Bottle Babies
စစ်မှန်၍ စျေးနှုန်းမှန်ကန်မှုကို ရ?
02/10/2021
Tennessee Whiskey 🥃
ကျနော်ဒီနေ့တော့ Tennessee Whiskey အကြောင်းလေးပြောပြပေးချင်ပါတယ်။ Tennessee Whiskey လို့ပြောလိုက်တာနဲ့ ကျနော်တို့တော်တော်များများရဲ့ မျက်လုံးထဲမှာပြေးမြင်မိတာကတော့ JACK DANIEL'S ဆိုတဲ့ whiskey ပုလင်းလေးပဲဖြစ်မယ်လို့ထင်မိပါတယ်။ အမှန်တကယ်လည်း JACK DANIEL'S Tennessee Whiskey ဟာ ကမ္ဘာပေါ်မှာနာမည်ကြီး brand တစ်ခုပါပဲ။ ကျနော်တို့ ငယ်ငယ်လေးကတည်းက အမြဲလိုလိုမြင်နေတဲ့ အရက်ပုလင်းလေးလို့ပြောလည်းရပါတယ်ဗျ။
Tennessee Whiskey ဆိုတာကတော့ အခြေခံအားဖြင့်ပြောရရင် Bourbon Whiskey အမျိုးအစားပါပဲ။ U.S.A ရဲ့ Tennessee State မှာထုတ်လုပ်တဲ့ Straight Whiskey ဖြစ်လို့ Tennessee Whiskey လို့ခေါ်ကြခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ Tennessee Whiskey ထုတ်လုပ်သူအများစုကတော့ သူ့ကို Bourbon Whiskey အဖြစ်သတ်မှတ်ခြင်းကို လက်မခံချင်ကြပါဘူး။ ဒါကြောင့်လည်း သူတို့က ပုလင်းတွေ ကြော်ငြာတွေမှာ Bourbon ဆိုပြီးထည့်သွင်းဖော်ပြခြင်းမလုပ်ကြပါဘူး။ Tennessee Whiskey နဲ့ Bourbon Whiskey ဟာအတူတူပဲလား မတူဘူးလားဆိုပြီးတော့လည်း Whiskey ကြိုက်နှစ်သက်သူများကြားမှာ မကြာခဏပြောဆိုဆွေးနွေးတတ်ကြပါတယ်။ တကယ်တမ်းတော့ သူတို့နှစ်မျိုးဟာ မတူကြပါဘူးဗျ။
Tennessee Whiskey နဲ့ Bourbon တို့ဟာ အစပိုင်းထုတ်လုပ်ပုံခြင်းကတော့ အတူတူပါပဲ။ စည်းကမ်းချက်တွေချမှတ်ထားတဲ့အတိုင်း အနည်းဆုံး 51% corn ဖြစ်ရမယ်၊ စည်အသစ်တွေကိုပဲသုံးပြီးတော့ သက်တမ်းရင့်အောင်သိမ်းကြရပါတယ်။ ဒါပေမဲ့ မတူညီတဲ့အချက်လေးကတော့ Tennessee Whiskey တွေက ချက်လုပ်ပြီး စည်ထဲကိုမရောက်ခင်မှာ Charcoal Mellowing လို့ခေါ်တဲ့ charcoal filtering ကိုပြုလုပ်ရပါတယ်။ Charcoal Mellowing ကိုအကြမ်းအားဖြင့်ရှင်းပြရရင် အသစ်ချက်လုပ်လာတဲ့ Tennessee Whiskey တွေကို မီးသွေးခဲတစ်မျိုးနဲ့စစ်ထုတ်တဲ့သဘောပါပဲ၊ Sugar Maple လို့ခေါ်တဲ့ သကြားသီးပင်ရဲ့သစ်သားနဲ့ပြုလုပ်ထားတဲ့ မီးသွေးခဲမျိုးပါ။ Bourbon Whiskey ကတော့ အဲ့လိုမျိုးမလုပ်ပဲ စည်ထဲကိုတစ်ခါတည်းထည့်သိမ်းပါတယ်။
