STRA
just sharing
10/01/2024
Bob or Mr,Incredible
The Incredible ရဲ့ အဓိကဇာတ်ဆောင်တစ်ခုဖြစ်ပါတယ်။ Craig T. Nelson ရဲ့ နက်နက်နဲနဲ ဆွဲငင်တက်တဲ့ Gravitational အသံနဲ့ ပံ့ပိုးထားလို့ Bob ကတော့ powerful character ဖြစ်ပါတယ်။ The Incredible နှစ်ကားကြားက အချိန်ကွာခြားချက်က 2004 နဲ့ 2018 ဆိုတာကြီးက မနည်းများတာကိုတော့ သတိထားမိစရာဖြစ်ပါတယ်။ စသိတုန်းက ကျောင်မနေသေး ထပ်သိတော့ တက္ကသိုယ်ကျောင်းသားတောင် ဖြစ်ပြီး အချို့ဆို အိမ်ထောင်တွေဘာတွေကျ ကလေးတွေဘာတွေရတဲ့ထိ ကွာခြားပါတယ်။ ကျွန်တော်တို့ပေါက်စတုန်းက တော့ I man ဆိုပြီးပဲခေါ်ဖြစ်ကြပါတယ်။ ရင်ဘတ်က I ကို အစွဲပြုပြီးပဲသတ်မှတ်ကြတာပေါ့လေ။ Frozone အကြောင်းကိုတော့ ပြီးခဲ့တဲ့ အပတ်တုန်းကတင်ထားပါသေးတယ်။
စွမ်းအား - ဒါကတော့ပြောရခက်ခက်ပါပဲ၊ ဆိုလိုတာက Super strength ကတော့ သူ့ရဲ့စွမ်းအားမှန်း သိကြပေမယ့်၊ တကယ်တမ်းမှာ သူဘယ်လောက်အားကြီးလဲဆိုတာကို သေချာမသိရပါဘူး၊ လေ့ကျင့်ခန်းလုပ်တုန်းက မီးရထားစက်ခေါင်းနှစ်ခုကို အားကြိုးမာန်တက်ဆွဲနေရပေမယ့် တန်အများကြီးလေးတဲ့ Robot ကိုကျတော့ လက်တစ်ပစ်ပါပဲ။ ပြီးတော့ သူ့ Strength က ပုံမှန်မရှိပဲ လေ့ကျင့်ခန်းမလုပ်ရင် ကျဆင်းတက်တာမျိုးလို့လည်း သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် လေ့ကျင့်သလောက်ပဲ အားရှိတာမျိုးလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ ဒါကိုကျော်လွန်ပြီးလည်း ဖြစ်နေတက်ပါတယ်။ limitless လို့ပဲ သတ်မှတ်ထားရမယ့်ပုံပါ။ ဒါပေမယ့် Character ကို အထိအခိုက်မရှိစေပဲ ထိန်းသိမ်းထားနိုင်တာကတော့ ပဲ့ကိုင်တွေတော်ကြလို့ပဲထင်ပါတယ်။
အလုပ်အကိုင်- Bob Parr က အာမခံကုမ္ပဏီမှာ ညှိနှိုင်သူအနေနဲ့ ပုံမှန်အလုပ်လုပ်ပါသေးတယ်။ သူဘယ်လောက် တော်လဲဆိုတာကတော့ တွေ့ကြတဲ့အတိုင်းပါပဲ။ ကျွန်တော့်လို စိတ်နှလုံးသားနူးညံ့သူမို့ သိပ်သင့်တော်တဲ့အလုပ်မဟုတ်ခဲ့ပါဘူး။
စိတ်ရှုပ်ခံရခြင်း- ကျွန်တော်တို့နဲ့ထပ်တူတာကတော့ သူ့ရဲ့ SH လုပ်ချင်နေသေးတဲ့ အတ္တ၊ မိန်းမိန်းက ယွကျား အလုပ်တွေလုပ်တော့ ကလေးအလုပ်တွေလုပ်ရတာတွေ သင်္ချာတွက်ရတာတွေ အစုံပါပဲ၊ သူဗျာများနေတာတွေကို မိတ်ဆွေတို့လည်း မိသားစုစိတ်ဓါတ်ရှိတဲ့ အိမ်ထောင်ဦးစီးတွေဆိုရင် ကိုယ်ချင်းစာမိမှာပါ။ နောက်တစ်ခုက ဘယ်လောက်ပဲ ခွန်အားရှိပြီး စိတ်ထားပြည့်ဝတဲ့ ယောကျ်ားသားပဲဖြစ်ဖြစ်၊ အိမ်မှာ မိန်းမကရှေ့ရောက်နေတဲ့အခါ J ဝင်တက်တာကို Bob ဆီမှာတွေ့ရပြီး မိန်းမတွေကလည်း ယောကျာ်းတွေလို လုပ်နိုင်ပါတယ်ဆိုတာကို သံသယအဝင်ခံရတဲ့အခါ ဒေါသူပုန်ထတက်တာကိုမြင်တွေ့ရတက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အိမ်ထောင်ရေးတစ်ခုမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကပိုပြီးအဓိကကျတက်တာကိုတော့ ကျွန်တော့အမြင်အရ ထည့်ပြောလိုပါတယ်။ ကြီးမားတဲ့လုပ်ပိုင်ခွင့်တွေကြောင့် ကြီးမားတဲ့တာဝန်တွေကို ထမ်းရွက်ရတဲ့ သဘောလို့တောင် ကြီးကြီးကျယ်ကျယ် သူများစကားငှားသုံးပါရစေ။
