Prophet Phyo
လူ့အကြိုက်ထက်
ဘုရားအကြိုက်သာ လုပ်ဆောင်မည်။
TITLE ..........ချီးမြောက်ခြင်း နှင့် ပတ်ဝန်းကျင်
17/01/2023
ကျွန်တော်တို့လူသားတိုင်းမှာ အိမ်မက်တွေ အနာဂတ်တွေ မျှော်လင့်ချက်တွေဆိုတာကိုယ်စီရှိကြပါတယ်....
ဒါပေမယ့်ဒီလိုအနာဂတ်တွေ ဒီလိုအိမ်မက်တွေ ဒီလိုမျှော်လင့်ချက်တွေ ပြည့်စုံလာဖို့အတွက်ကတော့ ကျွန်တော်တို့ကိုယ်တိုင်လက်ေတွ့အကောင်အထည်ဖော်ဖို့လိုအပ်ပါတယ် ......မိတ်ဆွေ
ကျွန်တော်တို့လူသားတွေအများစုဟာ ကိုယ့်ရဲ့အိမ်မက်တွေ ကိုယ့်ရဲ့မျှော်လင့်ချက်တွေ ကိုယ့်ရဲ့အနာဂတ်တွေကို ပြည့်စုံရှင်သန်လာဖို့အတွက်ကိုယ်တိုင်ကိုယ်ကျလက်တွေ့အကောင်အထည်ဖော်ဖို့အတွက်တစ်ခါတစ်လေမှာ ကူညီထောက်ပ့ံမယ့်သူတွေကိုစောင့်စားနေတတ်ကျပါတယ်......
ဒီလိုစောင့်စားနေရင်းနဲ့ကိုယ့်ရဲ့အသက်တာထဲမှာ ကူညီထောက်ပ့ံမစပေးမယ့်သူတွေမရှိတဲ့အခါမှာတော့ ကိုယ့်ရဲ့အိမ်မက်တွေ ကိုယ့်ရဲ့မျှော်လင့်ချက်တွေ ကိုယ့်ရဲ့အနာဂတ်တွေဟာ အကောင်အထည်မပေါ်လာတော့ပဲနဲ့ သေဆုံးသွားတတ်ကျပါတယ် ......
ဒီတော့မိတ်ဆွေ 👇👇👇ကျမ်းစာထဲက
ဓမ္မရာဇဝင်စတုတ္ထစောင်။အခန်းကြီး(4)အငယ်(29,30,31,32,33,34,35)..........ကအဖြစ်အပျက်လေးကိုပြောပြချင်ပါတယ်.....မိတ်ဆွေ
အဲ့တာကတော့ ရှုနင်မြို့သူအမျိုးသမီးဟာ သူ့ရဲ့သားလေးသေသွားတဲ့အခါမှာဧလိရှဲဆီကိုလာရောက်တဲ့အဖြစ်အပျက်လေးပဲဖြစ်ပါတယ် .......
အဲ့အချိန်မှာ ဧလိရှဲဟာ သူ့ရဲ့ငယ်သားဖြစ်တဲ့ ဂေဟာဇိကို တောင်ဝှေးပေးလိုက်ပြီးကလေးမျက်နှာပေါ်မှာတင်ထားဖို့ကိုမှာထားလိုက်ပါတယ် .......
ဒီလိုတောင်ဝှေးတင်ထားလိုက်ပေမယ့်လဲကလေးက အသက်ပြန်ရှင်မလာခဲ့ပါဖူး .......
ဒါနဲ့ ဧလိရှဲက သူကိုယ်တိုင် ကလေးနဲ့ နှုတ်ခြင်း၊မျက်စိခြင်း၊လက်ခြင်းထပ်လိုက်တဲ့အခါမှာတော့ ကလေးဟာ အသားတွေနွေးလာပြီးတော့နောက်ဆုံးမှာ အသက်ပြန်ရှင်လာခဲ့ပါတယ် ............
ဒီတော့ဧလိရှဲဟာ ထိုကလေးအသက်ပြန်ရှင်သန်လာဖို့အတွက် ဦးစွာပထမ တောင်ဝှေးနဲ့အဆင်ပြေမယ်လို့ထင်နေခဲ့တယ်
ဒါပေမယ့်တကယ့်လက်တွေ့မှာတော့ ကလေးကအသက်ပြန်ရှင်မလာခဲ့ပါဖူး......
ဒီတော့ ပြောချင်တဲ့အရာလေးက
တောင်ဝှေးဆိုတာကူညီ ထောက်မပေးတဲ့အရာပဲ ဖြစ်ပါတယ်။
ဲတနည်းအားဖြင့်
ကျွန်တော်တို့ကိုကူညီပေးမယ့်သူ၊ကျွန်တော်တို့ကို မစပေးမယ့်သူ စတဲ့......... အမျိုးမျိုးသောသူတွေကိုဆိုလိုခြင်းပဲဖြစ်ပါတယ်
ဒီတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အနာဂတ်အိမ်မက်တွေအသက်ရှင်သန်လာဖို့အတွက် ထို ေထာက်ပံ့မစခြင်းဆိုတဲ့ တောင်ဝှေးကိုလိုချင်ကြတယ်
တောင်ဝှေးနဲ့ကျွန်တော်တို့ရဲ့ အနာဂတ်အိမ်မက်တွေကိုအသက်သွင်းချင်ကြတယ်.........