Tennessee Whiskey တိုင်းကတော့ Tennessee State မှာပဲထုတ်လုပ်ပါတယ်၊ ဒါပေမယ့် Tennessee State ကထုတ်လုပ်တဲ့ Whiskey တိုင်းကတော့ Tennessee Whiskey မဟုတ်ပါဘူး။ Tennessee Whiskey ထုတ်လုပ်ရာမှာလည်း သူတို့ချမှတ်ထားတဲ့ စည်းကမ်းအတိုင်းပြုလုပ်မှသာ တရားဝင် Tennessee Whiskey ဖြစ်မှာပါ။ တစ်ချို့သော Whiskey တွေက ထုတ်လုပ်သူတွေရဲ့ အသစ်ဖန်တီးမှုတွေကြောင့် Tennessee Whiskey လို့မခေါ်နိုင်ကြခြင်းဖြစ်ပါတယ်။
Tennessee Whiskey ဟာပွဲတိုင်းလိုလို နေရာမျိုးစုံမှာ အမြဲတမ်းပါဝင်နေတတ်ပြီး သောက်ရလွယ်ကူတဲ့ Whiskey မျိုးပါပဲ။ Neat, On the rocks အနေနဲ့သောက်လို့ကောင်းသလို Coca-Cola တို့လို mixer တွေနဲ့လည်း အတော်ကိုလိုက်ဖက်တဲ့ နာမည်ကြီး Whiskey ပါပဲဗျ 🥃🥤
-Photo Credit :
29/09/2021
Chivas XV Gold
2018 လောက်က ဖန်တီးမိတ်ဆက်ခဲ့တဲ့ Chivas XV မှာ edition ၂ မျိုးရှိပါတယ်။ အခုပုံမှာပြထားတာက ပုလင်းတစ်ခုလုံး ရွှေရောင်လွှမ်းနေတဲ့ edition လေးပါ။
Chivas XV မှာ ထူးခြားတာလေးရှိပါတယ်။ သူ့မှာပါဝင်ရောစပ်ထားတဲ့ ဝီစကီအချို့ကို cognac စည်တွေထဲမှာ အဆုံးသတ် aging လုပ်ထားတာပါ။ Grande Champagne Cognac Barrels တွေထဲမှာ ရွေးချယ်အဆုံးသတ်ထားတာက Chivas Regal ရဲ့ traditional style / classic style ကို ပြန်လည်အသက်သွင်းချင်တဲ့အပြင် နူးညံ့ညက်ညောတဲ့ ဝီစကီတစ်မျိုးကို celebration အချိန်တွေမှာ သုံးဆောင်နိုင်ဖို့ ဖန်တီးပေးချင်တဲ့ ရည်ရွယ်ချက်လည်း ပါမှာပါခင်ဗျာ။
Note - Cognac စည်ထဲမှာ aging / finishing လုပ်တာက ထူးခြားပေမယ့် အရမ်းတော့ မဆန်းပါဘူး။ အခုနောက်ပိုင်းမှာ Limousin စည်တွေဟာ whisky ထုတ်လုပ်သူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေကြပါတယ်။
Limousin ဆိုတာ ပြင်သစ်က သစ်တောကြီးရဲ့နာမည်ပါ။ အဲ့သစ်တောကထွက်တဲ့စည်တွေကို Limousin Oak Barrel လို့ခေါ်ကြပါတယ်။ ပြင်သစ်မှာ အဓိကသစ်တောကြီး ၅ ခုရှိပါတယ်။ အဲ့ ၅ ခုထဲကမှ Hennessy Cognac ဆိုရင် Limousin နှင့် Troncais ကစည်တွေကို အဓိကသုံးပါတယ်ခင်ဗျာ။ Cognac မှာဆိုရင် Limousin က balance ဖြစ်တယ်၊ rich ဖြစ်တယ်၊ vanilla & creamy ဖြစ်တာတွေအတွက် နာမည်ကြီးပါတယ်ခင်ဗျာ။
စည်အကြောင်းကို သဘောပေါက်သွားပြီဆိုရင် သူ့ review အကြောင်းလေး ပြောချင်ပါတယ်ခင်ဗျာ။
Aroma - ပျားရည်နှင့် လိမ္မော်တို့ရဲ့ ချိုမြတဲ့ရနံ့က သစ်ကြံပိုးခေါက်ရဲ့ စူးရှတဲ့ရနံ့နှင့်ပေါင်းပြီး မပြင်းလွန်း/မပျော့လွန်းပဲ ရနံ့လေးက မွှေးပါတယ်။ ပန်းသီးကိုချက်ထားတဲ့ ရနံ့လေးကလည်း သိသာပြီး စပျစ်သီးခြောက်ရနံ့လေးကလည်း ပါဝင်ပါသေးတယ်။ သူ့ရဲ့ aroma က ယဉ်ယဉ်လေးနဲ့ မိုက်ပါတယ်ခင်ဗျာ။