မိသားစု- စောနကရေးတာတွေက ဒီထဲတောင်ထည့်ရေးမလိုပါပဲ။ ဆိုပေသည့် Bob က သူ့ရဲ့ SH အလုပ်တွေအပြင် Violet,Dash နဲ့ Jack Jack တို့ကြားဆက်ဆံရေးကတော့ ကြည့်ရတာပျော်စရာကောင်းပါတယ်။ ယောကျ်ားတို့ရဲ့ တစ်ဖက်ခြမ်းက မရင့်ကျက်မှု အမှန်တရားတွေကို ဟာသဆန်ဆန်တွေ့ရလို့ပါ။
လူသိနည်းတာက Bob ဟာ အိုလံပစ်မှာ ဝင်ပြိုင်ဖူးပါတယ်။
Incredibles 2 မှာ သူ့ရဲ့ အိုမင်းလာမှုကိုစတင်ရင်ဆိုင်နေရပြီးဖြစ်ပါတယ်။ ယခင်ကလောက် ခံနိုင်ရည်မရှိတော့တာကို တွေ့ရပြီး လူသားတစ်ယောက်ဆိုတာကို စတင်မိတ်ဆက်နေပြီဖြစ်ပါတယ်။
The Incredible ကိုကြည့်လိုက်ရင် Superman လိုမျိူး mindset နဲ့ Family တစ်ခုလုံးကိုကြည့်ရင် F4 ကိုသတိတရ ရှိနေတက်ပါတယ်။ မိတ်ဆွေတို့ဘယ်လိုထင်လဲတော့ မသိရပါဘူး။ Cmt မှာ ဝင်ရောက် ဆွေးနွေးသွားလို့ရပါတယ်။
31/12/2023
IA6 မှာမပါတော့တဲ့ ကျတော်တို့ရဲ့ အချစ်တော်လေးပါ
IA ကြည့်ရင်သူ့ကိုမေ့နေတက်ပေမယ့် သူ့ကိုတွေ့ရင်တော့ IA ကိုတန်းမြင်တဲ့ထိ Theme icon ဖြစ်တဲ့ကောင်လေးပါ။
Acorn နဲ့ ပက်သက်ရင် ကမ္ဘာဖျက်စွမ်းကတော့ အထူးတလည်တောင်ပြောစရာမရှိတော့ပါဘူး။ အရင်ကတော့ entertainment ပေမယ့် အခုလို universe တွေအပြိုင်တည်ဆောက်ကြတဲ့ ခေတ်မှာတော့ သူ့ power က မနည်းမနောပါပဲ။
သူ့ရဲ့ Acorn လေးအပေါ် မြှုပ်နှံထားမှုက အတိုင်းထက်အလွန်ဖြစ်ပြီး ဆုံးဖြတ်ချက်ပြတ်သားမှူကလည်း အောချလောက်ပါတယ်။ ဒါလေးတွေအတွက် ပေးဆပ်မှူကတော့ သူ့အတွက်အဖြူထည်ပေမယ့် မမျှော်လင့်တဲ့ နောက်ဆက်တွဲတွေက ကမ္ဘာကြီးအတွက်တော့ အန္တရယ်များပါတယ်။
အကြိုက်ဆုံးတစ်ခုကတော့ ဆက်သွယ်ခြင်းပါ။ သူဘာလုပ်ချင်တယ် ဘာခံစားနေပြီး ဘာလုပ်တော့မယ်ဆိုတာကို ပြောနေစရာမလိုပဲ ဆက်သွယ်မိပြီး ခံစားရနေတာကိုပါ။ ဖြစ်တည်မှုတစ်ခုကို ခံစားမိတာပါ။ အဲ့ဖြစ်တည်မှုက ကိုသာဆိုရင်ထက်ကျော်လွန်တဲ့ အရာမျိုးဆိုပါတော့။ သူ့ဆီမှာအဲ့ဒါမျိုးတွေ့ရပါတယ်။ Minions လိုမျိုးချစ်ဖို့မကောင်းပေမယ့် သူ့သဘာဝနဲ့သူကတော့ အပိုလည်းမရှိအလိုလည်းမရှိပါဘူး။ IA ရဲ့ တိတ်ဆိတ်ပေမယ့် ဖော်ပြနိုင်စွမ်းအရှိဆုံးလို့တောင်ပြောလို့ရပါတယ်။
-သွားကြီးကြီး မျက်လုံးပြူးပြူး အမြှီးဖွာဖွာ အကောင်သေးသေး၊ အမြဲ motivated ဖြစ်နေတဲ့ကောင်ပါ။ ဆေးကွဲသလိုကို motivated ဖြစ်ပါတယ်။
-Acorn လေးကို အဆုံးစွန်စွဲလမ်းပြီး အချစ်တွေအားလုံးကို ပေးအပ်ထားတဲ့သူလေးပါ။ ကံကောင်းပါတယ်။ သူ့အချစ်တွေအတွက် ဘယ်တုန်းကမှ သစ္စာဖောက်မခံခဲ့ရပါဘူး။ သူကလည်း ဓါးတောင်လည်းကျော်ပြီး မီးပင်လယ်လည်းဖြတ်မယ့်သူပါ။
-ဘယ်လောက်အဆင်မပြေဖြစ်နေ မမှုပဲ လိုချင်တာအတွက် ရှေ့ဆက်ကြိုးစားတဲ့သူပါ။
Endearing, tenacious, comedic treasure
IA ရဲ့ကျက်သရေ
Click here to claim your Sponsored Listing.
Category
Contact the public figure
Website
Address
Yangon