SN Online Store

SN Online Store

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SN Online Store, Health/Beauty, Yangon.

29/07/2023

"သာသနာက သုံးထောင်ထက်မပိုဘူး ဆုတ်ခေတ်
ဆုတ်တာမှာ တလှိမ့်လှိမ်နဲ့ဆုတ်နေတာ"

တို့ဥပဇ္ဈာယ်က ပြောခဲ့သေးတယ်
"သာသနာက သုံးထောင်ထက် မပိုဘူး ငါ့သားရ"
သူတို့ပြောတာ
သူတို့ကတော့ ဟိုစည်းဝေးပွဲ ဒီစည်းဝေးပွဲ တက်နေရတာကိုး။
သူတို့အချင်းချင်း ပြောတဲ့စကားကို တို့ကိုပြန်ပြောပြသွားတာပါ။
သုံးထောင်ထက်မပိုဘူး။
အခု ၂၅၀၀ကျော်ပြီလေ။
နောက်တစ်ခါ လူလာဖြစ်ရင် ဒီသာသနာရှိမလား?
စဉ်းစားနော်

၄၅၀ လောက်ပဲ ကျန်တော့တာနော်။
အဲ့တော့ ၄၅၀ ကျော်နဲ့ တို့နောက်တစ်ခါ လူလာဖြစ်ရင် ဒါကြုံဖို့တော်တော်ခဲယဉ်းမယ်။

ကြုံတယ်ပဲထား ကြိုက်ဦးမှ။

တို့စာကဆိုပေါ့ဗျာ မြေဆီက အနှစ် ၁၀၀ ဆို တစ်လက်မ တစ်လက်မ လျှော့လာတယ်။
မြေဆီမှီ၍ အစာဖြစ်ရတာ။
အဲ့တော့ အစာကလဲ ဩဇာသတ္တိက အဲ့လောက် လျှော့သွားနေမှာလေ။

ဘာလို့လျှော့တုန်း? ဥတုက အအေးပိုင်းကနေ အပူဘက်ကူးနေတာ။

နောက်တခါဆရာ/မကြီးတို့ လူလာဖြစ်ရင် ကိုယ်ပဋိသန္ဓေတည်ရမယ့် အဖေအမေကိုက ရုပ်ဓါတ်သေးသေး စိတ်ဓါတ်သေးသေးနေမှာ။

အဲ့ဒီထဲကို တို့လူလာဖြစ်ရတော့ တို့ရုပ်လဲ ရုပ်ဓါတ် စိတ်ဓါတ်သေးသေးနေမှာ။
ဟုတ်တယ်နော်

ဥတုပူရင် အာဟာရပူမှာပေါ့။
အာဟာရပူစားရတဲ့အတွက် ရုပ်ကလဲလှီလာမယ်။
စိတ်ကလဲ သေးလာမယ်။
အဲ့တော့ ကောင်းတာလဲ ခံနိုင်စိတ်မရှိဘူး
ဆိုးတာလဲ ခံနိုင်စိတ်မရှိတော့ဘူး။

တို့ဒီတရားအားထုတ်တယ်ဆိုတာ ကောင်းကောင်းဆိုးဆိုး တို့ဥပေက္ခာပြုပြီးတော့ ကိုယ်သိချင်တာ ဆက်တိုက်မှတ်ပြီး ကြည့်ရတာလေ။
အဲ့တော့ တို့ဟိုကျတော့ ဒါတွေခံနိုင်မှာ မဟုတ်တော့ဘူးဗျ။

နောက်တခါလူလာဖြစ်ရင် ဒီလောက်ရုပ်ဓါတ် မရှိတော့ဘူး။
ခံနိုင်အားနည်းသွားရင် ဟိုရုပ်ဓါတ်သေးရင် စိတ်ဓါတ်သေးသွားတာလေ။

ဘုရားလက်ထက်က ၆ တောင်။
ခုနှစ်နှစ်သမီးဆို ၄တောင်ကျော်

၆ ပေကျော်ပေါ့ ဘုရား

အဲ့လောက်ရှိလောက်ပြီ ဝိသာခါတို့ (၇)နှစ်ဗျာ
(၇)နှစ်သား (၇)နှစ်သမီးတွေ သူတို့တုန်းက စားရတဲ့အာဟာရက အဆီလေ
ပြီးတော့ ဥတုကအအေးလေ
ဥတုအေး အာဟာရအေးကနေ လူသားဖြစ်တော့ (၇)နှစ်နဲ့ သူတို့စိတ်ဓါတ် ရုပ်ဓါတ်ကြီးတွေက တို့ထက်သာတာ။
တို့မှာ ဒီလောက်ဖြစ်သွားပြီ။

နောက်တခါလာရင် ဒီအခွင့်အရေးရှိမှာ မဟုတ်တော့ဘူး။
ရုပ်ဓါတ်ဒီထက်သေးမယ်။

စိတ်ဓါတ်ဒီထက်သေးမယ်။

ရှေးခေတ်လူသားနဲ့စာရင် တော်တော်ဆိုးတာပဲ အခုခေတ်လူသားတွေက။
တို့ငယ်ငယ်က လူသားနဲ့ အခုလူသား မတူတော့ဘူး။
လူလဲမတူဘူး ၊ ဘုန်းကြီးလဲ မတူဘူး။
ဘုန်းကြီးတွေလဲ အရင်ကဘုန်ကြီးတွေနဲ့ မတူတော့ဘူး။

တို့အခု အသက် (၇၀)ကိုး။
(၇၀)အတွင်းတွေ့ခဲ့ရတာ
လူမှန်းသိတတ်ခါစက တွေ့ခဲ့တဲ့ ဘုန်းကြီးမျိုး ၊ လူမျိုး မဟုတ်တော့ဘူး။