Taste - သူ့ရဲ့ အရသာက ရှင်းပါတယ်။
တစ်ခုတည်းပြောဆို smooth တာပါ။
နှစ်ခုပြောဆို smooth & sweet ပါ။
သုံးခုပြောဆို smooth & sweet & fruity ပါ။
Smooth ဖြစ်တဲ့ညက်ညောမှုကို fruity ဖြစ်တာက အားဖြည့်ပေးပြီး sweet ဖြစ်တာက နောက်ကပံ့ပိုးပေးထားပါတယ်။ Creamy ဖြစ်တာလေးရယ်၊ မသိမသာ spicy & smoky ဖြစ်တာလေးရယ်ကလည်း taste မှာပါပါသေးတယ်ခင်ဗျာ။
Finish - အဆုံးသတ်က မတိုသလို၊ ကြာလည်းမကြာပါဘူး။ အနေတော်လေးကိုမှ vanilla အရသာအနည်းငယ်နှင့် smooth ဖြစ်ပြီး ညက်ညက်ညောညော အဆုံးသတ်လေးပါ။ Taste ကော၊ finish ကော မိုက်ပါတယ်ခင်ဗျာ။
ABV - 40%
Age Statement - 15 Years
Price - 45000 ဝန်းကျင်
Cognac စည်ထဲမှာ finishing လုပ်ထားတယ်ဆိုပေမယ့် Chivas XV ကို သုံးဆောင်ကြည့်တဲ့အခါမှာတော့ cognac cask ကို အရမ်းမခံစားရပါဘူး။ ဒါပေမယ့် cognac cask ကို သတိထားမိတယ်ဆိုတဲ့ အနေအထားလောက်ထိတော့ ခံစားရပါတယ်။ ဆိုတော့ cognac ကြိုက်တဲ့သူကော၊ မကြိုက်တဲ့သူကော အဆင်ပြေမယ်ထင်ပါတယ်။
Chivas XV ရဲ့ smooth တာက အရမ်း watery ဖြစ်ပြီး ပေါ့တဲ့ဘက်ကို သိပ်မသွားပဲ ခပ်ကြမ်းကြမ်းနဲ့ scary smooth ပုံစံမျိုးပါ။ နည်းနည်းလေးပေါ့ပြီး အီချင်ပေမယ့် အရမ်းမအီပါဘူး။ Honey version နဲ့လာတဲ့ ဝီစကီတွေနဲ့ယှဉ်ရင် မအီဘူးလို့တောင်ပြောလို့ရပါတယ်။ Smooth တာကို အရမ်းမကြိုက်တဲ့သူမျိုး / အီတာမကြိုက်တဲ့သူမျိုး ဆိုရင် on the rock လိုမျိုးမဟုတ်ပဲ၊ neat (သို့) ရေအနည်းငယ်နှင့် သုံးဆောင်ကြည့်သင့်ပါတယ်။
Smooth မှ smooth ဆိုတဲ့ smooth hunter ဆိုရင်တော့ ရေခဲလေးထည့်လိုက်တာက သူ့ရဲ့ scary smooth ကို gentle smooth ပုံစံမျိုးဖြစ်စေပြီး နူးညံ့ညက်ညောတဲ့အရသာကို အပြည့်အဝခံစားနိုင်မှာပါ.
Pernod Ricard (Chivas Regal ရဲ့မိခင်ကုမ္ပဏီ) က Chivas XV ကို shot သောက်ကြည့်ဖို့ ပြောထားပါတယ်။ ကျွန်တော့်အမြင်အရပြောရရင် နူးညံ့ညက်ညောပြီး အဆုံးသတ်ကောင်းမွန်တဲ့ ဝီစကီတစ်ခုကို shot တာထက်စာရင်၊ တစ်ဆိမ့်ချင်း အရသာခံသုံးဆောင်တာက ပိုကောင်းမယ်ထင်ပါတယ်။ Smooth ဖြစ်တာလေးကိုခံစားရင်း၊ နူးညံ့မှုရဲ့နောက်ကွယ်က အရသာလေးတွေကို တဖြည်းဖြည်းချင်း ဖော်ထုတ်ရင်း သုံးဆောင်သင့်တယ်လို့.........
