TIFFY

TIFFY

Share

TIFFY ကိုအအေးမိခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာများအတွက် အသုံးပြုနိုင်ပါသည်။

14/11/2024

တုပ်ကွေးကာကွယ်ဆေးထိုးတာက တုပ်ကွေးကို 100% ကာကွယ်ပေးနိုင်လား..?

အအေးမိတုပ်ကွေးရာသီရောက်ပြီဆိုရင် Flu Vaccine (တုပ်ကွေးကာကွယ်ဆေး)တွေ ထိုးကြပါတယ်။ တုပ်ကွေးကာကွယ်ဆေးတွေက တုပ်ကွေးကို 100% ကာကွယ်ပေးဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ genetics (မျိုးရိုး)၊ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ၊ ကာကွယ်ဆေးထိုးတဲ့အချိန်ကာလအပိုင်းအခြား၊ ကာကွယ်ဆေးအမျိုးအစားတွေ အပေါ်ကိုလိုက်ပြီး လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကိုယ်ခံအား (Immune Response)က မတူညီကြပါဘူး။

တုပ်ကွေးကာကွယ်ဆေးတွေက တုပ်ကွေးမဖြစ်အောင်တော့ 100% မကာကွယ်နိုင်ပေမယ့်၊ ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် အကယ်၍ တုပ်ကွေးဖြစ်ရင်တောင် ရောဂါလက္ခဏာများကို ဆိုးဆိုးရွားရွားမခံစားရခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။


%?

26/09/2024

Tiffy နဲ့ SaRa ကို အတူတူသောက်သင့်လား?

Tiffy မှာ ဖျားနာခြင်းနဲ့ ခေါင်းကိုက်ခြင်းအတွက် Paracetamol ၊ နှာရည်ယိုခြင်းနှင့် နှာချေခြင်းအတွက် Chlorpheniramine Maleate ၊ နှာခေါင်းပိတ်ခြင်းအတွက် Phenylephrine Hydrochloride ပါဝင်ပါတယ်။ SaRa မှာလည်း ဖျားနာခြင်းနဲ့ ခေါင်းကိုက်ခြင်းအတွက် Paracetamol ပါပါတယ်။

နှစ်မျိုးစလုံးမှာ Paracetamolပါဝင်တဲ့အတွက် Tiffy သောက်ပြီးရင် SaRaကို နောက်ထပ် ထပ်ပြီး သောက်ဖို့ မလိုပါဘူး။ Paracetamol ပါဝင်တဲ့ ဆေး၂မျိုးကို တစ်ချိန်တည်းမှာ သောက်ရင် Paracetamol Overdose ဖြစ်နိုင်ပါတယ်။ ဒါဟာ အသည်းနဲ့ ကျောက်ကပ်ကို ပျက်စီး စေနိုင်ပါတယ်။ ဒါကြောင့် Tiffy နဲ့ SaRaထဲက ကိုယ့်ရောဂါနှင့် သင့်လျော်သော ဆေးတစ်ခုကိုသာ ရွေးချယ်သုံးသင့်ပါတယ်။


’t_use_together

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon