Myanmar Power Tool Master

Myanmar Power Tool Master

Share

Focus All Professional Quality Hardware Tools

17/03/2026

သစ်သားထောင့်တွေကို အတိအကျဖြတ်တောက်ဖို့ Hoteche Mitre Box & Back Saw Set

လက်သမားလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲ ကိုယ်တိုင် DIY လုပ်ဖို့ဖြစ်ဖြစ် သစ်သားတွေကို အချိုးကျကျ (45° / 90°) လွယ်လွယ်ကူကူ ဖြတ်တောက်နိုင်မယ့် အရည်အသွေးမြင့် ထောင့်ဖြတ်လွှခုံနဲ့ ကျောတင်းလွှပဲဖြစ်ပါတယ်။

သေသပ်ကောင်းမွန်တဲ့ ပရိဘောဂပစ္စည်းတွေကို ဖန်တီးချင်လို့မှာယူလိုပါက 09774315794 ကို အခုပဲ ဆက်သွယ်လိုက်ပါ။

13/03/2026

လုပ်ငန်းခွင်မှာ ဘေးအန္တရာယ်ကင်းဖို့ ဘာတွေဝတ်ဆင်သင့်လဲ?

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဟာ အလုပ်သမားတွေအတွက်သာမက လုပ်ငန်းရှင်တွေအတွက်ပါ လျစ်လျူရှုထားလို့မရတဲ့ အဓိကအချက်ဖြစ်ပါတယ်။ဒါဆို ထိခိုက်ဒဏ်ရာရမှုတွေကို အများဆုံးလျော့ချပေးနိုင်ဖို့ ဘယ်လို လုပ်ဆောင်သင့်လဲ?

ဘေးအန္တရာယ်ကာကွယ်ရေး ဝတ်စုံတွေကို ဝတ်ထားသင့်ပါတယ်။

◾ ဦးထုပ် : အထက်ကနေ ပြုတ်ကျလာနိုင်တဲ့ ပစ္စည်းတွေ၊ ခေါင်းနဲ့ ဝင်တိုက်မိနိုင်တဲ့ အရာတွေကနေ အကောင်းဆုံး ကာကွယ်ပေးပါတယ်။ စံချိန်မီ ကြံ့ခိုင်တဲ့ ဦးထုပ်မျိုးဖြစ်ဖို့ လိုပါတယ်။

◾ဖိနပ်: သံစူးတာ၊ လေးလံတဲ့ စက်ပစ္စည်းတွေ ခြေထောက်ပေါ် ပြုတ်ကျတာတွေကနေ ကာကွယ်ဖို့ Steel-toe (ရှေ့သံပြားခံ) ပါတဲ့ ဖိနပ်မျိုးကို မဖြစ်မနေ ရွေးချယ်စီးသင့်ပါတယ်။

◾လက်အိတ် : လုပ်ငန်းခွင်သဘာဝပေါ်မူတည်ပြီး ထိခိုက်ရှနာ၊ ဓာတုပစ္စည်းနဲ့ လျှပ်စစ်အန္တရာယ်တွေကို ကာကွယ်ပေးမယ့် သင့်တော်တဲ့ လက်အိတ် (ဥပမာ - သားရေ၊ ရာဘာ) ကို ဝတ်ဆင်ရပါမယ်။

◾မျက်မှန် : ဖုန်မှုန့်တွေ၊ လွှစာမှုန့်၊ သံဖြတ်စတွေနဲ့ ဓာတုအရည်တွေ မျက်စိထဲ မဝင်ရောက်အောင် ကာကွယ်ပေးဖို့ မရှိမဖြစ် လိုအပ်ပါတယ်။

◾အလင်းပြန်အင်္ကျီ : အလင်းရောင်နည်းတဲ့ နေရာတွေ၊ ညဘက်အလုပ်လုပ်ရတဲ့ အချိန်တွေမှာ ယာဉ်အန္တရာယ်နဲ့ တခြားထိခိုက်မှုတွေကနေ ကင်းဝေးအောင် တခြားသူတွေ အလွယ်တကူ မြင်နိုင်ဖို့ ဝတ်ဆင်ရပါမယ်။

◾နားကြပ် : အသံဆူညံတဲ့ စက်ယန္တရားတွေအနီးမှာ အလုပ်လုပ်ရရင် ရေရှည်မှာ နားအကြားအာရုံ မထိခိုက်အောင် တပ်ဆင်ထားသင့်ပါတယ်။

အရည်အသွေးမပြည့်မီတဲ့ အသုံးအဆောင်တွေက အန္တရာယ်ကို ပိုဖိတ်ခေါ်နိုင်တဲ့အတွက် အကြမ်းခံပြီး စိတ်ချရတဲ့ ပစ္စည်းတွေကိုသာ ရွေးချယ်သုံးစွဲဖို့ တိုက်တွန်းပါရစေ။

လုပ်ငန်းခွင်သုံး ယုံကြည်စိတ်ချရတဲ့ စက်ပစ္စည်းတွေနဲ့ Hardware Tool မျိုးစုံကို လက်ကားစျေး၊ အထူးစျေးနှုန်းတွေနဲ့ ဝယ်ယူချင်တယ်ဆိုရင်တော့ အခုပဲ 09774315794 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

# PPE

30/03/2024

မီးပျက်လည်းစိတ်ကြိုက်မှုတ်နိုင်မယ့်
20V Lithium Cordless Spray Gun ..

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Hlaing Thar Yar, Shwe Myint Mo Street, Shwe Lin Pan Instruction
Yangon
11401