Thank You 😊
ြောင်း
(Photo from Internet)
13/09/2021
Whisky နဲ့ Whiskey ဘာကွာသလဲ?
ကျနော်တို့တွေ သောက်နေကျ တွေ့မြင်နေကျ ဝီစကီပုလင်းတွေမှာ အင်္ဂလိပ်ဘာသာနဲ့ တစ်ချို့က Whisky လို့ရေးပြီး တစ်ချို့က Whiskey လို့ရေးထားတာ သတိထားမိကြပါလိမ့်မယ်။ အသံထွက် တူကြပေမယ့် စာလုံးပေါင်းရေးတာ ကွာခြားကြပါတယ်။
ပထမဆုံးအနေနဲ့ ပြောပြချင်တာက....
#️⃣ Scottish, Canadian, Japanese ပုလင်းတွေက Whisky လို့ရေးပါတယ်။ E မပါပဲ ရေးတာပါ 😆
#️⃣ Ireland, United States ပုလင်းတွေက Whiskey လို့ရေးပါတယ်။ E ပါပြီး ရေးတာပါ 😂
ကျနော်တို့ ပုံမှန် ဝီစကီအကြောင်း သူငယ်ချင်းတွေနဲ့ပြောတဲ့အခါ ဘာမှမသိတာ ပေမယ့်၊ ဝီစကီပုလင်းတစ်ခုကို ဘယ်နိုင်ငံကထုတ်တယ် ဘာနာမည်နဲ့ စသဖြင့် ရေးကြတဲ့အခါမှာတော့ ဂရုစိုက်စရာအချက်လေးပါပဲ။ အဓိကကွဲပြားခြားနားလာတဲ့အစကတော့ Scottish တွေနဲ့ Ireland တွေကြောင့်လို့ပဲ ပြောလို့ရပါတယ်။ ဘာသာစကားတွေကြောင့်ရယ်၊ နောက်ပိုင်းမှာ Ireland တွေက သူတို့လူမျိုးစုအနေနဲ့ ဝီစကီချက်လုပ်ရုံတွေ လုပ်လာသာကြောင့် ကွဲပြားသွားခဲ့တာပါ။
American တွေက Whiskey လို့ရေးရတဲ့ ဖြစ်နိုင်ချေ အချက်ကတော့ အဲ့ဒီခေတ်က Ireland တွေအများစုက US မှာ ဝီစကီချက် စက်ရုံတွေတည်ဆောက်လုပ်ကိုင်လာကြတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ချို့ American ပုလင်းတွေက ယနေ့ထက်ထိ Whisky ဆိုပြီးပဲ ရေးပါတယ်၊ ဥပမာ Maker's Mark လိုမျိုးပါ။ Japanese တွေအတွက် Whisky လို့ရေးတာကတော့ Japan မှာ ပထမဆုံး ဝီစကီထုတ်လုပ်တဲ့ ပညာရှင်တွေက Scotch Whisky လုပ်တဲ့ နည်းပညာတွေ လေ့လာပြီး သူတို့အတိုင်းထုတ်လုပ်ခဲ့တာကြောင့်ပါပဲ။
နောက်ထပ် ကွဲပြားခြားနားရတဲ့ အချက်က သူတို့တွေရဲ့ ဝီစကီ ချက်လုပ်ပုံနဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့်လို့ ပြောလို့ရပါတယ်။ တစ်နေရာ နဲ့ တစ်နေရာ ချက်လုပ်ပုံတွေ စည်းကမ်းတွေက မတူပါဘူး။ အဲ့ဒါတွေပေါ် မူတည်ပြီး ဝီစကီပုလင်းတွေပေါ် ရေးပုံကွာခြားတာလည်း ဖြစ်နိုင်ပါတယ်။
ဒီလောက်ဆိုရင် ကျနော်တို့ ဘာကြောင့်လဲဆိုတာ သိသင့်သလောက်တော့ သိသွားပါပြီ။
- Photo Credit :
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 07:00 - 20:00 |
| Tuesday | 07:00 - 20:00 |
| Wednesday | 07:00 - 20:00 |
| Thursday | 07:00 - 20:00 |
| Friday | 07:00 - 20:00 |
| Saturday | 07:00 - 20:00 |
| Sunday | 07:00 - 20:00 |