အသုံးများပါတယ်။

တချို့ လုပ်ငန်းရှင်တွေဆို CV form ကို Email နဲ့ဘဲ လက်ခံကြပါတယ်

ပြည်ပ လုပ်ငန်းတွေဆို ပိုဆိုးပါတယ်

Email ပို့နည်း

Step 1

Gmail App (သို့) Website ဖွင့်ပါ

Step 2

“Compose” ကိုနှိပ်ပါ

Step 3

ဒီအချက်တွေ ဖြည့်ပါ

* To → ပို့မယ့် Email Address
* Subject → ခေါင်းစဉ်
* Message → စာရေးရန်

ဥပမာ👇

To: [email protected]
Subject: Hello

Message:

Hello, how are you?

Step 4

“Send” ကိုနှိပ်ပါ

Next Level Training Center
📲 09962753849
💬 အသေးစိတ်စုံစမ်းလိုပါက Page Messenger သို့မဟုတ် ဖုန်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Sagawar Pin Street
Yangon