K.P.P Online

K.P.P Online

Share

အိမ်ထောင်ရေးသုခဆေးစွမ်းကောင်းများ

21/03/2020

ဆီးချိုရောဂါကိုထိန်းချုပ်ပေးမယ့် ဒန့်ဒလွန်ရွက်

====================
====================

ဒန့်ဒလွန်ရွက်ကို တောင်အာရှမှာ နှစ်ပေါင်းများစွာကတည်းက ဆေးဖက်ဝင်
အပင်တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

ဒန့်ဒလွန်ရွက်မှာ Antioxidant နဲ့ ကျန်းမာရေး
ကို အထောက်အကူပြုစေတဲ့ အကျိုးကျေးဇူး
တွေ အများအပြားပါဝင်နေပါတယ်။

ဒန့်ဒလွန်ရွက်ကော ဒန့်ဒလွန်သီးကိုပါ
စားသုံးနိုင်ပြီး ကျန်းမာရေးကိုလည်း များစွာ
အထောက်အကူပြုစေပါတယ်။

ဘာလို့လဲဆိုတော့ ဒန့်ဒလွန်ရွက်မှာ ဗီတာမင်နဲ့
သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

အရွက်ကို အစိမ်းလိုက် အကြမ်းစားပေး
တာဟာ ပိုပြီးကျန်းမာရေးနဲ့ညီညွှတ်ပါတယ်။
ဒါ့အပြင် ဒန့်ဒလွန်ရွက်ကို အခြောက်ကိုလည်း
စားသုံးနိုင်သလို ရေနွေးကြမ်းလုပ်ပြီးလည်း
သောက်သုံးနိုင်ပါတယ်။

#သွေးတွင်းသကြားဓါတ်ကိုထိန်းချုပ်ပေးခြင်း

ဒန့်ဒလွန်ရွက်ဟာ ဆီးချိုရောဂါ
ခံစားနေရသူတွေအတွက် တကယ်ကို
များစွာ အကူအညီဖြစ်ပါတယ်။

စမ်းသက်ချက်များအရ အမျိုးသမီး
၃၀ ကို ဒန့်ဒလွန်ရွက်အမှုန့်ကို ၇ ဂရမ်
နေ့စဉ်စားသုံးပြီး စမ်းသပ်ပါတယ်။

သကြားဓါတ်ကို ပါဝင်မှုနှုန်း ၁၃.၅% ထိ
ထိန်းချုပ်ထားနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

#သွေးကိုသန့်စင်စေခြင်း

ဒန့်သလွန်ရွက်ဟာ သွေးကို
သန့်စင်စေတဲ့အရွက်တစ်မျိုးဖြစ်ပါတယ်။
ဒါ့အပြင် ၀က်ခြံကိုလည်း ပျောက်ကင်းစေပါတယ်။

#အရိုးကိုသန်မာစေခြင်း

ဒန့်သလွန်ရွက်မှာ သံဓါတ်နဲ့ ကယ်ဆီယံ
ဓါတ်ကြွယ်ဝစွာပါဝင်လို့ အရိုးတွေကို
သန်မာစေပါတယ်ဒါ့အပြင် အမြင်အာရုံတွေ
ကို ကြည်လင်စေပြီး ကင်ဆာရောဂါဖြစ်ပွားမှု
ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဗီတာမင် A ကြွယ်ဝတာကြောင့်လည်း အရွယ်တင်စေပါတယ်။

12/03/2020

ဆီးချို သွေးချို သမားများ စိတ်ပူရန် မလိုတော့ပါ
သိထားသင့်ပါတယ်။ ရှယ်ယာနိုင်ပါသည်။

တကယ်ကို ကောင်းပြီး ဆေးစွမ်းထက်လို့ ပြန်လည်ကာ မျှဝေပေးလိုက် ရပါတယ်။ အဲဒါကတော့ ရုံးပတီးဖြင့် အရည်ဖြင့် ဆီးချို သွေးချိုရောဂါကို ပျောက်အောင် ကုသနိုင်ခြင်းပင် ဖြစ်ပါတယ်။

အသုံးပြုပုံလေးကို ရှင်းပြပါ့မယ်။ ရုံးပတီသီး ၄ ထောင့် (သို့) ၅ ထောင့်ကို ထိပ်ပိုင်းနှင့် အရင်ပိုင်းကို ဖြတ်လိုက်ပါ။ ပြီးနောက် ဖန်ခွက်တစ်ခုထဲသို့ ထည့်လိုက်ပါ။ ညအိပ်ခါနီး အချိန်ရောက် တာနဲ့ ထိုရုံးပတီးကို ရေစိမ်လိုက်ပါ။ နံနက်မိုးလင်း မျက်နှာသစ်ပြီး တာနဲ့သောက်ပေးပါ။

တစ်ကြိမ် နှစ်ကြိမ် သောက်လိုက်တာနဲ့ ဆီးချို သွေးချိုများ သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။

ကွန်းမန့်လေး ပေးခဲ့ပေးပါ

Credict..Original source

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


တောင်ဒဂုံ
Yangon
11011