တကယ်တော့...........မိတ်ဆွေ
ကျွန်တော်တို့ရဲ့ အနာဂတ်တွေ အိမ်မက်တွေရှင်သန်လာစေနိုင်တာ တောင်ဝှေးကြောင့်မဟုတ်ပါဖူး......... မိတ်ဆွေ
ကျွန်တော်တို့ရဲ့အိမ်မက်တွေအသက်ရှင်သန်လာဖို့က ကျွန်တော်တို့ကိုယ်တိုင် ဧလိရှဲလို ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်ဖို့လိုအပ်ပါတယ်
ဧလိရှဲလို မျက်စိခြင်း နှုတ်ခြင်း လက်ခြင်း ဆိုတာက
ကျွန်တော်တို့အနေနဲ့
နံပါတ် ၁ မြင်ယောင်ပုံဖော်ခြင်း၊
နံပါတ်၂ ဝန်ခံပြောဆိုခြင်း၊
နံပါတ် ၃ လက်တွေ့စတင်အကောင်အထည်ဖော်ခြင်း
နံပါတ် ၄ ဆုတောင်းခြင်း........
စတဲ့အရာတွေကိုလုပ်ဆောင်မှသာ အနာဂတ်အိမ်မက်တွေကရှင်သန်လာမှာဖြစ်တယ်..........မိတ်ဆွေ
တောင်ဝှေးက အဓိကမဟုတ်ပါဖူး မိတ်ဆွေ
သင့်ရဲ့လုပ်ဆောင်ခြင်းကသာ အဓိကပါ.........မိတ်ဆွေ
ဖိလိပ္ပိဩဝါဒစာ။ 4:13
ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်း နိုင်၏။
ဟာလေလုယ ❤❤❤
နားရှိသောသူမည်သည်ကားကြားပါစေ.........
P.Phyo
12/01/2023
ရှင်မဿဲခရစ်ဝင်။ 8:14-15
ထိုနောက်မှ ယေရှုသည် ပေတရုအိမ်သို့ကြွ၍ ပေတရု၏ ယောက္ခမသည် ဖျားနာစွဲလျက် တုံးလုံးနေ သည်ကို တွေ့မြင်တော်မူ၏။
ထိုမိန်းမ၏လက်ကို တို့တော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ထ၍ ဧည့်သည်ဝတ်ကို ပြုလေ၏။
👆👆👆 ဒီကျမ်းပိုဒ်လေးကိုဆင်ခြင်သုံးသပ်ကြည့်မယ်ဆိုရင်.........
ယေရှုခရစ်တော်က သင်တို့ရဲ့ နာကျင်ခြင်းတွေ ပင်ပန်းဆင်းရဲခြင်းတွေ မကျန်းမာခြင်းတွေ စီးဟွားရေး လူမှုရေး အစရှိတဲ့ အခက်အခဲပေါင်းများစွာကို ဖယ်ရှားပေးနိုင်တဲ့ သခင်ဘုရားဖြစ်ပါတယ်။
ဒါပေမယ့် အခက်အခဲပေါင်းများစွာကို သင်တို့ရဲ့အသက်တာထဲမှာ ဖယ်ရှားချင်တယ်ဆိုရင်တော့
နံပါတ် ၁ အနေနဲ့ယေရှုခရစ်တော်ကို အိမ်ဆိုတဲ့ သင်တို့ရဲ့ နှလုံးသားထဲမှာ ခေါ်ဖိတ်ဖို့လိုအပ်ပါတယ်.....မိတ်ဆွေ ❤❤❤
ဒီလိုခေါ်ဖိတ်လက်ခံခြင်းဟာ သင့်ရဲ့စိတ်နှလုံးကိုကောင်းစားစေဖို့ပဲဖြစ်ပါတယ် .........မိတ်ဆွေ
ဘာကြောင့်လဲဆိုရင်တော့ စိတ်နှလုံးကောင်းစားလျှင် အရာရာ၌ကောင်းစားမှာဖြစ်လို့ပါပဲ......
နံပါတ် ၂ ကတော့ အခက်အခဲပြသာနာတွေအားလုံးဟာ ရှင်းလင်းသွားပြီဆိုရင်တော့သင်တို့အနေနဲ့ ဧည့်သည်ဝတ်ပြုဖို့ကိုလိုအပ်ပါတယ် ........မိတ်ဆွေ
ဧည့်သည်ဝတ်ဆိုတာကတော့အတိုချုပ်အားဖြင့်ပြောရမည်ဆိုလျှင်တော့
❤❤❤
၁။ ဘုရားအပေါ်သိတတ်ခြင်းနှင့်
၂။ အစေခံခြင်း ပဲဖြစ်ပါတယ်.............. မိတ်ဆွေ
ဟာလေလုယ ❤❤❤
နားရှိသောသူမည်သည်ကားကြားပါစေ..............
P.Phyo
Click here to claim your Sponsored Listing.
Category
Website
Address
Yangon