အခုလူတွေ အဲ့တာထက်စာရင် တော်တော်ရိုင်းတာပဲ
တော်တော်ဆိုးတာပဲ။
သို့သော် နောက်လာမယ့်အကောင်တွေထက်စာရင် ဒါတွေတော်တော် တော်သနော်။

နောက်ပေါ်လာမယ့်လူတွေက ဒီလိုလူမျိုးတွေ မဟုတ်တော့ဘူး။

ဒီပတ်ဝန်းကျင် မဟုတ်ဘူးပေါ့။

(ဒါကြောင့် တပည့်တော်မ အားထုတ်ဖြစ်တာပါဘုရား
အချိန်မဆိုင်းတော့ပါဘုရား)

လုပ်ပါဗျာ လုပ်ပါဗျာ။

တွေ့မှာ ဆုတ်ခေတ်။
နက်ဖြန် ဒီထက်ဆုတ်မယ်။
နောက်နှစ် ဒီထက်ဆုတ်မယ်။
တက်လိမ့်မယ် မထင်နဲ့။
ဆုတ်ခေတ်ပါ ။ ပြောထားတာ ဆုတ်ခေတ်။
ဆုတ်တာက ရိုးရိုးဆုတ် မဟုတ်ဘူး။
လှိမ့်ဆုတ်ဆုတ်တာ။
တလှိမ့်လှိမ့် လှိမ့်ပြီးတော့ ဆုတ်တာ။
တစ်လှမ်းချင်းမဟုတ်ဘူး။

တစ်ရက်နဲ့ တစ်ရက် မတူဘူး။
များများ မဟုတ်ဘူး။

ဆရာ/မကြီးတို့ နောက်ထပ် အနှစ် (၂၀) လောက်ဆက်နေကြည့်ပါ။

အဲ့ဒီအခါကျ အခုလက်ရှိလူတွေကို ကျေးဇူးတင်လိမ့်မယ်
ဘယ်လောက်ကြမ်းလာမလဲ? ဆိုတာ။

အဲ စာရေးဆရာကြီးတို့ ဆရာမကြီးတို့ စာပေတွေရေးထားတာ ဘာတဲ့ ဂျာနယ်ထဲ ဖတ်လိုက်ရတာ

"ရှေးခေတ်က တယ်မိုက်တာပဲ" ဆိုရင် ဆိုးတာပြောတာ။
အခုဟာက "မိုက်တာဆို" ကောင်းတာတဲ့။
"ဟာ မိုက်တယ်ကွာ" ဆို ကောင်းတာတဲ့။
"မိုက္တာဆို" ဘာတဲ့

ကောင်းတာပါဘုရား

ဒါဆို စာရေးဆရာကြီး/မကြီးတို့ မိုက်တာလား? ဘယ်ထဲထည့်တုန်း။
ပြောင်းပြန်တွေ ဖြစ်ကုန်တာလေ။

အဲ့တော့ ဥတုပူရင် အဆီဆုတ်တယ်။
အဆီဆုတ်ရင် အစာကြမ်းမှာပေါ့။
အစာကြမ်းရင် စားတဲ့အစာကြမ်းစားတဲ့အတွက် တို့မှာ အကြောအချဉ်တွေ မာကျောလာတယ်။
အကြိတ်အဖုတွေ ကြီးထွားလာမယ်။
ဒါကြောင့်မို့ စိတ်တွေက ထန်လာမယ်။
အရင်စိတ် မဟုတ်တော့ဘူး။
ထန်လာတယ်။
ရုပ်ဓါတ်မခံနိုင်တော့ စိတ်ဓါတ်လဲ မခံနိုင်ဘူး လောကဓံကို။

အဲ့တော့ အကြိုက်တွေ့လဲ ဘာဖြစ်ဖြစ်ပဲ။
အမုန်းတွေ့လဲ ဆွေ့ဆွေခုန် ဘာဖြစ်ဖြစ်ပဲ။
လူက ဘာဖြစ်ဖြစ်ထဲ ရောက်သွားတယ်။
အဘိဇ္ဈာဆိုတဲ့ အလိုကြီးမှုဖြစ်သွားပြီလေ။
ပြီးတော့ ဗျာပါဒ လားဗျာ အားမလို အားမရစိတ် အားကြီးလာပြီ။

ဒါအခု လက်ရှိ လက်ရှိ။
နောင် ဒီထက်ဆိုးမှာနော်
အဲ့တော့ ဥတုပူကြောင့် အစာပူတယ်။

"အစာပူစားလို့ ရုပ်ပူတယ်။
ရုပ်ပူလို့ စိတ်ပူတယ်။
စိတ်ပူတော့ ကံပူတွေလုပ်မှာပေါ့။
ကံနဲ့စိတ် ခပ်ပူပူလုပ်တော့ ဥတုကလဲ ပိုပူမှာပေါ့။
ဥတုပိုပူတော့ အဆီကလဲ ပိုလျှော့မှာပေါ့။
အဲ့တော့ အစာကလဲ ဒီ့ထက် ကြမ်းမှာပေါ့"

လူ့ဘုံပြန်လာချင်သေးသလား?
အဲ့တော့ နောက်တခါ လူလာဖြစ်ရင် တို့ဒီအခွင့်အရေးတွေ ဘာမှ မရှိတော့ဘူး။
ဒီပတ်ဝန်းကျင်အခွင့်အရေးလဲ မရှိဘူး။
ကိုယ့်ကိုယ်ကိုလဲ ဒီအခု အခွင့်အရေးမျိုး မရနိုင်တော့ဘူး။

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00